သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-22
ငြိမ်းချမ်းရေးကိစ္စ ဆက်လက်အကောင် အထည်ဖော်ရေးနဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင် စီ RCSS အဖွဲ့နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့တို့ ပဋိပက္ခဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ RCSS ခေါင်းဆောင်တွေနဲ့ မနေ့က ညနေ ၆ နာရီ က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-02-22
မကွေးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ၈ တန်း နဲ့ ၄ တန်း ကျောင်းသား ကျောင်းသူတွေ အစိုးရစစ်စာမေးပွဲဖြေဆိုရာမှာ မေးခွန်းပေါက်ကြားမှုတွေ ဖြစ်ပေါ်ခဲ့တာပတ်သက်ပြီး ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးဖို့အတွက် လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော်မှာ အဆိုတင်သွင်းသွားမယ်လို့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။
2016-02-22
ကချင်ပြည်နယ် ဝိုင်းမော်ဒေသမှာ ဘိန်းခင်းတွေ ဖျက်ဆီးဖို့ ရောက်ရှိနေတဲ့ Pat Jasan လူထုအခြေပြုအဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အစိုးရနဲ့ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်အောင်၊ လွှတ်တော်မှာ အရေးကြီး အဆို တင်နိုင်ရေးအတွက် အဖွဲ့ကိုယ်စား လှယ်တွေ နေပြည်တော်ကို ရောက်ရှိနေကြပါတယ်။
2016-02-22
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ် NCA လက်မှတ်မရေးထိုးကြရသေး တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့ ၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ဒုဥက္ကဌ ဦးနိုင်ဟံသာ ဦးဆောင်တဲ့အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-02-22
တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ရှမ်း၊ ကယား နဲ့ ကရင်ပြည်နယ်မှာ ရေအား လျှပ်စစ်စီမံကိန်း ၆ခု တည်ဆောက်ဖို့ ပြင် ဆင်နေတာကို သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက် က ကန့်ကွက်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။
2016-02-22
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌတွေကို အဂတိတရားကင်းကင်းနဲ့ တာဝန်ထမ်းဆောင်ကြဖို့နဲ့ ပြည်သူတွေ စိတ်ပျက်စေ တဲ့လုပ်ရပ်မျိုး မလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မှာကြား လိုက်ပါတယ်။
2016-02-22
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မနီလာသိန်းကို လာမယ့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားရင်ဆိုင်ဖို့ ဘုရင့်နောင်ရဲစခန်းက စခန်းမှူးက ဒီကနေ့ နေ့လည် က လူကိုယ်တိုင်တွေ့ဆုံပြီး အကြောင်းကြားပါတယ်။
2016-02-22
မြန်မာနိုင်ငံမှာ လာမယ့်နွေရာသီအတွင်း အယ်လ်နီညို ရာသီဥတုကျရောက်ချိန်မှာ အစိုးရဌာဆိုင်ရာအဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပြီး ဆက်လက်ဆွေးနွေးကြဖို့ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါ တယ်။
2016-02-21
ဖေဖော်ဝါရီလ ၆ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေ မြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်မှုဆောင် ကော်မတီအစည်းဝေးရဲ့ ဆုံးဖြတ်ချက်အရ ANP အနေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်အဖြစ်ကနေ ဖြတ်တောက်ဖို့ ဆုံးဖြတ် လိုက်တဲ့အပေါ် ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီ ဝင်တွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေ ပါတယ်။
2016-02-21
နောက်တက်လာမယ့် အစိုးရသစ်မှာ မီဒီယာများနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ မူဝါဒတွေချမှတ်နိုင်ဖို့် ဆွေးနွေးပွဲကို ရန်ကုန်မြို့( NOVOTAIL ) နိုဗိုတယ်ဟိုတယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
2016-02-21
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကို မနေ့ က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပခဲ့ပါတယ်။
2016-02-21
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ဟံသာဝတီဦးဝင်းတင် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ကျောက်မဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လိုက်လံဆေးကုသပေးနေပါတယ်။
2016-02-21
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ရခိုင်အမျိုးသား ပါတီက မဟာမိတ်ဖြတ်တောက်ခဲ့တယ် ဆိုတဲ့ ကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး UNA နဲ့ မဟာမိတ်လက်တွဲလိုတဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ် မှုဆောင်အဖွဲ့တို့ အခုလထဲမှာ ဆွေးနွေးသွားမယ်လို့ ပြော ပါတယ်။
2016-02-21
နွေရာသီ ရေရှားပါးမှုပြဿနာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့ တစ်ဘက်ကမ်း က ကျေးရွာတွေမှာ ရေရှားပါးမှု ပြဿနာ ဖြေ ရှင်းနိုင်အောင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆို တင်သွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပါတယ်။
2016-02-21
အခုနှစ် အယ်လ်နီညို ရာသီဥတု ဟာ နှစ်ပေါင်းတစ်ရာအတွင်း ပိုမို အားကောင်းမှာဖြစ်တာမို့ လာမယ့် နွေရာ သီမှာ အပူချိန်တွေ စံချိန်တင် မြင့်မားနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။