သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-09
အစိုးရနဲ့ တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ယေဘုယျ ဆန်ဆန် ပြောဆိုဆွေးနွေးမှုတွေကို ရှောင်ရှားပြီး နိုင်ငံရေးအာမခံချက်သဘောမျိုး ဘယ်လိုအချက်တွေကို ပေးနိုင်မယ် ဆိုတာကို တိတိကျကျချပြနိုင်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ် စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးနိုင်မယ်လို့ ယုံကြည်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြော ပါတယ်။
2016-12-09
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘူးသီးတောင် နဲ့ မောင်တောကို သွားရောက်ပြီး အရပ်သားတွေရဲ့ လုံခြုံမှုကို အကာအကွယ်ပေးနိုင်အောင် ဆောင် ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား Vijay Nambiar က မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2016-12-09
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က အမှုကို မမှန် မကန်စစ်ဆေးတာ၊ လိုင်းကြေးတောင်းတာ၊ အမှု ဆင်ဖမ်းတာနဲ့ တရားခံကို မဖမ်းတာတွေကြောင့် တိုင်ကြားခံရတဲ့ ရဲမှူးအဆင့်ကနေ ရဲဘော်အဆင့် အထိ ဝန်ထမ်း ၂၀၀ ကျော်ကို ရဲစည်းကမ်းဖောက် ဖျက်မှုနဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ထွန်းမင်းက ပြော ပါတယ်။
2016-12-09
ရန်ကုန်မြို့ ကမ်းနားလမ်းမှာ ကုန်သေတ္တာတင်ယာဉ်တွေကြောင့် ဒီကနေ့မနက်က ၆ နာရီလောက်ကြာအောင် ယာဉ်ကြောပိတ်ဆို့ခဲ့ပါတယ်။ ယာဉ်မောင်းတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းလို့ အခုလို ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရာတာလို့ လမ်းရှင်းရာမှာ ပါဝင်တဲ့ အလုံမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး နိုင်အောင်စိုးက ပြောပါတယ်။
2016-12-09
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တိုင်းရင်းသား မျိုးနွယ်တွေရဲ့ ဘဝလုံခြုံရေးအတွက် ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆို ကို မေးခွန်းအဖြစ်ပြောင်းမေးဖို့ အမျိုးသား လွှတ်တော် ဥက္ကဌက ပြောခဲ့တယ်ဆိုပြီး အဆိုရှင် လွှတ်တော်ကိုယ်စားလှယ်က မီဒီယာတွေ ကို ဖြေကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ဒီဇင်ဘာလ (၈) ရက်နေ့ ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းခဲ့ပါတယ်။
2016-12-09
မလေးရှားနိုင်ငံကို မြန်မာအလုပ်သမား တရားဝင်သွားရောက် အလုပ်လုပ်ခွင့်ကို ယာယီရပ်ဆိုင်းထားဖို့ အစိုးရက ထုတ်ပြန်ကြေညာထားတဲ့ အတွက် အလုပ်သမားတွေ ပို့ပေးနေတဲ့ အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတွေအတွက် အခက်အခဲဖြစ်လာသလို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူတွေမှာလည်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
2016-12-09
ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ စီမံချက်အရ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်းမှာ ကွန်တိန်နာ ကုန်တင်ယာဉ်တွေကို ည ၉ နာရီကနေ မနက် ၆ နာရီအတွင်းသာ မောင်းနှင်ခွင့်ပြုဖို့ သတ်မှတ်လိုက်ပါတယ်။
2016-12-09
မန္တလေးတိုင်းဒေသကြီးရဲ့ ၂၀၁၇-၂၀၁၈ ရသုံးမှန်းခြေငွေစာရင်းမှာ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုအခြေခံ ရေးဆွဲထားခြင်းမရှိဘူးလို့ ဒီကနေ့ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌနဲ့ ကိုယ်စားလှယ်တွေက ဝေဖန်ကြပါတယ်။
2016-12-08
မကွေးမြို့နယ် သရက်လေးပင်ရွာမှာ အိမ်ရှင်တစ်ဦးက ကျေးရွာလမ်းကို ပိတ်ဆို့ထားတာကို ဖွင့်ခိုင်းရာမှာ အိမ်ရှင်ကို ငွေ ၁၅ သိန်းပေးလျော်ရ မယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ခဲ့တဲ့အပေါ် မကျေနပ်တဲ့ ရွာသားတွေက မကွေးမြို့ပေါ်မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2016-12-08
မြန်မာနိုင်ငံမြောက်ပိုင်းကနေ တရုတ် ပညာရှင်တစ်ဦး ပြီးခဲ့တဲ့နှစ်က ဝယ်ယူခဲ့တဲ့ ပယင်းကျောက်တစ်ခုအတွင်းက ရုပ်ကြွင်းဟာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၉၉ သန်းခန့်က ရှင်သန်ခဲ့တဲ့ ဒိုင်နိုဆော သတ္တဝါငယ်တစ်ကောင်ရဲ့ အမြီးဖြစ်တယ်လို့ ဒီကနေ့ ထုတ်ဝေတဲ့ Current Biology မျက်မှောက် ဇီဝဗေဒ ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။
2016-12-08
မြန်မာနိုင်ငံနယ်စပ်အနီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာ မြန်မာပြည် ကိုးကန့်ဒေသက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးတွေ အတွက် ဖွင့်ထားတဲ့ စေတနာ့ မူလတန်းကျောင်းတစ်ခုကို သက်ဆိုင်ရာတရုတ်အာဏာပိုင်တွေက ဥပဒေနဲ့ မကိုက် ညီတဲ့အတွက် ဖျက်သိမ်းလိုက်တယ်လို့ Global Times သတင်းစာက ကြာသပတေးနေ့မှာ ဖေါ်ပြလိုက်ပါတယ်။
2016-12-08
မလေးရှားကာကွယ်ရေးဝန်ကြီး Zulkifeli Mohd Zin ဇူကီးဖယ်လီ မို့ဒ် ဇင် က IS ခေါ် အစ္စလာမ်အကြမ်းဖက်အဖွဲ့ဟာ မြန်မာပြည် က ရိုဟင်ဂျာပြဿနာကို ခုတုံးလုပ်အမြတ်ထုတ်ပြီး အရှေ့တောင်အာရှမှာ သူတို့အဖွဲ့ရဲ့ သြဇာလွမ်းမိုးမှုကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်တယ်လို့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကို ပြောကြားခဲ့ကြောင်း ကွာလာလမ်ပူ က ကြာသပတေးနေ့ ရရှိတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။
2016-12-08
မလေးရှား ပြည်သူ့အင်အားဝန်ကြီး Detuk Seri Richard ဒါတွတ် ဆရီ ရစ်ချပ် က မြန်မာအစိုးရ အနေနဲ့ သူတို့အလုပ်သမားတွေကို ပြန်ခေါ် မယ်ဆိုရင်လည်း မလေးရှားနိုင်ငံရဲ့ အကျိုးစီးပွားကို တစ်စုံ တရာထိခိုက်မှာ မဟုတ်ပါဘူးလို့ မနေ့က ပြောကြားလိုက် ပါတယ်။
2016-12-08
အန်အယ်လ်ဒီအစိုးရသစ်လက်ထက် လယ်ယာလုပ်ငန်း မြှင့်တင်အကောင်အထည်ဖော်ရေး ဆိုင်ရာ ပေါ်လစီမူဝါဒသစ်နဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-12-08
Multi Level Marketing လို့ခေါ်တဲ့ ဆင့်ပွားအရောင်းလုပ်ငန်းတွေအတွက် သီသန့်ဥပဒေ ပြဌာန်းထားတာမရှိပေမယ့် စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်ပေါ်မူတည်ပြီး တည်ဆဲ ဥပဒေတွေဖြစ်တဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရ အရေးယူသွားမှာဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်မှာ ပြော ဆိုလိုက်ပါတယ်။