သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-14
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ကျင်းပနေတဲ့ ၄ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေလည်း တက်ရောက်နေပြီး ပြန်ကြားရေးဝန်ကြီးဌာန ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပါတယ်။
2016-02-14
တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့က ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ စွမ်းဆောင်ရည်မြင့်မားစေဖို့နဲ့ နိုင်ငံရေးမှာ နိုင်ငံသားတွေ ပိုမိုပါဝင်လာစေဖို့ဆိုပြီး ဆွေးနွေးပွဲကို ဒီနေ့ ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2016-02-14
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာအုပ်စုထဲမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး တိုက်ပွဲ တွေပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။
2016-02-14
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီနေ့စတင်ကျင်းပတဲ့ တိုင်းရင်းမီဒီယာ BNI ရဲ့ ၄ ကြိမ်မြောက် ညီလာခံမှာ လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ရခိုင်တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။
2016-02-14
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောက်ကာကျေးရွာမှာ စနေနေ့က မီးလောင်ကျွမ်းခဲ့လို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသူ လူဦးရေ ၁၈ဝဝ ကျော်အတွက် လတ်တလောမှာ စောင် နဲ့ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ မီးဘေးဒုက္ခ သည်တွေက ပြောပါတယ်။
2016-02-14
ရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုတွေ ရပ်စဲဖို့အတွက် RCSS အဖွဲ့အနေ နဲ့ ဆွေးနွေးဖို့အဆင်သင့်ရှိကြောင်း SSPP ရှမ်းပြည်တိုး တက်ရေးပါတီ နာယက ဗိုလ်ချုပ်ဆေထင် ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးအပြီး ပြောဆိုလိုက်ပါတယ်။
2016-02-14
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုပိုင်ဖြိုးမင်းကို ဒီနေ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းက ရန်ကုန် မြို့ မြောက်ဥက္ကလာပမှာရှိတဲ့ သူ့နေအိမ်ကိုလာပြီး ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
2016-02-14
မြန်မာနိုင်ငံရဲ့လုံခြုံရေး၊ ကာကွယ်ရေးနဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
2016-02-14
ပြီးခဲ့တဲ့ ၅ နှစ်အစိုးရသက်တမ်းကာလ အတွင်း ပြည်နယ်လွှတ်တော်တွေမှာ သတင်းရယူမှု ခက်ခဲအားနည်းခဲ့တာကြောင့် တိုင်းရင်း မီဒီယာတွေအနေနဲ့ တင်ပြနိုင်မှု အားနည်းခဲ့ကြောင်းနဲ့ လာမယ့် အစိုးရလက်ထက်မှာ ပြည်နယ်အစိုးရနဲ့ လွှတ်တော်တွေက ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုင်းရင်းမီဒီယာအဖွဲ့ BNI ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သူ နန်းဖော့ဂေ က တိုက်တွန်းပြောကြားပါတယ်။
2016-02-14
ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေ ပိုမိုအသက်ဝင်လာဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြဌာန်းရမှာဖြစ်တယ် လို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့် တင်ရေးအဖွဲ့က ပြောပါတယ်။
2016-02-14
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ နိုင်ငံတကာ လွှတ်တော်သမဂ္ဂ IPU တို့က ပူးပေါင်းပြီး ပြည်ထောင် စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေအတွက် မနက်ဖြန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး စွမ်းရည်မြှင့် သင်တန်းပို့ချပေးသွားမှာဖြစ်ပါတယ်။
2016-02-14
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာ အခု ဆိုရင် သုံးလ နီးပါးကြာမြင့်နေပြီဖြစ်ပြီး ကျောက်မဲ မြို့တစ်ဝိုက်က ဒေသခံ ၂၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2016-02-14
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျင်းပခဲ့ကြပါတယ်။
2016-02-14
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးအပါအဝင် NLD ရင်ဆိုင်နေ ရတဲ့ ပြဿနာတွေနဲ့ မြန်မာပြည်ရဲ့ အနာဂတ်အရေး အတွေး အမြင်တချို့ကို နားဆင်ရမှာ ဖြစ်ပါတယ်။
2016-02-13
မြန်မာနိုင်ငံဘက်ကနေရောက်နေတဲ့ ရိုဟင်ဂျာမူစလင်အရေအတွက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကွင်းဆင်းစစ်ဆေးနေပြီလို့ အေပီသတင်းတရပ်မှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။