သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-21
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်ပေးဖို့အတွက် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ နဲ့ ကချင်ပြည်နယ် မိုးမောက်မြို့တွေမှာ ဒေသခံတွေနဲ့ လူမှု အဖွဲ့အစည်းတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2016-10-21
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံထဲကို လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဝင်ရောက်နိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်း နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူတွေ သတိပြု ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော ပါတယ်။
2016-10-21
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာမှာ အခုလ ၁၇ ရက်နေ့ကစပြီး လူ ၅၀ ကျော် ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
2016-10-21
တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်ပေးဖို့အတွက် ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နဲ့ ကချင်ပြည်နယ် မိုးမောက်မြို့တွေမှာ ဒေသခံတွေနဲ့ လူမှု အဖွဲ့အစည်းတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြ ပါတယ်။
2016-10-21
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်တဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အမျိုးသားပြန် လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီနေ့ တတိယမြောက်နေ့အဖြစ် ဆွေးနွေးခဲ့ကြပါတယ်။
2016-10-21
အောက်တိုဘာလ ၁၅ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်ရေယာဉ်ကို ဒီနေ့ ပြန်ပြီး ဆယ်ယူနိုင်ခဲ့ပါပြီ။ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်တွေမှာ လူပိုဝန်ပိုတင်ဆာင်တာ၊ အသက်ကယ်အင်္ကျီတွေ မထားတာ၊ သတ်မှတ်ချိန်မဟုတ်ဘဲ ပြေးဆွဲနေတာတွေကို အစိုးရ တာဝန်ရှိသူတွေက စနစ်တကျ စိစစ်ကွပ်ကဲမှု အားနည်းခဲ့တာကြောင့် အခုလို ရေယာဉ်နစ်မြုပ်ခဲ့ရတာလို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
2016-10-21
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာက ဒေသခံတောင်သူတွေဟာ တပ်မတော်က သိမ်းယူထားတဲ့ မြေေတွေပေါ်မှာ ခံဝန်လက်မှတ်ထိုးပြီး စိုက်ပျိုးလုပ်ကိုင်နေရတာကြောင့် အစိုးရရဲ့ စိုက်ပျိုးစားရိတ် ချေးငွေမရရှိကြပါဘူး။
2016-10-21
ရန်ကုန်တိုင်း သံလျင်မြို့အနီးမှာ ဂျပန်နိုင်ငံနဲ့ ပူးပေါင်းတည်ဆောက်နေတဲ့ သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းဧရိယာထဲက အိမ်ခြေ ၆ဝ ကျော်ကို ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှာ ကျောက်တန်းမြို့အနီးက မြိုင်သာယာ တိုးချဲ့ရပ်ကွက်ကို ပြောင်းရွှေ့ နေရာချပေးခဲ့ပါတယ်။
2016-10-21
ဝ,တိုင်းရင်းသားတွေရဲ့ ရိုးရာကောက်သစ်စားပွဲနဲ့ ခေါပုတ်ထောင်းပြိုင်ပွဲကို လားရှိုးမြို့က ဝ,နှစ်ခြင်း အသင်းတော် ဘုရားကျောင်းမှာ ဆုတောင်းပွဲနဲ့အတူ မနေ့က ကျင်းပခဲ့ပါတယ်။
2016-10-20
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ချင်းတွင်းမြစ်အတွင်း၊ ကနီမြို့နယ် မိချောင်း တွင်းကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုး မိုးကျော် ရေယာဉ်ကို ရေငုပ်သမားတွေက ဒီနေ့မှာ ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။
2016-10-20
ပြည်ထောင်စုလွှတ်တော်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ က ဒုတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ တဲ့ မြန်မာ့ ကျောက်မျက် ရတနာဥပဒေကို ပြန် လည်ပြင်ဆင်ပေးဖို့ ဖားကန့်မြို့ မှော်ဝမ်း ရပ်ကွက် က ကျောက်တိုင်ကွင်းမှာ တနိုင်တပိုင် ရေ မဆေးကျောက် ရှာဖွေသူတွေနဲ့ ကျောက်စိမ်းလုပ် ကိုင်သူတွေက ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2016-10-20
အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှု အတွက် နိုင်ငံတော် သမ္မတအနေနဲ့ သင်္ဘောနစ်ပြီး ၅ ရက်ကြာမှ ဝမ်းနည်းကြောင်း ထုတ်ဖေါ်ကြေညာ ခဲ့တာကို မြန်မာပြည်သူ အများအပြားက မကျေနပ် ကြပါဘူး။ ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရတစ်ခု ရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှုတွေကို မြန်မာလူထုက ဒီထက်ပိုပြီး မျှော်လင့်နေကြကြောင်း ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2016-10-20
ဝါရင့်နိုင်ငံရေးသမားကြီး ဝါးခယ်မ သခင်သိန်းဖေဟာ မရမ်းကုန်း မြို့နယ် နေအိမ်မှာ မနေ့မနက်ပိုင်းက ကွယ်လွန်သွားပါတယ်။
2016-10-20
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီတွေ သွားရောက်ပေးနိုင်ရေးအတွက် ကန့်သတ်ထားတာတွေ ချက်ချင်းရုပ်သိမ်းပေးဖို့ မြန်မာ အစိုးရကို AI- နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မနေ့က တိုက်တွန်းလိုက် ပါတယ်။
2016-10-20
မြန်မာနိုင်ငံ မြစ်ကြောင်းတွေတွင်း ပြေးဆွဲနေ တဲ့ ရေယာဉ်တွေဟာ ဘေးကင်းလုံခြုံမှု ကင်းမဲ့နေပြီး ရေယာဉ်ရဲ့ ကြံခိုင်ရေးတွေမှာလည်း လိုအပ်ချက်တွေရှိတာတွေရပါတယ်၊ ဒီအကြောင်း မသင်းသီရိက ဆက်ပြောပြမှာပါ၊