သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-20
Eleven Media Group ရဲ့ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရ တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူတွေထဲက ကေတီဗီဆိုင် ဝန်ထမ်း နှစ်ဦးကို မုံရွာမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေ တယ်လို့ သိရပါတယ်။
2016-12-20
လေထုညစ်ညမ်းမှု air pollution ရော အနံ့ဆိုး bad smell ပါ လူ့ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အကြောင်း၊ လေထု ထဲပါတဲ့ အမှုန်အမွှားပမာဏကို တိုင်းတာပြီး လေထု အရည်အသွေး သတ်မှတ်တဲ့အကြောင်း၊ အိမ်တွင်းနဲ့ အိမ်ပြင် ပ လေထုညစ်ညမ်းမှုရှိတဲ့အကြောင်း၊ စည်းစနစ်မဲ့ အမှိုက်ပစ်နေတဲ့အကြောင်း စတာတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-12-20
ကမ္ဘာအရပ်ရပ်မှာ ရေဒီယို၊ ရုပ်သံနဲ့ ပုံနှိပ် သတင်းမီဒီယာသင်တန်းတွေ ဖွင့်လှစ်ပို့ချနေတဲ့ အမေရိကန် အခြေစိုက် Internews က မြန်မာနိုင်ငံမှာလည်း သင်တန်းတွေပေးနေပါတယ်။
2016-12-20
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ TNLA အဖွဲ့နဲ့ RCSS / SSA အဖွဲ့တွေ ဒီနေ့ မနက်က တိုက်ပွဲ ဖြစ်ပွားခဲ့ တာကြောင့် သီပေါမြို့ပေါ်ကို ထွက်ပြေးလာ သူတွေ ရှိနေပါတယ်။
2016-12-20
လာမယ့်နှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေထဲမှာ အရင်အစိုးရအဖွဲ့မှာ တာဝန်ယူ ဆောင်ရွက် ဖူးတဲ့ ဝန်ကြီးဟောင်းတွေနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ မပါဝင်ဘဲ လစ်လပ်မဲဆန္ဒနယ်တွေက ဒေသခံတွေကို သာ ရွေးချယ်ထားတာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။
2016-12-20
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံ မြန်မာအလုပ် သမားတွေဟာ တရုတ်အလုပ်သမားတွေနဲ့တန်းတူ အခွင့်အရေး ရရှိဖို့အတွက် မနေ့က စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြပြီး ဒီနေ့ လုပ်ငန်းခွင် ဝင်ရာမှာ လက်ပတ်စိမ်းတွေပတ်ပြီး အလုပ်သမားအခွင့်အရေး အတွက် တောင်းဆိုရင်း အလုပ်လုပ်ကိုင်နေကြတယ်လို့ စက်ရုံဝန်ထမ်း ကိုတင်မျိုးထွန်းက ပြောပါတယ်။
2016-12-20
ရှမ်းပြည်မြောက်ပိုင်းက ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ မန္တလေး-မူဆယ် ကားလမ်းတလျှောက်မှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပြီး၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ ရင်ဆိုင်နေရပါတယ်။
2016-12-20
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာမှာ JC Myanmar Ministry လို့ခေါ်တဲ့အဖွဲ့က မူးယစ်ဆေးစွဲနေ သူတွေကို မူးယစ်ဆေးဖြတ်ပေးနေပါတယ်။
2016-12-20
တစ်ချိန်က နယ်မြေမအေးချမ်းခဲ့တဲ့ မွန်ပြည်နယ် ရေးမြို့နယ်က ကဗျာဝကမ်းခြေဟာ အခုဆိုရင် ပြည်တွင်းခရီးသွား ဧည့်သည်တွေ လည်ပတ်တဲ့နေရာ တစ်ခုဖြစ်လာနေပါပြီ။
2016-12-19
ရန်ကုန်မှာ ပုဂ္ဂလိကကျောင်းအတော်များများရှိပေမယ့် နိုင်ငံရေးနဲ့ ခေါင်းဆောင်မှု ဘာသာရပ်တွေကို သင်ကြားပေး တဲ့ကျောင်းတွေ နည်းနေပါတယ်။
2016-12-19
ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ခွင့် လက်မှတ်နဲ့ သွားလာနေထိုင်မှုအခွင့်အရေး အပြည့်အဝရရှိဖို့ဆိုပြီး မနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေ ချီတက် လမ်းလျှောက် တောင်းဆိုခဲ့ကြပြီး ချင်းမိုင်ခရိုင်ရုံးကို အချက် ၉ ချက်ပါတဲ့ တောင်းဆိုစာတွေ သွားရောက်ပေး ပို့ခဲ့ကြ ပါတယ်။
2016-12-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီ ယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒီကနေ့တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
2016-12-19
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံအလုပ်သမား ၇၀ ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့အတွက် လုပ်ငန်းခွင်မှာ လက်ပတ်စိမ်းတွေပတ်ပြီး တောင်းဆိုနေကြပါတယ်။
2016-12-19
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA အဖွဲ့နဲ့ RCSS / SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။
2016-12-19
Eleven Media Group ရဲ့ မုံရွာမြို့ အခြေစိုက် သတင်းထောက် ကိုစိုးမိုး ထွန်း သေဆုံးမှုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးနေတယ်လို့ မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် က ပြောပါတယ်။