သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-12
လက်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးဥပဒေတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၂၃ ခု ဆွေးနွေးဖို့ ကျန်နေပါတယ်။
2016-01-12
ရန်ကုန်မြို့ ကမ်းနားလမ်းတလျှောက်၊ ဝါးတန်းဘူတာကနေ လင်းစဒေါင်းထိ ဇန်နဝါရီလ ၁ဝ ရက်နေ့က စတင်ပြီး လျှပ်စစ်ရထား ပြေးဆွဲနေပါတယ်။ လျှပ်စစ်ရထားစီးပြီး နေ့စဉ်သွားလာကြသူတွေ နည်းနေသေးတယ်လို့ သိရပါတယ်။
2016-01-12
ဇန်နဝါရီလ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ ငါးရက်ကြာကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်က မြန်မာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
2016-01-12
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့် ရဲ့ ရွေးကောက် ပွဲအောင်နိုင်ရေး ကိုယ်စားလှယ် ဦးမျိုးချစ်က မဲရုံမှူး ဒေါ်မြမြအေးကို တရားစွဲထားတဲ့အမှုကို ပြန်ရုပ်သိမ်း ပြီးတောင်းပန်ဖို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလိုက်ပါတယ်။
2016-01-12
မြန်မာကာတွန်းနှစ် ၁ဝဝပြည့်သက်တမ်းမှာ မြန်မာ ကာတွန်းဆရာတွေရဲ့ နိုင်ငံရေး လူမှုရေးအမြင်တွေနဲ့ ကာတွန်းတွေကို လူထုက ပြန်လည် စိတ်ဝင်စားလာ တာတွေ့ရပါတယ်။
2016-01-12
အစိုးရသစ်လက်ထက်မှာ အနုပညာလွတ်လပ်ခွင့်ကို အစိုးရကတာဝန်တစ်ခုယူပြီး ကာကွယ်ပေးစေချင် တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကာတွန်း တစ်ကွက်ကြောင့် ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သွားခဲ့ ရတဲ့ ကာတွန်းဆရာ မောင်မောင်ဖောင်တိန် က ပြောပါတယ်။
2016-01-12
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေ တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်နေသူတချိုရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-01-12
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ကျေးရွာ ၁၅ ရွာ မှာ နိုင်ငံ သားမဖြစ်သေးတဲ့ ဝှိုက်ကဒ်ကိုင်ဆောင်ထားသူတွေကို မဲပေး ခွင့်ပြုခဲ့တယ်ဆိုပြီး တိုင်ကြားထားတဲ့အတွက် ပြည် နယ်ရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးပြီး တေ့ွရှိ ချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မနေ့က တင်ပြလိုက်ပါတယ်။
2016-01-12
သာယာဝတီအကျဉ်းထောင်ကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသ မှုခံယူနေတဲ့ ဗကသအဖွဲ့ချုပ် အတွင်းရေးမှူး ကိုမင်းသွေးသစ် ကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက လမ်းမတော်နဲ့ ကမာရွတ်မြို့နယ်တွေမှာ အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြခဲ့တဲ့အတွက် အဲဒီမြို့နယ်ရဲစခန်းတွေက တရားမဝင် စီတန်း လှည့်လည်မှု၊ ပိုင်နက် ကျူးလွန်မှုတို့နဲ့ တရားစွဲဆို လိုက်ပါတယ်။
2016-01-12
ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို ကူညီ ဖို့ မြန်မာ အစိုးရက စေလွှတ်လိုက်တဲ့ တရားရေးဆိုင်ရာ ကျွမ်းကျင်သူ အထူးကိုယ်စားလှယ် ၃ ဦး ဟာ မနေ့က ထိုင်းနိုင်ငံကိုရောက်ရှိပြီး ထိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2016-01-12
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ ကုမ္ပဏီ တစ်ခုချင်းစီရဲ့ ကျောက်စိမ်းတူးဖော်ရေး ယာဉ်ယန္တရားတွေကို စစ်ဆေးဖို့နဲ့ မှတ်ပုံတင်ဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဟာ ဒီရက်ပိုင်းအတွင်း ဖားကန့်ဒေသကို သွားရောက်မှာဖြစ်ပါတယ်။
2016-01-12
ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်း ရုံးရာမှာ အသုံးပြုခဲ့တဲ့ ကုန်ကျစရိတ်တွေ ကို ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံ တင်သွင်းဖို့ ပျက်ကွက်သူ ၁၇၀ ကျော်ရှိပြီး အဲဒီကိုယ်စား လှယ်လောင်းတွေကို ခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။
2016-01-12
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံံကို စတင်ခေါ်ယူကျင်းပရခြင်းဟာ လက်ရှိအစိုးရအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမယ့် အစိုးရသစ်ထံ တာဝန်လွဲှပြောင်းပေးရမယ့် ကိစ္စတွေထဲက အထူးအရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
2016-01-12
ပြည်သူပြည်သား၊ တိုင်းရင်းသားများက ပေးထားတဲ့ လုပ်ပိုင်ခွင့်အပေါ် အခြေခံပြီး ထာဝရငြိမ်းချမ်းရေး ရယူရမယ့် တာဝန်ကိုထမ်းဆောင်ဖို့အဆင်သင့် ရှိကြောင်းနဲ့ အားလုံးက ပူးပေါင်းပါဝင် ကူညီကြမယ် လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2016-01-12
မြန်မာနိုင်ငံက တွင်းထွက်သယံဇာတ တူးဖော် လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အတွက် ဖွဲ့စည်းထားတဲ့ EITI အဖွဲ့ရဲ့ အစီရင်ခံစာကို ဇန်နဝါရီလ ၂ရက်နေ့က ထုတ်ပြန်ခဲ့တာ မှာ ကျောက်စိမ်းတွင်းဒေသနဲ့ ပတ်သက်ပြီး ပါဝင်ပါတယ်။