သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-04
ဒုတိယကမ္ဘာစစ်အတွင်း ချွေးတပ် သားပေါင်း သိန်းဂဏန်းနီးပါး အသက် စတေးပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ သံဖြူဇရပ်အထိ ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် မီးရထား လမ်းပြတိုက်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ ဒီနေ့ ဖွင့်လှစ် လိုက်ပါတယ်။
2016-01-04
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ် မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ် KIA တပ်ဖွဲ့တွေက တပ်သားသစ်တွေ စုဆောင်းဖို့ ဒေသ ခံတွေကို ဖမ်းဆီးတယ်ဆိုတာ မဟုတ်မှန်ကြောင်း KIO အဖွဲ့က RFA ကိုပြောပါတယ်။
2016-01-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပပြီး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမရသေး တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် အားလုံးပါ ဝင်လာနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဒေါ်အောင် ဆန်းစုကြည်က လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ပြော ပါတယ်။
2016-01-04
ဒီဇင်ဘာ ၂၅ ရက်နေ့-ဟာ ခရစ်ယာန် သာသနာကို ထူထောင်ခဲ့ တဲ့ ယေရှုခရစ်တော် မွေးဖွားတဲ့နေ့ ဖြစ်ပါတယ်။
2016-01-04
ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးနဲ့ လွတ်လပ်ရေး ဗိသုကာဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ နှစ် ၁ဝဝ ပြည့်နှစ်ဖြစ်သလို၊ မြန်မာ့နိုင်ငံရေးမှာ နှစ်ပေါင်း ၃ဝ နီးပါး ဒီမိုကရေစီအရေးအတွက် ဦးဆောင် ပါဝင်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရ ခဲ့တဲ့နှစ်လည်း ဖြစ်ပါတယ်။
2016-01-04
ပုဂံမြို့မှာ မကြာသေးခင်ကမှ ထွန်းကားလာတဲ့ သဲပန်းချီရေးဆွဲတဲ့ အနုပညာဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆွဲဆောင်မှုတခု ဖြစ်လာပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။
2016-01-04
မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးဆုံး ခံစားရမယ့် နိုင်ငံတွေစာရင်းထဲမှာ ပါဝင်နေကြောင်း မကြာသေးခင်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ ညီလာခံကနေ ထုတ်ဖော်ကြေညာခဲ့ပါတယ်။
2016-01-03
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲသူ ဦးရေ ၂၆ သန်းကျော်အထိ ရှိလာနေပြီ လို့ လေ့လာသူတွေက ပြောပါတယ်။
2016-01-03
ရခိုင်ပြည်နယ် အတွင်းက ဒေသတချို့မှာ မိရိုးဖလာ နတ်ကိုးကွယ် ယုံကြည်မှု ဟာ ရှေးရာစုနှစ်ပေါင်း များစွာကတည်းက ဒီနေ့အထိ ရှိနေဆဲဖြစ်ပါ တယ်။
2016-01-03
မြန်မာနိုင်ငံမှာ Drones လို့ခေါ်တဲ့ အဝေးထိန်း လေယာဉ်ငယ်လေးတွေ တည်ဆောက်နိုင်တဲ့ လူငယ်တွေ ရှိနေပြီဖြစ်ပါတယ်။
2016-01-03
ကယားပြည်နယ် ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း က မော်ချီးဒေသမှာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့က မြေပြိုခဲ့တာကြောင့် ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတချို့ အခုချိန်ထိ ပြန်မဖွင့်သေးတဲ့အတွက် ကလေးငယ်တွေ ပညာဆက်သင်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။
2016-01-03
မန္တလေးတိုင်း ပြင်ဦးလွင်မြို့က အမျိုးသား ကန်တော်ကြီးဥယျာဉ် မှာ နှစ်စဉ်ကျင်းပတဲ့ ဒီဇင်ဘာပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျင်းပနေပါတယ်။
2016-01-03
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ မြန်မာနိုင်ငံမှာ အစိုးရသစ်ပြောင်းလဲပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာဖို့နဲ့ အချိန်ပိုင်းအလုပ်တွေရှိလာဖို့အတွက် လူငယ်တွေနဲ့ အိမ်ရှင်မတွေကြားထဲမှာ မျှော်လင့်ချက်တွေ ကြီးမားနေပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
2016-01-03
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ အကောင်အထည်ဖော်မယ့် စက်မှုဇုန်စီမံကိန်းအတွင်းမှာ ပါဝင်တဲ့ လယ်ယာမြေတွေ အတွက် လျော်ကြေးအဖြစ် တစ်ဧကကို ကျပ် ၂၅ သိန်းကနေ သိန်း ၅၀ အထိ တိုးမြှင့်ပေးဖို့ သိမ်းဆည်းခံတောင်သူတွေက တောင်းဆိုနေကြပါတယ်။
2016-01-03
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ အကောင်အထည်ဖော်မယ့် စက်မှုဇုန်စီမံကိန်းအတွင်းမှာ ပါဝင်တဲ့ လယ်ယာမြေတွေ အတွက် လျော်ကြေးအဖြစ် တစ်ဧကကို ကျပ် ၂၅ သိန်းကနေ သိန်း ၅၀ အထိ တိုးမြှင့်ပေးဖို့ သိမ်းဆည်းခံတောင်သူတွေက တောင်းဆိုနေကြပါတယ်။