သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-13
တိုင်းရင်းသားဒေသတွေမှာ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထိခိုက်မှုရှိလာနေပြီလို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ကြ ပါတယ်။
2016-10-13
ကျောပူတာခံနိုင်တယ်၊ နားပူတာမခံနိုင်ဘူး ဆိုရိုစကားလည်းရှိ- အသံချဲ့စက်ဥပဒေလည်းရှိပေမဲ့ မြန်မာနိုင်ငံမှာ အသံချဲ့စက်တွေ အထိန်းအချုပ်မဲ့ သုံးစွဲနေတဲ့အတွက် ဥပဒေအရ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်းနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုမှာ ဆူညံသံလည်း ပါဝင်တဲ့အကြောင်း RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-10-13
NLD အစိုးရအနေနဲ့ ရခိုင်မောတောဒေသအရေးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုရင် အနာဂတ်မြန်မာနိုင်ငံအရေးဟာ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသတွေမှာလို အကြမ်းဖက်မှုတွေနဲ့ ရတတ်မအေးစရာ ဖြစ်လာနိုင်တဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2016-10-13
လူတွေ ဘာကြောင့် မေ့ကြတာလဲ၊ လောကမှာ မမေ့သင့်သူတွေ၊ မမေ့သင့်တဲ့ အရာတွေကို မမေ့အောင် ဘာတွေလုပ်ကြမလဲ။ ဆေးပညာနဲ့ ဘာသာတရား ရှုထောင့်ကနေ ဦးခင်မောင်စိုးက ခုလိုတင်ပြထားပါတယ်။
2016-10-12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် နရိန် ဒရာမိုဒီနဲ့ လာမယ့် သီတင်းပတ်မှာ တွေ့ ဆုံမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာ ပါတယ်။
2016-10-12
ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်ခံ ခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာက နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ်အနီးမှာရှိတဲ့ ဝပိတ် မွတ်စလင် ကျေးရွာတဝိုက်မှာ တပ်မတော်က နယ်မြေရှင်း လင်းရေး လုပ်ဆောင်စဉ်မှာ ပစ်ခတ်မှုတွေရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2016-10-12
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် က ဒေသခံတွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေ တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလို တာထက် ပိုပြီးအစိုးရိမ်မလွန်ကြဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မောင်တော ဒေသခံံတွေနဲ့ တွေ့ဆုံစဉ် ပြော ပါတယ်။
2016-10-12
လစ်လပ်သွားတဲ့ မဲဆန္ဒနယ်မြေတွေ အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က မနေ့က သတင်းထုတ်ပြန် လိုက်ပါတယ်။
2016-10-12
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ် ကြမယ့် အလုပ်သမားတွေဟာ လာမယ့်နှစ် ကစပြီး Job Passport အလုပ်နိုင်ငံကူး လက်မှတ်နဲ့ သာသွားရောက်အလုပ်လုပ်ကိုင်ကြရမယ်လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2016-10-12
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေကြောင့် ဘူးသီးတောင်-မောင်တော မှာနေထိုင်ကြတဲ့ လူနည်းစုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားကျေး ရွာတွေရဲ့ လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က မနေ့က ပြည်ထောင်စုဝန် ကြီးတွေနဲ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။
2016-10-12
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့် ရဲကင်း ၃ခု အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက် ပြီး မြန်မာမွတ်စလင် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း စုပေါင်းပြီးကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။
2016-10-12
မွန်ပြည်နယ် ရေးမြို့နယ်မှာ မှုခင်းကျဆင်းစေဖို့နဲ့ လူကုန်ကူးတာတွေ လျော့နည်းဖို့အတွက် ရေလုပ်သားတွေကို ငါးလုပ်ငန်းဦးစီးဌာနက အသိအမှတ်ပြုကဒ်တွေ ထုတ်ပေးနေပါတယ်။
2016-10-12
နယ်ခြားစောင့် ကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက် ခံရပြီးနောက် ဒေသတွင်းက စာသင်ကျောင်း ၄ ရာနီးပါးကို ပိတ်ထားရပါတယ်။
2016-10-12
ကယားပြည်နယ် ဘောလခဲမြို့နယ်က ပွန်ချောင်းမှာ တည်ဆောက်မယ့် "အထက်ဟော်ခမ်း" ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းအတွက် စမ်းသပ်တိုင်း တာ နေတာတွေကို ရပ်တန့်ဖို့ ဒေသခံတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-10-12
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့်ရဲကင်းတွေ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရက ကိုင်တွယ်ဖြေ ရှင်းနေတဲ့ အခြေအနေကို ပြည်ထောင်စု ဝန်ကြီးတွေက စစ်တွေ မြို့က ဒေသခံတွေနဲ့ အောက်တိုဘာလ ၁၁ရက်နေ့က တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။