သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-20
ပြစ်မှုဆိုင်ရာ ဥပဒေမှာ ပြဌာန်းထားတဲ့ အသရေ ဖျက်မှု၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပေါ်ပေါက် လာတဲ့ ဆက်သွယ်ရေး ဥပဒေနဲ့ မီဒီယာ ဥပဒေတွေ အကြောင်းနဲ့၊ မီဒီယာ ဥပဒေနဲ့ ဖြေရှင်းသင့်တဲ့ အမှုအခင်းတွေကို ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူနေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-11-20
ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို KIA/KIOနဲ့ TNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။
2016-11-20
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်ပြည်အနေနဲ့ အထူး စိုးရိမ်ကြောင်း၊ ဆိုင်ရာအဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေရပ်ဆိုင်း ပြီး၊ ပဋိပက္ခတွေ ပိုမိုဆိုးရွားမလာအောင် ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်ကြစေလိုကြောင်း တရုတ်အစိုးရ နိုင် ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
2016-11-20
ရန်ကုန်တိုင်း သာကေတမြို့နယ်ထဲက Capital Hypermarket ဈေးရုံမှာ တနင်္ဂနွေနေ့ ညနေပိုင်းက အသေး စားပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2016-11-20
ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးအတွက် မွတ် ဆလင်တွေပါ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2016-11-20
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ တစ်ထောင်ကျော်ရှိပြီး သေ ဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိတယ်လို့ မူဆယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။
2016-11-20
ကချင်လွတ်မြောက်ရေးအဖွဲ့ KIA၊ တအာင်းပလောင်အဖွဲ့TNLA၊နဲ့ ကိုးကန့် အဖွဲ့ MNDAA တို့ကို အစိုးရတပ်မတော်က တိုက်ခိုက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2016-11-20
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ တစ်ထောင်ကျော် ရှိပြီး သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိတယ်လို့ မူဆယ်မြို့လူမှုအဖွဲ့ အစည်းတွေက ပြောပါတယ်။
2016-11-20
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ ကွတ်ခိုင်မြို့နယ်တွေ က အစိုးရတပ်နဲ့ ရဲစခန်းတွေကို ဒီနေ့ မနက်ပိုင်းက ကချင် လွတ်မြောက်ရေးတပ် KIA/KIO၊ တအာင်းပလောင်အဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့က ပူးပေါင်းတိုက်ခိုက် တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။
2016-11-20
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ တပ်ပေါင်းစုအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောပါတယ်။
2016-11-19
ထိုင်းအစိုးရ ရေတပ်ဖွဲ့က ရခိုင်ပြည်နယ်ကနေ လှေတွေနဲ့ ထွက်ပြေးလာမယ့် ရိုဟင်ဂျာတွေကို စောင့်ကြည့်ရေးအတွက် ကပ္ပလီပင်လယ်အတွင်း ရေကြောင်းနဲ့ လေကြောင်းဆိုင်ရာ ထောက်လှမ်းမှုတွေကို တိုးချဲ့ဆောင်ရွက်နေတယ်လို့ ဘန်ကောက်မြို့က စနေနေ့လာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြ ထားပါတယ်။
2016-11-19
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ပွဲစားတွေပူးပေါင်း ပြီး နိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထား သူတွေအပေါ် သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတယ် ဆိုပြီး ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) က နိုင်ငံတော်အတိုင်ပင်ခံ ရုံးထံ နိုဝင်ဘာ ၁၇ ရက်နေ့က တိုင်ကြားစာပေး ပို့လိုက်ပါတယ်။
2016-11-19
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်ကနေ ရပ်စဲကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-11-19
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံ ရမှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် နိုင် ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမှာဖြစ် တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။
2016-11-19
ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ သံရုံးဝန်ထမ်းတွေနဲ့ ပွဲစားတွေ ပူးပေါင်း ပြီး နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူတွေဆီ ကနေ ငွေကြေးပိုမိုကောက်ခံနေတယ်ဆိုတာကို အထောက် အထား အပြည့်အစုံနဲ့ တိုင်ကြားရင် အရေးယူဆောင်ရွက် သွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဏဟန်က ပြောပါတယ်။