သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-11
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့ နည်းဥပဒေ ပြင်ဆင်ရေးဆွဲနေတဲ့ လုပ်ငန်းစဉ်တွေကို အများပြည်သူ သိရှိအောင် ကြေညာဖို့၊ စည်ပင်ကော်မတီ ဝင်အဖြစ် ရွေးကောက်ခံတဲ့ ကိုယ်စား လှယ်တွေရဲ့ အသက်ကန့်သတ်ချက် ကို ဖြေလျော့ပေးဖို့နဲ့ မြို့တော်ဝန်ကို ပြည်သူတွေ တိုက်ရိုက်ရွေးချယ် ခွင့်ရှိဖို့တို့ကို အရပ်ဖက်အဖွဲ့အစည်း ၃၀ က ဒီနေ့ တောင်းဆိုလိုက် ပါတယ်။
2016-12-11
ရက်ပေါင်း ၂၀၀ နီးပါးကြာ သပိတ်စခန်းဖွင့် ပြီး ဆန္ဒပြခဲ့ကြတဲ့ ပန်ဒါချည်မျှင်စက်ရုံ လုပ်သား ၆၀၀ ကျော်ဟာ လာမယ့် ဒီဇင် ဘာလ ၁၃ ရက်နေ့မှာ သပိတ်စခန်းကို ရုပ်သိမ်းမှာဖြစ်ပြီး သူတို့ကို အလုပ်ရှင်က အစမ်းခန့်ကာလအဖြစ် ၃လ အလုပ်ပြန်လည်ခန့်အပ်ဖို့ ဒီနေ့ သဘောတူညီမှု ရရှိခဲ့ပါ တယ်။
2016-12-11
တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီး ချုပ်နဲ့ တနသာၤရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လေ့လာ သုံးသပ်ရေးအဖွဲ့က ဒီနေ့ ခေါ်ယူမေးမြန်း ခဲ့ပါတယ်။
2016-12-11
တရုတ် - မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး တိုက် ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်မှာ သွားရောက်ရောင်းချနေရတဲ့ သစ်သီးကုန်သည်တွေ ဟာ ကုန်သွယ်ရေးဇုန် သစ်သီးရောင်း ဝယ်ရေးကွင်းမှာ ဒီနေ့ ပြန်လည်ရောင်းချနေကြပါတယ်။
2016-12-11
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို လက်နက်စွဲကိုင်ပြီး အကောင်အထည်ဖော် လို့မရကြောင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က ပြောပါတယ်။
2016-12-10
မလေးရှားနိုင်ငံမှာရှိတဲ့ တရားမဝင်နေထိုင်သူတွေ ကို ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက် သွားပေးဖို့ မလေးရှားအစိုးရက နှစ်စဉ် ကြေညာ ချက်ထုတ်ပြန်နေကျဖြစ်ပေမယ့် ဒီလအတွင်း မှာ ကြေညာချက်မထွက်ခင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနေတဲ့အတွက် မြန်မာ အလုပ်သမားတွေ စိုးရိမ်နေကြပါတယ်။
2016-12-10
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က စနေနေ့ မနက်စောစောမှာ ရခိုင်ပြည်နယ်ကနေ သူတို့နိုင်ငံ ဘက်ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ လှေ ၁၁ စင်းကို နတ်မြစ်အတွင်းမှာ ရပ်တန့်ပြီး မြန်မာပိုင်နက် ကို ပြန်လည်မောင်းထုတ်လိုက်တယ်လို့ ကော့ဇက် ဘဇား ဒေသကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
2016-12-10
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာနဲ့ ပန်ချဉ်ကျေးရွာတဝိုက် မှာအစိုးရတပ်မတော်နဲ့ တအာင်း လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားသွား လာနေတဲ့အတွက် ဒေသခံ ၄၀၀ ဝန်းကျင်ဟာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာနဲ့ လားရှိုးမြို့ပေါ်တွေကို ဒီနေ့ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
2016-12-10
၆၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ညီမျှခြင်းမြန်မာက ဦးဆောင်ပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-12-10
လွန်ခဲ့တဲ့ ၂၅ နှစ် ၁၉၉၁ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နို ဘယ်လ်ဆုရရှိတဲ့အတွက် ထောက်ခံဆန္ဒပြ ကြတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ ၂၅ နှစ်ပြည့် တွေ့ဆုံပွဲ ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-12-10
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအနီးက မြေယာလျော်ကြေး မယူထားသူတွေကို မြေတစ်ဧက ကျပ် ၂၈ သိန်းနှုန်း နဲ့ ပေးလျော်တာကို လက်ခံဖို့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင် ကုမ္ပဏီက ကမ်းလှမ်းပေမယ့် ဒေသခံတောင်သူတွေ က ငြင်းဆန်လိုက်ပါတယ်။
2016-12-10
ဗြိတိန်နိုင်ငံ Daily Mail ဒေလီးမေးလ် သတင်းဌာနက မြန်မာပြည်မှာဖြစ်ပွားခဲ့တယ်လို့ မှားယွင်း ဖေါ်ပြခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံက ကလေးငယ် ကျဉ်စက်တို့ခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းတပုဒ် ဖနွမ်းပင်မြို့က ဒီကနေ့ ရရှိခဲ့ပါတယ်။
2016-12-10
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းလာတဲ့ ၂၀၁၇-၁၈ ဘဏ္ဍာငွေ ရသုံးမှန်းခြေစာရင်းမှာပါတဲ့ ဌာနဆိုင်ရာရုံးတွေတည်ဆောက်ဖို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအတွက် မော်တော်ယာဉ်တွေ ဝယ်ယူဖို့ စတဲ့ ကဏ္ဍတွေအတွက် ထည့်သွင်းရေးဆွဲထားတဲ့ ကျပ်သိန်းပေါင်း သောင်းနဲ့ချီနေတဲ့ ဘတ်ဂျတ်ငွေတွေကို တိုင်းလွှတ်တော်က ဖြတ်တောက်လိုက်ပါတယ်။
2016-12-10
လာမယ့် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရနိုင်ဖို့အတွက် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ဖွဲ့ထားတာကို ရပ်စဲလိုက်ပါတယ်။
2016-12-10
UK နိုင်ငံအခြေစိုက် Daily Mail သတင်းဌာနက မြန်မာ့တပ်မတော်သားတွေဟာ ကလေးငယ်တစ်ဦး ကို နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုတဲ့ သတင်းကို မှားယွင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရဖြစ်စေ၊ နိုင်ငံတကာ စာနယ်ဇင်းလုပ်ထုံးလုပ်နည်းတွေအရဖြစ်စေ မြန်မာအစိုးရဘက်က တုံ့ပြန်လုပ်ဆောင်သွား မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။