သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-02
ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်တွေထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူစာ ရင်းတွေ မနေ့ကစပြီး တစ်အိမ်တက်ဆင်း လိုက်လံကောက် ယူနေရာ မဲပေးခွင့်ရှိသူ တစ်သိန်းနီးပါး ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ က ပြောပါတယ်။
2016-11-02
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေက အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကို လေ့လာဖို့အတွက် ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး Ms. Renata နဲ့ အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တရုတ်၊ တူရကီ စတဲ့ နိုင်ငံ ၈ နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေဟာ ဒီနေ့ မနက်ပိုင်းမှာ စစ်တွေမြို့ ကို ရောက်ရှိလာပါတယ်။
2016-11-02
ပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့် ရဲ့ အဂတိလိုက်စားမှုတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနထံ ဆက်သွယ်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-11-02
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားတဲ့ ဆက်တီခုံတွေကို မကြာမီဈေးကွက် အတွင်းမှာ ဖြန့်ချိသွားမယ်လို့ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီး ကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန ညွန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။
2016-11-02
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံကူး လက်မှတ်အခက်အခဲနဲ့ အခွန်ပေးဆောင်ရတဲ့အခက်အ ခဲတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေတစ် ဆင့် ဖြေရှင်းပေးမယ်လို့ ဒီနေ့ ပြောပါတယ်။
2016-11-02
မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာ ဆိုင်ကယ်စီးလုယက်မှုတွေ အတော်များများ ဖြစ်လာနေတဲ့အတွက် ပြည်သူတွေ သွားလာရေး လုံခြုံမှုမရှိ ဖြစ်နေတဲ့အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-11-01
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ တရုတ်နိုင်ငံက ဆက်လက်ပါဝင်ဖို့ အာသီ သရှိနေပါတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တရုတ်သမ္မတ ရှီကျင့်ပင် က မနေ့က ပြောကြားလိုက်ပါတယ်။
2016-11-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံကို မနေ့ညနေက ရောက်ရှိသွားပါတယ်။
2016-11-01
ဇီကာဗိုင်းရပ်စ်ဟာ မိခင်လောင်းတွေကို ကူးစက်တဲ့အခါ ဦးခေါင်းသေး၊ ဦးနှောက်သေး ကလေးငယ်တွေ မွေးဖွား လာနိုင်ခြေရှိပါတယ်။
2016-11-01
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ရပ်ကျေးကော်မရှင်တွေ နဲ့ ရပ်မိရပ်ဖတွေ ဦးဆောင်ပြီး ဒီကနေ့ အိမ်တိုင်ရာအရောက် Door to Door စနစ်နဲ့ စတင်ကောက်ယူနေပါတယ်။
2016-11-01
မြစ်ဆုံရေကာတာစီမံကိန်း ဆောက်လုပ်မှု ကို ရပ်ဆိုင်းပေးဖို့ Myamnar Green Network က အွန်လိုင်းကနေ လက်မှတ်တွေ ကောက်ခံနေ တာ ဒီနေ့ဆိုရင် လက်မှတ်တစ်သိန်းကျော် ရရှိထားပြီဖြစ် ပါတယ်။
2016-11-01
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေထဲက ကျောင်းပေါင်း ၄၉ ကျောင်းကို ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။
2016-11-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအနေနဲ့ အောက်ခြေလွတ် ဘဝင်မြင့်နေမယ်ဆိုရင် ပြည်သူတွေ ဒဏ်ခတ်တာခံရမယ်လို့ ရန်ကုန်တိုင်း ပါတီဝင်တွေ နဲ့ တွေ့ဆုံပွဲမှာ ပါတီကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က သတိပေးလိုက်ပါတယ်။
2016-11-01
ရန်ကုန်တိုင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်း၊ ခရိုင်နဲ့၊ မြို့နယ်ပါတီဝင်တွေ တွေ့ဆုံပွဲကို တာမွေမြို့နယ်မှာရှိတဲ့ Sky Star Hotel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-11-01
လာမယ့်နိုဝင်ဘာလအတွင်း မွန်တမျိုးသားလုံးကိုယ်စားပြု မွန်ပါတီပေါ်ထွန်းရေး လမ်းစဉ်ကို အတိအကျရေး ဆွဲဆောင်ရွက်ပေးနိုင်တဲ့ ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူပေးဖို့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နဲ့ ပါတီဝင်တွေက မနေ့က ပါတီဗဟိုထံ တောင်းဆိုလိုက် ပါတယ်။