သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-19
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းကို တာဝန်ကနေ ရပ်စဲကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2016-11-19
၉၆ ကြိမ်မြောက် အမျိုးသားနေ့ အခမ်းအနားကို အစိုးရအဖွဲ့နဲ့အတူ ကျောင်းသားသမဂ္ဂတွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း... စတာတွေနဲ့ ပူးတွဲကျင်းပသွားမယ်လို့ အမျိုးသားနေ့ ကျင်းပရေးကော်မတီက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
2016-11-19
သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရဖို့ ထွန်တုံးတိုက်ပွဲ လုပ်နေကြတဲ့ တောင်သူတွေအနေနဲ့ အစိုးရနဲ့ ညှိနှိုင်းအဖြေ ရှာတဲ့ နည်းလမ်းကိုသာ ရွေးချယ်ပေးကြဖို့ မန္တလေးတိုင်းအစိုးရက ပြောလိုက်ပါတယ်။
2016-11-19
ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်မယ့် စာတမ်း ဖတ်ပွဲမှာ နိုင်ငံရေး စာရေးဆရာအချို့ရဲ့ စာတမ်းတွေကို တောင်းယူပြီးမှာ ချန်လှပ်ခံရတဲ့ အတွက် ပြန်ကြားရေးဝန်ကြီးဌာနကို ဝေဖန်မှုတွေ ရှိနေပါတယ်။
2016-11-19
အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ကို ကျူးလွန်တဲ့ မုဒိန်းမှုတွေဟာ ဒီနှစ်အတွင်းမှာ အမှုပေါင်း ၃၀၀ လောက်ရှိနေတဲ့အတွက် အဲဒီလိုဖြစ်စဉ်တွေ၊ ကလေးသူငယ်တွေရဲ့ စိုးရိမ်မှုတွေ၊ အစိုးရရဲ့လုပ်ဆောင်မှုကို သုံးသပ်ထားတာတွေကို လာမယ့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာကျင်းပမယ့် ကုလသမဂ္ဂအစည်းအဝေးမှာ အစီရင်ခံသွားမယ်လို့ Equality Myanmar က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
2016-11-19
မကွေးတိုင်း ရေနံချောင်းမြို့မှာ မြို့နယ်စည်ပင်သာယာအဖွဲ့ရဲ့ ဆောင်ရွက် ချက်တွေ နဲ့ ပတ်သက်ပြီး ဈေးသည်တချို့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-11-19
နိုင်ငံတွင်းက အရက်ချက် စက်ရုံပေါင်းများစွာက ထွက်ရှိတဲ့ စွန့်ပစ်ရေဆိုးတွေကို ပြည့်စုံတဲ့ သန့်စင်တဲ့စနစ် တပ်ဆင်ပြီး မှသာ ဆက်လက်ထုတ်လုပ်ခွင့်ပြုဖို့နဲ့၊ မလိုက်နာတဲ့စက်ရုံတွေကို ယာယီ ရပ်ဆိုင်းပေးဖို့ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။
2016-11-19
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2016-11-18
ရန်ကုန်မြို့မှာ ဆန်၊ ဆီ၊ ငြုပ်၊ ကြက်သွန်နီ စတဲ့ အခြေခံစားသောက်ကုန်တွေအပြင် ဟင်းသီးဟင်းရွက်၊ သားငါး၊ ကုန်ပစ္စည်းဈေးတွေ တရိပ်ရိပ် မြင့်တက် လာနေတဲ့အတွက် နေ့စဉ် ဈေးဝယ်ရတဲ့ အိမ်ရှင်မတွေ အခက်တွေ့နေကြ ပါတယ်။
2016-11-18
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး UNHCR က ရခိုင်ပြည် နယ် မောင်တောဒေသမှာ ဒုက္ခရောက်နေ တဲ့ အရပ်သား ၁ သိန်းခွဲထံကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး သွားရောက်ထောက်ပံ့ခွင့်ပေး ဖို့ မြန်မာအစိုးရကို နိုဝင်ဘာ ၁၈ ရက်နေ့ မနေ့က တိုက်တွန်း လိုက်ပါတယ်။
2016-11-18
ခုတလော မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဆက်တိုက်ဆိုသလိုကြားလာနေရတဲ့ သက်ငယ် မုဒိမ်းမှုတွေ၊ ကလေးခိုးမှုတွေနဲ့ ပတ်သက်ပြီး မိဘပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက် လာနေတဲ့အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-11-18
မြန်မာနိုင်ငံအတွင်းမှာ ရာဇဝတ်မှုတွေ တစ်နေ့တခြားထူပြောလာတာကို လျှော့ချဖို့အတွက် ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်စီရင်ရေးနဲ့ဆိုင်တဲ့ ဌာနအားလုံးကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။
2016-11-18
ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေ တဲ့ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပြီးရင် စာပေဟောပြောပွဲ၊ တရားပွဲ နဲ့ ဖျော်ဖြေပွဲတွေကျင်းပဖို့ ထောက်ခံချက်ယူစရာ မလို အပ်တော့ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။
2016-11-18
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မနေ့က မသင်္ကာဖွယ်ရာ ရွာသား ၁၄ ယောက်ကို ဖမ်းဆီးရမိထားတယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော် မတီက ထုတ်ပြန်ထား ပါတယ်။ ဖမ်းဆီးရမိထားသူတွေ ဟာ မောင်တောမြို့ နယ် သက်ကိုင်ည၊ ဝက်ပြင်နဲ့ ပွင့်ဖြူချောင်းကျေး ရွာတွေက ဖြစ်ပါတယ်။
2016-11-18
စစ်ကိုင်းတိုင်းဒေသကြီး ကနီ-မင်းကင်းမြို့မလမ်း ဖောက် လုပ်ရာမှာ ပါသွားတဲ့ မြေယာတွေအတွက် လျော်ကြေးပေးဖို့ စာရင်းတွေ လိုက်လံကောက်ယူပြီး ၂၀၁၇ခုနှစ် ဘတ်ဂျက်မှာ ရရှိအောင် တင်ပြပေးသွားမယ်လို့ ကနီမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြော ပါတယ်။