သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-22
နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တဲ့ အင်းစိန် စက်မှုလက်မှုသိပ္ပံ- GTI ကျောင်းကို မကြာခင် ပြန်ပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ အင်းစိန် GTI ကျောင်း ပြန်ဖွင့်နိုင်ဖို့အတွက် ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဆိုတာနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2016-01-22
ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ အထပ်မြင့် အဆောက်အ ဦးတွေ ဆောက်လုပ်နေတာနဲ့ ပတ်သက်ပြီး "ရန်ကုန်မြို့တော် စည်ပင်သာယာရေး" ကော်မတီဝင် ဇောတိကဦးခင်လှိုင်က သူ့ရဲ့ရုံးခန်းမှာ ဇန်နဝါရီလ ၂၂ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-01-22
ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက် အအုံတွေ ဆောက်လုပ်နေတာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆောက် လုပ်နေကြတာဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီက ကန့်သတ်ပိုင်ခွင့်မရှိကြောင်း စည်ပင်ကော်မတီအဖွဲ့ဝင် ဦးခင်လှိုင်က ပြောကြား လိုက်ပါတယ်။
2016-01-22
Washington DC မြို့ကြီးကို ဦးတည်ပြီး ဧရာမ ဆီးနှင်းမုန်တိုင်းကြီး ကျရောက်နေ ပြီး ရုံးတွေ ကျောင်းတွေ ပိတ်ထားရပါတယ်။
2016-01-22
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ၄ မိုင်ကျေးရွာအနီးမှာ အနယ်နယ်အရပ်ရပ် ကနေ တရားမဝင် တပိုင်တနိုင်ကျောက်တူးဖော်နေသူ တစ်ထောင်ဝန်းကျင် ရှိနေတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး က ဒီလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
2016-01-22
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စက်ရုံစု အမှတ် (၃) ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေကို မင်းဂံရပ်ကွက် အကွက် ၁ဝ မှာရှိတဲ့ လုံးချင်းနေအိမ်တွေဆီ ပြည်နယ်အစိုးရက ဒီနေ့ ပြောင်းရွှေ့နေရာချထားပေးလိုက်ပါတယ်။
2016-01-22
တပ်မတော်ဆရာဝန်တွေကို အရပ်ဘက် ပြောင်းရွေ့ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့စာနဲ့ ပတ်သက်ပြီး ဖဲကြိုးနက် ဆရာဝန်များလှုပ်ရှားမှုအဖွဲ့က ကန့်ကွက်လိုက် ပါတယ်။
2016-01-22
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကချင် အထူးဒေသ(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စခုန်တိန့်ယိန်း ရဲ့ နယ်မြေအတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်းဧကပေါင်း ၂၀၀၀ လောက်ကို ဒေသခံ တစ်ထောင်ကျော်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ ဝင်တွေက မနက်ဖြန် မှာ သွားရောက်ဖျက်စီးကြမယ်လို့ သိရပါတယ်။
2016-01-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မူဝါဒတွေ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်မှာသာ ပြောရေးဆိုခွင့်ရှိကြောင်း ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2016-01-22
နိုင်ငံတော်သမ္မတအမိန့်နဲ့ အကျဉ်းထောင် အသီသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁၀၁ ဦးရှိပြီး အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၂ ယောက်ပါရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြော ပါတယ်။
2016-01-22
ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတောင်ရိုး က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ဒီနေ့ကနေ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
2016-01-22
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ဖိနပ်နဲ့ နင်းထားတဲ့ပုံ ဖေ့ဘွတ်စ်စာမျက်နှာမှာ ဖြန့်ဝေခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ အမှုရင်ဆိုင်နေရတဲ့ ကချင်အမျိုးသား ဦးခွန်ဂျာလီကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။
2016-01-22
အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် NLD ပါတီရဲ့ အမည်စာရင်းတင်သွင်းခံထားရသူလို့ နာမည်ထွက်နေတဲ့ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်ရဲ့မြေးဖြစ်သူ ဦးမန်းဝင်းခိုင်သန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-01-22
ရခိုင်ပြည်နယ်မှာ ပြည်နယ်စိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး NLD ပါတီအနေနဲ့ ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ANP ရခိုင်အမျိုးသားပါတီဥက္ကဌက ပြောပါတယ်။
2016-01-22
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပုက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။