သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-14
၅ ရက်ကြာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယနေ့ကို နေပြည်တော်မှာ ဒီနေ့ ကျင်းပနေပါတယ်။ အဲ့ဒီညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးနေတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2016-01-13
ရခိုင်ပြည်နယ်မှာ အစိုးရနဲ့ ရခိုင့်တပ်မတော်အကြား တိုက်ပွဲတွေရပ်တန့်ရေးအတွက် ကျောက်တော်မြို့ မှာ ဒေသခံတချို့ ဆန္ဒပြခဲ့ကြပါတယ်။
2016-01-13
နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ကိုယ်စားလှယ် ၄ ဦး ဆွေးနွေးခဲ့ပါတယ်။
2016-01-13
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်း ကျေးရွာအုပ်စုထဲမှာရှိတဲ့ မင်းတည်းကျေးရွာကို လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့ နောက်ဆံးထားပြီး အပြီးအပိုင် ဖယ်ရှားပေးဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာနေဒေသခံတွေကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။
2016-01-13
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဆဒုံးနဲ့ ကန်ပိုက်တီး ဒေသတဝိုက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးခဲ့ပါတယ်။
2016-01-13
ငါးရက်ကြာပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့ ကို နေပြည်တော်မှာ ဒီနေ့ ကျင်းပနေပါတယ်။ ဒီညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးနေတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် က တွေ့ဆုံမေးမြန်း ထားပါတယ်။
2016-01-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိကျင်းပနေ တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အသိ အမှတ်ပြုတဲ့ ညီလာခံမျှသာ ဖြစ်တယ်လို့ ပြောကြားလိုက် ပါတယ်။
2016-01-13
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ မြဲမြံအောင်၊ စံသမာဓိနဲ့ ဓမ္မပါလ စတဲ့ရပ်ကွက်တွေက မြေဧက ၅၀၀ကျော် မှာ ဆောက်လုပ်ထားတဲ့ အိမ်ခြေ နှစ်ထောင်ကျော်ကို ၆ ရက် အတွင်း ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ညွှန်ကြားချက် ထုတ်ထားတယ်လို့ သိရပါတယ်။
2016-01-13
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော် တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ သံဃာတော်တွေနဲ့ ဒေသခံ ၄၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-01-13
ရန်ကုန်မြို့မှာ မနေ့ညတုန်းက ပြင်းအား ရစ်ချ်တာစကေး ၄.၈ အဆင့်နဲ့ လှုတ်ခတ် ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ဆက်စပ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2016-01-13
နေပြည်တော်မှာ ၅ ရက်ကြာကျင်းပ မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့ကို မြန်မာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ဆက်လက်ကျင်းပပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒရေးရာကိစ္စတွေကို အစုအဖွဲ့ခွဲပြီး ဆွေးနွေးကြပါတယ်။
2016-01-13
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးမှာ ကျောက်တွင်းလုပ်ငန်း လုပ်နေတဲ့ ရာဇဌာနေကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျတာကြောင့် လူဦးရေ ၄၀ လောက် ပျောက် ဆုံးနေတယ်လို့ သိရပါတယ်။
2016-01-13
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အဖွင့်မိန့်ခွန်းတက်ရောက်ပြောကြားခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူတူးစေးဖိုး ဟာ ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်ကို ဒီကနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2016-01-12
မြန်မာ့ကာတွန်း နှစ်တရာပြည့် သက်တမ်း မှာ မြန်မာကာတွန်းဆရာတွေရဲ့ နိုင်ငံရေး လူမှုရေးအမြင်တွေနဲ့ ကာတွန်းတွေကို လူထုက ပြန်လည် စိတ်ဝင်စားလာ တာ တွေ့ရပါတယ်။
2016-01-12
ရခိုင်ပြည်နယ် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်က ကျူးကျော်တဲအိမ်ပေါင်း ၇ဝ ကျော်ကို ၇ ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဇန်နဝါရီလ ၁၂ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။