သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-02
သယံဇာတပေါကြွယ်တယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ လက်ရှိဓါတ်သတ္တုထုတ်ယူမူလုပ်ငန်းများဟာ ပရမ်းပတာဖြစ်နေတယ်လို့ဆိုပါတယ်။ အဓိကက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာတွေ၊ ဦးစီးဦးဆောင်သူတွေ ရဲ့ စေတနာအပြင် ကိုယ်ကျိုးရှာခဲ့ကြတာရဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ဝေဖန်သူတွေ က ပြောပါတယ်။
2016-12-02
၂၀၁၆ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို လွတ်လပ်ခွင့်မရှိဆုံး အာရှနိုင်ငံတွေထဲမှာ သတ္တမအဆင့်မှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ဆက်စပ်ပြီး ဦးခင်မောင်ညိန်း က ဆက်လက်တင်ပြပါလိမ့်မယ်။
2016-12-02
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင် အမျိုးသားပါတီ ANP က ဦးဆောင်ပြီး လူ ၇ဝ လောက် က ကော်မရှင်ကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
2016-12-02
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ရေး တရုတ် အစိုးရအနေနဲ့ မြန်မာ့တပ်မတော်ကို တိုက်တွန်းပေးဖို့ တအာင်းလွတ်မြောက်ရေးတပ်မတော်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တယ်လို့ ပြောပါတယ်။
2016-12-02
ရန်ကုန်တက္ကသိုလ်ဝင်းထဲ မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ကို ပြန်လည်ဆောက်လုပ်ပေးသွားမှာဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်း က ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
2016-12-02
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့ KIA၊ MNDAA ၊ AA နဲ့ TNLA တပ်ဖွဲ့တွေကို အကြမ်းဖက် အဖွဲ့တွေအဖြစ် လွှတ်တော်က သတ်မှတ်ဖို့ ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောပါတယ်။
2016-12-02
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့ မြစ်၊ ချောင်း၊ အင်းအိုင်တွေ မှာ ငါးအလွန်အကျွံ ဖမ်းဆီးနေတာတွေ တားဆီးနိုင်ရေး မြို့နယ်ငါးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပေးဖို့ ဆိုပြီး ရွှေကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်း ခဲ့ရာမှာ ပြည်နယ်အစိုးရက ဖွဲ့စည်းပေးဖို့ အစီအစဉ် မရှိကြောင်း ဖြေကြားခဲ့ပါတယ်။
2016-12-02
ရန်ကုန်မြို့ မျက်စိ နား နှာခေါင်း လည်ချောင်းဆေးရုံမှာ အသုံးမပြုဘဲ ပစ်ထားတဲ့ ဂျပန်အစိုးရက ကူညီထားတဲ့ ကားအစီးရေ ၁၀၀ ကျော်ကို ပြင်ဆင်ပြီးရင် ကျန်းမာရေးဝန်ကြီးဌာန အတွက် လူနာတင်ယာဉ်ကားတွေအဖြစ် အသုံးပြုသွား မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
2016-12-02
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက် ပိုင်း၊ မုံးကိုးဒေသ၊ ဖောင်ဂျွန်းပါကျေးရွာကဒေသခံ ၅၀ ကျော်ကို အစိုးရတပ်မတော်ဘက်က ဖမ်းဆီး ထားကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကချင် ငြိမ်းချမ်းရေးကွန်ရက်က အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-12-02
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အဲဒီကဒေသခံတွေဟာ မူဆယ်မြို့ကို ထွက်ပြေးတိမ်း ရှောင်လာကြပါတယ်။
2016-12-02
ဒီဇင်ဘာလ ၁ ရက်နေ့ ဒီကနေ့ဟာ ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း အေအိုင်ဒီအက်စ် ဝေဒနာရှင် နှစ်သိန်းကျော်လောက်ရှိနေတယ်လို့ သိရပါတယ်။
2016-12-02
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်ခရိုင်အတွင်းက အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်း အများစုကို ပိတ်ထားရပါတယ်။
2016-12-02
နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ချက် နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီဇင်ဘာလ ၁ရက်နေ့က ရန်ကုန်မြို့ UMFCCI ကုန်သည်များနဲ့ စက်မူလုပ်ငန်းရှင်များ အသင်းချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။
2016-12-02
ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း လုံခြုံရေး အခြေအနေကြောင့် ဆေးခန်းတွေ ပြန် မဖွင့်နိုင်သေးဘူးလို့ သိရပါတယ်။
2016-12-02
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုဘယ်ဆုရှင် ငါးဦးက ကမ္ဘာတဝှမ်းက ရှေးဟောင်းအမွေအနှစ်ဒေသတွေ ကို ကာကွယ်စောင့်ရှောက်ရေးအတွက် အဆောတလျှင် လုပ်ဆောင်ကြဖို့ တိုက်တွန်းတဲ့ပန်ကြားလွှာတစ်ခုကို ကြာသပတေးနေ့ မနေ့က စုပေါင်းလက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်ပါတယ်။