သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-04
ရန်ကုန်မြို့မှာ တိုက်ခန်းတွေဖောက်ထွင်းခံရမှုတွေ၊ နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရမှုတွေ အပါအဝင် ဒုစရိုက်မှုတွေကြောင့် ပြည်သူတွေ ဘဝလုံခြုံမှုမရှိ ခံစားနေကြရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-11-04
အရင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ငွေကျပ်သန်း ၆ ထောင်ကျော် ကုန်ကျမယ့် နမ့်မာလုံ ရေအားလျှပ်စစ်စီမံကိန်းဟာ ကုန်ကျ စရိတ်နဲ့ အကျိုးအမြတ်ရရှိမှု မညီမျှတာကြောင့် လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းကို ဖျက်သိမ်းလိုက် ပါတယ်။
2016-11-04
တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ကျေးရွာတဝိုက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ စစ်အဖွဲ့က ဒေသခံတချို့ကို ပြီးခဲ့ တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ပြီး ရိုက်နှက်ခဲ့တဲ့ အတွက် ရားလူး ရွာသား ၅ ဦး ဒဏ်ရာရရှိ ပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေရပါတယ်။
2016-11-04
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ ပြုလုပ်မယ့် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုကို မြို့နယ် ရဲတပ်ဖွဲ့က တားဆီးခဲ့ပါတယ်။
2016-11-04
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး နှစ်ဦး ရာထူးကနေ နှုတ်ထွက်ပေးဖို့အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့မှာ ဒေသခံ ၆၀ လောက်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-11-04
NLD ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ အလုပ် သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့အတူ အလုပ်သမားအခွင့်ရေးတွေအတွက် ထိရောက် စွာ ဖြေရှင်းပေးနိုင်မှု အားနည်းတယ်လို့ ထောက်ပြ ချက်တွေရှိနေပါတယ်။
2016-11-04
တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲ ကျင်းပမယ့် အဝေရာကုန်းသာမီးပုံပျံကွင်းမှာ Cherry Queen Hotel က ကန်ထရိုက်စနစ်နဲ့ ပွဲကြည့် စင်တွေဆောက်လုပ်ပြီး ဌားရမ်းဖို့ စီစဉ်ခဲ့တာ ကို ဒေသခံတွေက ကန့်ကွက်ခဲ့တာကြောင့် ဆောက် ထားတဲ့ ပွဲကြည့်စင် ၁၅ဝ ကျော်ထဲက ၇ဝ ကျော် ကို ပြန်လည် ဖျက်သိမ်းလိုက်ပါတယ်။
2016-11-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းကို ဒီနေ့ နေ့လည်က ရန်ကုန်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2016-11-04
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ နိုင်ငံတကာသံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဆောင်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ ပြည်နယ်လွှတ်တော်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
2016-11-04
ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အနီးက ရတနာရောင်ခြည် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဟာ မနေ့ညပိုင်းက မိုင်းထောင် မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ယာဉ်စက်ယန္တရားနဲ့ ဆက်စပ်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅ သန်းကျော် (ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်) ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
2016-11-04
လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ် ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ဘဝက ရေးဆွဲခဲ့တဲ့ ပန်းချီကားတချပ်ကို လေလံတင်ရောင်းချပြီး ရရှိလာတဲ့ငွေ ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ပရဟိတ လုပ်ငန်းတွေမှာ သုံးစွဲဖို့ စီစဉ်နေပါတယ်။
2016-11-04
ရှမ်းပြည်မြောက်ပိုင်းက တအာန်း-ပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှာ အမျိုးသမီးတွေ ဟာလည်း အမျိုးသားတွေနဲ့အတူ တာဝန်ထမ်းဆောင်နေကြပါတယ်။
2016-11-04
ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ဟာ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
2016-11-04
ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက်တိုက်ခိုက် ခံခဲ့ရတဲ့နေရာ တွေကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ နိုင်ငံတကာ သံတမန်အဖွဲ့ဟာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-11-03
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဒုက္ခသည်တွေထံ နိုင်ငံတကာထောက်ပံ့ ကူညီရေး အဖွဲ့အစည်းတွေ သွားရောက်ပြီး ရိက္ခာဖြန့်ဝေတာ ကို မြန်မာအစိုးရက ပြန်လည်ခွင့်ပြုတော့မယ်လို့ သိရပါ တယ်။