သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-13
ဗြိတိန်နိုင်ငံက အမျိုးသမီးလွှတ်တော်ကိုယ် စားလှယ် Chloe Smith က အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့လွှတ်တော် ကိုယ်စား လှယ်အသစ်တွေကို ပံ့ပိုးကူညီတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ တစ်ပတ်ကြာ သင်တန်းပေးမယ်လို့ သိရပါတယ်။
2016-02-13
ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေမှာ စွန့်ပစ်မြေ စာတွေကို လျော့ချဖို့နဲ့ မြေစာပုံကားတွေ ညဘက်မှာ သွားလာတွေမလုပ်ကြဖို့ ဒေသခံရွာသားတွေက ဒီနေ့ ဆန္ဒပြကြပါတယ်။
2016-02-13
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲဖို့ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ က ကြားဝင်ညှိနှိုင်းပေးနိုင်မယ်လို့ မနေ့က သဘောထားကြေ ညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-02-13
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ကျောက်ကာကျေးရွာမှာ ဒီနေ့ မီးလောင်ကျွမ်းခဲ့တာကြောင့် ရပ်ကွက် ၃ ခု က နေအိမ်အလုံး ၆ဝဝ လောက် မီးထဲပါသွားတယ် လို့ ကျောက်ကာကျေးရွာသား ဦးခင်ဟုန်က ပြောပါတယ်။
2016-02-13
ရခိုင်ပြည်နယ် စစ်တွေမြို့ကို စတင် တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၁၉ဝ ပြည့် အခမ်းအနားကို စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-02-13
လူငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်း လို ဖြစ်စေချင်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်က နှင်းဆီစံအိမ်ရှေ့မှာ ပြောလိုက် ပါတယ်။
2016-02-13
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁ဝ၁ နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် အမျိုးသားစာပေ တသက်တာဆုရှင် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)၊ အမှန်တရား၊ နိုင်ငံရေး သုခမိန်နဲ့ အောင်ဆန်း ဆိုတဲ့အမည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြုစုရေးသား ထုတ်ဝေထားတဲ့ စာရေးဆရာ ဆရာထွန်းဇော်ဌေးနဲ့ ကဗျာဆရာ ဆရာအောင်ဝေး ပြောပြတဲ့ အမှတ်တရ စကားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်း တင်ပြထားပါတယ်။
2016-02-13
မနှစ်က မရမ်းကုန်းမြို့နယ်နဲ့ ဆိပ်ကမ်းမြို့နယ်တွေ မှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ထုတ်မှုတွေနဲ့ တရားရုံးက ဆင့်ခေါ်တာကို လာရောက်ခြင်း မရှိတာကြောင့် တရားခံပြေးအဖြစ်ကြေညာခံရတဲ့ ၈၈ငြိမ်း/ပွင့်အဖွဲ့က မနီလာသိန်းက သူ့ကို အာဏာ ပိုင်တွေက အသိပေးအကြောင်းကြားခြင်းမရှိဘူးလို့ RFA ကို ပြောပါတယ်။
2016-02-13
ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ မနေ့က နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော် အစည်းဝေးကို (၁ဝ) မိနစ်ကျော်ပဲ ကျင်းပခဲ့တဲ့အပေါ် ဝေဖန်ချက်တချို့ထွက်ပေါ်လာသလို မတူညီတဲ့ အမြင်အမျိုးမျိုးလည်း ရှိနေပါတယ်။
2016-02-12
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ ပတ်ဝန်းကျင်မှာ RCSS နဲ့TNLA တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံ ၁၅ဝဝ လောက်ဟာ နေရပ်စွန့်ခွာပြီး ကျောက်မဲမြို့ပေါ်မှာ ခိုလှုံနေကြပါတယ်။
2016-02-12
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်၊ ချင်းနဲ့ ရှမ်းတိုင်းရင်သားခေါင်းဆောင်တွေ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့တာ ဒီကနေ့ဆိုရင် ၆၉ နှစ်မြောက် ရှိပြီဖြစ်ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ နှစ်ပေါင်း ၇ဝ နီးပါးကြာမြင့်ခဲ့ပေမယ့် ပြည်တွင်းစစ်မီးဟာ လက်ရှိအချိန်အထိ တောက်လောင်နေဆဲ ဖြစ်ပါတယ်။
2016-02-12
ဒီနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အစိုးရနဲ့ နိုင်ငံရေးပါတီတွေက အခမ်းအနားတွေ ကျင်းပပြီး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားအဖွဲ့တွေက ထုတ်ပြန်တဲ့ ကြေညာချက်တွေထဲက တချို့ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
2016-02-12
အသစ်ရွေးချယ်လိုက်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ဥက္ကဌတွေမှာ အမျိုးသမီးတစ်ဦးသာ ပါဝင်ပြီး မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ ဖြစ်ပါတယ်။ ဒေါ်တင်အိဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
2016-02-12
ဒီကနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင် စုနေ့ အခမ်းအနားကို ရန်ကုန်- ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးချုပ်မှာ ကျင်းပခဲ့ ပါတယ်။
2016-02-12
၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ ဖေဖော်ဝါရီလ ၁၂ရက်နေ့က ကျင်းပခဲ့ပြီး၊ သမ္မတဦးသိန်းစိန်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။