သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-03
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အနီးက ရတနာရောင်ခြည်ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ ရုံးချုပ်ကို မနေ့ညက မိုင်းထောင် ဖျက်ဆီးခံရတဲ့အတွက် အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိတဲ့ စက်ယန္တ ရားတွေနဲ့ ဆက်စပ်ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
2016-11-03
ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာ ကုန်းသာ မီးပုံးပျံကွင်းမှာ ကျင်းပမယ့် တန်ဆောင်တိုင်မီးပုံးပျံပွဲမှာ Cherry Queen Hotel က ပွဲကြည့်စင်တွေဆောက်လုပ်ပြီး ငှားရမ်းဖို့စီစဉ်ခဲ့တာ ကို ဒေသခံတွေက ကန့်ကွက်တာကြောင့် ဆောက်လုပ် ပြီးဖြစ်တဲ့ အခန်း ၁၅ဝ ထဲက ၇ဝ ကျော်ကို မနေ့က ပြန် လည်ဖျက်သိမ်းလိုက်ပါတယ်။
2016-11-03
ရခိုင်ပြည်နယ် စစ်တွေမြို့ကို မနေ့ကရောက်ရှိလာတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေး မှူး Ms. Renata နဲ့ သံအမတ်အဖွဲ့ဟာ တပ်မတော် ရဟတ်ယာဉ်နဲ့ စစ်တွေမြို့ ကနေ မောင်တောမြို့နယ် အလယ်သံကျော်၊ ကိုင်းကြီး ၊ ဇော်မတက်နဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေး ရွာတွေကို ဒီနေ့ သွားရောက်ခဲ့ကြပါတယ်။
2016-11-03
ရှမ်းပြည်နယ် ပင်လောင်းမြို့ နောင်တရား မြို့နယ်ခွဲမှာရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကို ကန့်ကွက်ကြောင်း ရှမ်းပြည်နယ် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ ဒေသခံ ၂ဝ ကျော်က ဒီကနေ့ နောင်တ ရားဈေးနေ့မှာ လက်ကမ်းစာဆောင်တွေဝေပြီး လှုပ်ရှားမှုပြု လုပ်ခဲ့ပါတယ်။
2016-11-03
အလုပ်သမားအခွင့်အရေး ရရှိဖို့အတွက် ရက်ပေါင်း ၁၅ဝ ကြာ ထိုင်သပိတ်ဆင်နွှဲနေကြတဲ့ မန္တလေး တိုင်း ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား သဘောတူ ညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2016-11-03
ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်တွေထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူခဲ့ပါတယ်။
2016-11-03
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမယ့် မြေနေရာကို တိုင်းအစိုးရက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
2016-11-03
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေ မှာ မကြာခင် ရိက္ခာပြတ်တောက်တော့မယ့် အခြေအနေ ရောက်နေတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2016-11-02
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့ ရှမ်းပြည်နယ်အတွင်းက လစ်လပ်မဲဆန္ဒနယ်မြေ ၈နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတချို့ကို ဒီနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်ခဲ့ပါတယ်။
2016-11-02
ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေ တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့က Rihga Royal ဟိုတယ်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2016-11-02
လူတွေနေ့တဓူဝပြောနေတဲ့ စကားတွေဟာ နောင်မျိုးဆက်သစ်တွေအတွက် စကားပုံတွေ ဆိုရိုးတွေအဖြစ် ကျန်ရစ်မှာမို့ မိန်းမတွေကိုယ်နှိုက်က “မိန်းမလို မိန်းမရ” ဆိုတဲ့ အသုံးအနှုန်း ရှောင်သင့်ပြီး လူတိုင်းကလည်း ဆိုရိုးတွေ စကားပုံတွေရဲ့ အဓိပ္ပာယ်တွေကို ထဲထဲဝင်ဝင် သိထားသင့်တဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-11-02
ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ယန်းငွေ ဘီလီယံ ၈ဝဝ ထောက်ပံ့မယ်လို့ မနေ့က ကြေညာလိုက် ပါတယ်။ တိုကျိုမြို့ကိုရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံပွဲအပြီးမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အခုလိုပြောကြားခဲ့တာပါ။ ဒီအတောအတွင်း မြန်မာနိုင်ငံသားတွေနဲ့ မနေ့ မနက်ပိုင်း တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြည်တွင်းစစ်ရပ်စဲဖို့ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲကတော့ မရပ်စဲချင်တဲ့ စိတ်ဓါတ်ပဲ လို့ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2016-11-02
Tir နဲ့ Sujata အိန္ဒိယရေတပ် သင်္ဘောနှစ်စင်းနဲ့ Varuna ကမ်းရိုး တန်းစောင့်ရေယာဉ်တို့ဟာ ပင်လယ် ရပ်ခြား တပ်ဖြန့်ချရေးလေ့ကျင့်နေပြီး လေ့ကျင့်ခန်းရဲ့ တစိတ်တပိုင်းအဖြစ် တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့ကို ဒီလ ၂ ရက်က ၆ ရက်နေ့ထိ အလည်အပတ် ခရီးရောက်ရှိနေ ပါတယ်။
2016-11-02
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့ ရှမ်းပြည်နယ်အတွင်းက လစ်လပ်မဲဆန္ဒ နယ်မြေ ၈နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တချို့ကို ဒီနေ့ အတည်ပြုခဲ့ပါတယ်။
2016-11-02
၅ လနီးပါးကြာ ဆန္ဒပြနေတဲ့ မန္တလေး တိုင်းဒေသကြီး ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံ အလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ဟာ တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းပေးလိုက်တဲ့ ပြန်လည်စေ့စပ် ညှိနှိုင်းရေးအဖွဲ့ရဲ့ ညှိနှိုင်းပေးမှုအပေါ် လက်ခံမှာဖြစ်ကြောင်း ဒီနေ့ သဘောတူလိုက်ပါတယ်။