သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-23
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ရှိတယ်လို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2016-12-23
၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်းကားတင်သွင်းခွင့် လျှောက်ထားတာတွေကို သတ်မှတ်ရက်ထက်စောပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ကြောင်း မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာပါတယ်။
2016-12-23
နေပြည်တော်ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာတဲ့ မန္တလာမင်းခရီးသည်တင် ယာဉ်ဟာ မနေ့ည ၇ နာရီ မိနစ် ၂၀ အချိန် မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ တိမ်းမှောက်ခဲ့ တာကြောင့် ၇ ဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2016-12-23
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘော တူစာချုပ်ကို လက်မှတ်ရေးထိုးသင့်သလား ဆိုတာနဲ့ ပတ်သက်လို့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ် မှာ နေထိုင်ကြတဲ့ ဒေသခံ ကချင်တိုင်းရင်းသားတွေ ကို မေးမြန်းပြီး RFA သတင်းထောက် ကိုကျော်မျိုးမင်းက စုစည်းတင်ပြထားပါတယ်။
2016-12-23
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ စားဝတ်နေရေး ဘဝပြန်လည်ထူထောင်ရေး နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ မိသားစုဝင်တွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2016-12-23
တောင်သူလယ်သမားနေ့ကို အာဏာရှင် ဦးနေဝင်းသတ်မှတ်ခဲ့တဲ့ မတ်လ ၂ ရက်နေ့အစား လယ်သမားခေါင်းဆောင် ဆရာစံ အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးဖို့ တောင်သူလယ်သမား အဖွဲ့စည်းတွေက တောင်းဆိုကြပါတယ်။
2016-12-23
နမ္မတူမြို့နယ် ပန်လုံကျေးရွာတဝိုက်မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ TNLA တအာန်းပလောင် လွတ်မြောက်ရေးအဖွဲ့ အကြားမှာ ဒီဇင်ဘာလ (၂၂) ရက်နေ့ ဒီကနေ့မနက်အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို သီပေါမြို့ပေါ်မှာလည်း ဒုက္ခသည်တွေ ထပ်တိုးလာနေပါတယ်။
2016-12-22
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ တတိယ ၃ လပတ် အတွင်း နိုင်ငံခြားကနေ လက်ကိုင်စမတ် ဖုန်း အလုံးရေ ၂ သန်းခွဲတင်သွင်းခဲ့တဲ့ အတွက် အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၂၆% များလာတယ်လို့ IDC (International Data Corporation ) ခေါ် နိုင်ငံတကာ အချက်အလက်စုဆောင်းရေး ကော် ပိုရေးရှင်း က ဒီဇင်ဘာ ၂၂ ရက်နေ့ မနေ့က ကြေညာလိုက် ပါတယ်။
2016-12-22
မြန်မာနိုင်ငံမှာ ကာလရှည်ကြာ လာရောက်နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေ အမြဲတန်းနေထိုင်ခွင့်ရရှိရေးအတွက် ပိုမို လွယ်ကူအောင် လုပ်ဆောင်ပေးမယ်လို့ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားလိုက်ပါတယ်။
2016-12-22
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ အတွက် နေရာ နဲ့ နေ့ရက်ကို ညှိနှိုင်းနေဆဲ လို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့က ပြောရေးဆိုခွင့်ရှိ သူ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
2016-12-22
နမ္မတူမြို့နယ် ပန်လုံကျေးရွာတစ်ဝိုက်မှာ ဒီကနေ့မနက်အထိ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး သီပေါမြို့ပေါ်မှာ ဒုက္ခသည်တွေ ထပ်တိုးလာနေပါတယ်။
2016-12-22
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲ အောင်နိုင် ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဒီနေ့ တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ ခေါ်ယူတွေ့ဆုံခဲ့ ပါတယ်။
2016-12-22
ရှမ်းပြည်နယ်၊ မူဆယ်မြို့အနီးက ပန်ကျုံနဲ့ ဖာပိတ်ကျေးရွာနားမှာ မြောက်ပိုင်းမဟာ မိတ်တပ်တွေနဲ့ တပ်မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2016-12-22
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ အလဲဗင်းမီဒီယာ CEO ဒေါက်တာ သန်းထွဋ်အောင်ရဲ့ အာမခံလျှောက်ထားမှုကို တာမွေမြို့နယ် တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2016-12-22
၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်းကား တင်သွင်းခွင့် လျှောက်ထားတာတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ လက်ခံပေးသွားမယ်လို့ သတ်မှတ်ထားပေမယ့် သတ်မှတ်ရက်ထက် ၂ ရက်စောပြီး ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ရပ်ဆိုင်းလိုက်ကြောင်း မော်တော် ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာပါတယ်။