သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-15
ဆရာကြီး အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ သီချင်းစာသား "တူးပို့" အမည်ကို Carlsberg ဘီယာကုမ္ပဏီရဲ့ မြန်မာနိုင်ငံမှာ ရောင်းနေတဲ့ ဘီယာပုလင်းတွေမှာ အသုံးပြုနေတာကို ပယ်ဖျက်ပေးဖို့ အတွက် ဆရာကြီးမြို့မငြိမ်းရဲ့ မိသားစုဝင်တွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2016-01-15
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရ တပ်မတော်၊ ဌာနေပြည်သူ့စစ်၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထားတဲ့ လယ်ယာမြေဧက တစ်သောင်းခွဲနီးပါးရှိကြောင်း ပြည်နယ် အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေက ပါတီဗဟိုထံ တင်ပြထားတယ်လို့ သိရပါတယ်။
2016-01-15
ကယားပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးအတွက် မကြာမီတာဝန်ယူမယ့် အစိုးရသစ်အဖွဲ့ နဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ လက်ရှိ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2016-01-15
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၁၂ဦးကို ပါတီဝင် အဖြစ်ကနေ ဖယ်ရှားလိုက်တယ်လို့ အခုရက်ပိုင်း အတွင်း သတင်းတွေထွက်ပေါ်နေပြီး၊ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဇေကမ္ဘာဦးခင်ရွှေ ကတော့ ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီကနေ သူ့ကိုထုတ်ပယ်လိုက်ကြောင်း သတင်းတွေထွက်ပေါ်နေပေမယ့် တရားဝင်အကြောင်းကြားစာ မရောက်ရှိသေးကြောင်း ဒီနေ့ ပြောပါတယ်။
2016-01-15
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဖွဲ့စည်းပုံပြင် ဆင်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာကို ဒီကနေ့ ၃ ရက်မြောက်နေ့မှာ ဆွေးနွေး ခဲ့ကြပါတယ်။
2016-01-15
နေပြည်တော် က လမ်းတွေမှာ လျှပ်စစ်မီးထွန်းဖို့ အတွက် စည်ပင်သာယာအဖွဲ့က လာမယ့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ်သန်းတစ်ထောင်နီးပါး သုံးစွဲဖို့ လွှတ်တော်ကို တင်ပြထားတာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ထက်ဝက်လျော့ချပြီး လျှပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာတွေ မီးလင်းရေးအတွက် အသုံးပြုသင့်တယ်လို့ မနေ့က ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2016-01-15
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အသုံးစရိတ်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေက တင်ပြတောင်းခံရာ လွှတ်တော်ကိုယ်စားလှယ်တချို့က အသုံးစရိတ်တွေ လျှော့ချဖို့အတွက် မနေ့က ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
2016-01-15
ဖေဖော်ဝါရီလ ၁ ၇က်နေ့မှာ ကျင်းပမယ့် လွှတ်တော်ထဲမှာ ၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေ ဝင်ရောက်ဆွေးနွေးငြင်းခုန်နေကြမယ့်အချိန်မှာ လွှတ်တော်ကိုစွန့်ခွာကြရမယ့် လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေ ဘာဆက်လုပ်ကြမလဲ။
2016-01-14
တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့နယ်တွေမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-01-14
ရာသီဥတု ပြောင်းလဲလာမှုကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက ကြီးမှူးပြီး ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
2016-01-14
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအဖွဲ့ရဲ့ အသုံးစရိတ်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက တင်ပြတောင်းခံရာမှာ အသုံးစရိတ်တွေ လျှော့ချဖို့ လွှတ်တော်ကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့ပါတယ်။
2016-01-14
ဇန်နဝါရီလ ၁၄ ရက်နေ့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယနေ့မှာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
2016-01-14
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2016-01-14
ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင် စီ UNFC အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မတက်ရောက်ရတာဟာ ဒီညီလာခံဟာ အနှစ်သာရမရှိတဲ့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကတစ်ဆင့် ပေါ်ပေါက် လာတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
2016-01-14
မြန်မာနိုင်ငံမှာ သစ်သားအချောထည်တွေ ထုတ်လုပ်တဲ့ စက်မှုဇုန်တစ်ခု တည်ဆောက်ခွင့်ပြုဖို့ တရုတ်အစိုးရ အဆိုပြုတာကို ငြင်းပယ်ခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။