သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-13
စာပေစိစစ်ရေးလက်ထက်က ရသစာပေဖန်တီးမှုနဲ့ စာပေစိစစ်ရေး မရှိတဲ့နောက်ပိုင်း လက်ရှိ ရသစာပေဖန်တီးမှု ကွာခြားချက်တွေ ရှိလာပေမယ့် သိသိသာသာ တိုးတက်ပြောင်းလဲမှုတွေ မမြင်ပါဘူးလို့ အမေရိကန်ပြည်ထောင်စုကို အလည်အပတ် ရောက်ရှိနေတဲ့ စာရေးဆရာမ မိချမ်းဝေက ပြောပါတယ်။
2016-12-12
ဝါရှင်တန်ဒီစီ မြို့တော်ရှိ ဂျော့ဝါရှင်တန် တက္ကသိုလ်၊ အယ်လီယော့ နိုင်ငံတကာရေး ရာကျောင်းမှာ မြန်မာနိုင်ငံသစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့နေ့ လည်ပိုင်းက ကျင်းပတဲ့ အခမ်းအနားမှာ အမေရိ ကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင် လင်း က ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ လွတ်လပ်စွာသွားလာခွင့်ပြုမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
2016-12-12
သတ္ထုတူးဖော်ရေးလုပ်ငန်းတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုတွေကို အနည်းဆုံးဖြစ်စေဖို့ ဆောင်ရွက်ရာမှာ ပထမဆုံးထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိဖို့ လိုအပ်သလို စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမူရှိ၊ မရှိ စနစ်တကျ စစ်ဆေးဖို့၊ စောင့်ကြည့်ဖို့၊ လိုအပ်နေတာဖြစ်ပါတယ်။
2016-12-12
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ရှမ်းပြည်နယ် လွှတ်တော်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် လွှတ်တော်က အတည်ပြုလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြီး လုပ်လိုက် တာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ကပြောပါတယ်။
2016-12-12
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟာ မနေ့က အသက်အန္တရာယ် ခြိမ်းခြောက် ခံရတာနဲ့ ပတ်သက်ပြီး တောင်ဒဂုံမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2016-12-12
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဌအဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ မောင်တောဒေသမှာ ဖြစ် ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကျေးရွာ ၁၀ ရွာ က ဒေသခံရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်နေ ပါတယ်။
2016-12-12
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဘုရားတွေထဲက အကြီးစားပြုပြင်ဖို့ လိုအပ်တဲ့ဘုရားတွေကို လာမယ့်နှစ် ဇန်နဝါရီလမှာ စတင်ပြုပြင်သွားမယ်လို့ အမျိုးသားစာကြည့်တိုက်၊ ပြတိုက် နဲ့ ရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင် က ပြောပါတယ်။
2016-12-12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံခြားရေးဝန် ကြီးတွေ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တွေ့ဆုံနိုင် ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။
2016-12-12
လာမယ့် ၂၀၁၇ ခုနှစ်ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင် သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း ၉၆ ဦးကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ခရိုင်ရွေးကောက် ပွဲ ကော်မရှင်တွေက ဒီနေ့ စတင်စိစစ်နေပြီ ဖြစ်ပါတယ်။
2016-12-11
ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေနဲ့ နည်းဥပဒေ ပြင်ဆင်ရေးဆွဲနေတဲ့ လုပ်ငန်းစဉ်တွေ ကို အများပြည်သူသိရှိအောင် ကြေညာဖို့၊ စည်ပင်ကော်မတီဝင်အဖြစ် ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်တွေရဲ့ အသက်ကန့်သတ်ချက် ကို ဖြေလျော့ပေးဖို့နဲ့ မြို့တော်ဝန်ကို ပြည်သူတွေ တိုက်ရိုက်ရွေးချယ်ခွင့်ရှိဖို့တို့ကို အရပ်ဘက်အဖွဲ့ အစည်း ၃၀ က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2016-12-11
ရက်ပေါင်း ၂၀၀ နီးပါးကြာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ ပန်ဒါချည်မျှင်စက်ရုံလုပ်သား ၆၀၀ ကျော်ဟာ လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့ မှာ သပိတ်စခန်းကို ရုပ်သိမ်းမှာဖြစ်ပါတယ်။
2016-12-11
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ညပိုင်းက ဒေသခံ အရပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး ရွာသားတစ်ဦးလည်း ရိုက်နှက်ခံရမူ တွေရှိခဲ့ပါတယ်။
2016-12-11
မြန်မာနိုင်ငံမှာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တွေဟာ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အရာတွေ ဆိုတဲ့အသိ သာမန်ပြည်သူတွေထဲမှာသာမက အရင်အုပ်ချုပ်သူတွေထဲမှာပါ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ဦးသစ်ဆင်းက တင်ပြမှာပါ။
2016-12-11
သစ်တောနဲ့ရိက္ခာ၊ သစ်တောနဲ့ ရာသီဥတု၊ သစ်တောနဲ့ ရေ ဆက်စပ်နေတဲ့အကြောင်း၊ သစ်ရိပ်တောရိပ်မြိုင်လှတဲ့ မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်ကစလို့ တောတွေပြုန်းပြီးရင်းပြုန်းနေတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံကို ၇ မိနစ်တိုင်း သစ်ကားတစ်စီးနှုန်းနဲ့ တင်ပို့နေတာကို Global Witness အဖွဲ့က မှတ်တမ်းပြုစုထားတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-12-11
WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် ၁၄သန်းကျော်ကို ပဲခူး တိုင်းဒေသကြီး ပန်းတောင်း မြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်မှာ မနေ့က ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။