သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-10
ရှမ်းပြည်နယ်လွှတ်တော်အနေနဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာဟာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုအလှမ်းဝေးသွားစေနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
2016-12-10
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်း လျာထားချက်မှာ လူကူး ကုံးကျော်တံတား ၈ စင်းရှိပြီး တံတားတစ်စင်းကို ကျပ်သန်းတစ်ထောင် တင်ပြ တောင်းခံထားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ က ဝေဖန်နေကြပါတယ်။
2016-12-10
ရန်ကုန်မြို့တွင်း လမ်းမတော်၊ လသာ၊ ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေက လမ်းဘေးဈေးသည် ၂၀၀နီးပါဟာ လမ်းဘေးပလောင်ဖေါင်းတွေပေါ်မှာ ဈေးရောင်းခွင့်ပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။
2016-12-09
မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို လူသားချင်းစာနာမှု အကူအညီတွေ ကန့်သတ်တားဆီးမှုမရှိပဲ သွားရောက် ကူညီခွင့်ပေးဖို့ မနေ့က တိုက်တွန်းလိုက် ပါတယ်။
2016-12-09
သတ္တုတွင်းလုပ်ငန်းတွေဟာ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမူကိုဖြစ်စေတတ်ပေမယ့် စနစ်တကျ စီမံဆောင်ရွက်ရင် သဘာဝပတ်ကျင်ပျက်ယွင်းမူကို အနည်းဆုံးဖြစ်စေပါတယ်လို့ ကျွမ်းကျင်ပညာ ရှင်တွေက ပြောပါတယ်။
2016-12-09
မြန်မာနိုင်ငံမှာ လက်ရှိ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနေတာကြောင့် အခြေခံလူတန်းစားတွေ စားဝတ်နေရေးပြဿနာတွေ ရင်ဆိုင်နေရတဲ့အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-12-09
မြန်မာနိုင်ငံပညာရေးမှာ စာမေးပွဲကိုအခြေခံတဲ့စနစ်၊ တက္ကသိုလ်ဝင်တန်းရမှတ်ပေါ်မူတည်ပြီး ဘာသာရပ်ရွေးချယ်ရတဲ့ စနစ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေကို RFA အဖွဲ့သူ မခက်မာစုစည်းတင်ပြထားပါတယ်။
2016-12-09
မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့့်မှန်းခြေ လျာထားချက်စာရင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က သုံးစွဲဖို့တောင်း ဆိုထားတဲ့ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို လွှတ်တော် က ဖြတ်တောက်လိုက်ပြီး ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဒီနေ့ အတည်ပြုပေးခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။
2016-12-09
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့က စိတ်ဒဏ်ရာ ရရှိသူတွေကို ပြန်လည်ကုစားရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဒီနေ့မနက်မှာ ဆွေးနွေးကြပါတယ်။
2016-12-09
မနှစ်က ရေကြီးနစ်မြုပ်ခဲ့တဲ့ ကလေးမြို့က လယ်ယာမြေတွေကို မျှဝေခြင်း အစီအစဉ် ကနေ ကူညီပေးသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ က ပြောပါတယ်။
2016-12-09
မွန်ပြည်နယ်လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တိုင်းရင်းသားစာပေ ဖွံ့ဖြိုးရေးဆိုင်ရာ အချက် ၁၁ချက်ကို ဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့ အဆိုအောင်မြင်ထားပေမယ့် ပြည်နယ်လူမှုရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ပြည်နယ်လွှတ်တော်ရဲ့ တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကေ်ာမတီဥက္ကဌက ဝေဖန်လိုက်ပါတယ်။
2016-12-09
လာမယ့် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည် နယ်အတွင်းက မြို့နယ်တိုင်းမှာ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ပြုထားတာကို စည်းလုံးညီ ညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)ဘက်က ရပ်စဲလိုက်ပါတယ်။
2016-12-09
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ Eleven မီဒီယာ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ အတွက် ဒုတိယအကြိမ် အာမခံ လျှောက်ထားခဲ့ပါတယ်။
2016-12-09
UK နိုင်ငံအခြေစိုက် Daily Mail သတင်း ဌာနက မြန်မာ့တပ်မတော်သားတွေဟာ ကလေးငယ်တစ်ဦးကို နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုပြီး ဓါတ်ပုံနဲ့ မှားယွင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရဖြစ်စေ၊ နိုင်ငံတကာစာနယ်ဇင်း လုပ်ထုံးလုပ်နည်းတွေ အရဖြစ်စေ မြန်မာအစိုးရဘက်က တုန့်ပြန်တာလုပ်ဆောင် သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထား ပါတယ်။
2016-12-09
သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ရေးနဲ့ ကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ် ဒဏ်တွေ ချမှတ်ပေးဖို့ မွန်ပြည်နယ် အရပ်ဘက်လူမှု အဖွဲ့အစည်းကွန်ရက်ဦးစီးပြီး ဒီနေ့မနက်ပိုင်းက မော်လမြိုင် မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။