သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-12
ဒီနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စက်ဘီးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။
2016-02-12
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-02-12
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာ အနီးပတ်ဝန်းကျင်မှာ RCSS/SSA နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်နေတဲ့အတွက် ဒေသခံ ၁၅ဝဝ လောက်ဟာ နေရပ်စွန့်ခွာပြီး ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြပါတယ်။
2016-02-12
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က မီးဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် "ဂီတမိတ်ဆွေများ" အဖွဲ့နဲ့ ၈၈ မျိုးဆက်အဖွဲ့ဝင်တွေ ပူးတွဲပြီး ရန်ကုန်မြို့ ရန်ကင်းစင်တာမှာ ဖေဖော်ဝါရီလ ၁၂ရက်နေ့က အလှူငွေ ကောက်ခံခဲ့ကြပါတယ်။
2016-02-12
မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး-ABSDF မြောက်ပိုင်း ဌာနချုပ်ရှိရာ ပါဂျောင်ဒေသမှာ ထောက်လှမ်းရေးလို့ စွပ်စဲခံရပြီး ကျောင်းသား ၁၅ ဦး အသတ်ခံခဲ့ရတဲ့ ၂၄ နှစ်မြောက် အောက်မေ့ဂုဏ်ပြုပွဲ အခမ်းအနားကို မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2016-02-12
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး တာဝန်ယူခွင့်ပြုရေးအတွက် မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အကြား အာဏာခွဲဝေရေး ဆွေးနွေး ပွဲတွေပြုလုပ်နေရာမှာ အခက်အခဲတချို့ ကြုံတွေ့နေရတယ်လို့ သတင်းရပါတယ်။
2016-02-12
ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စား လှယ်ဟောင်းတွေဟာ သူတို့ခံစားခွင့်ရှိတဲ့ တစ်လုံးတစ်ခဲ တည်း နိုင်ငံရေးပင်စင် ကျပ် ၂၂ သိန်းစီကို စတင်ထုတ် ယူနေကြပြီဖြစ်ပါတယ်။
2016-02-12
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်း သားခေါင်းဆောင်တွေ သဘောတူညီ ခဲ့ကြတဲ့ ပင်လုံစာချုပ်ဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ အဓိကကျတဲ့ ညီညွတ်မှုနဲ့ ယုံကြည်ချက်ရဲ့ သင်္ကေတဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နာယက သူရဦးတင်ဦးက ပြောကြားလိုက်ပါတယ်။
2016-02-12
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့တာဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ တည်ထောင်ထား တဲ့ ပြည်ထောင်စုကြီးရဲ့ ညီညွတ်မှုကို ဖော်ဆောင်လိုက် တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။
2016-02-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာနက်ဖေ့စ်ဘွတ် လူမူကွန်ရက် စာမျက်နှာကနေ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ ရေးသား ချက်တွေ ပေါ်ပေါက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ရဲအစောင့်အရှောက်တွေ ပေးထားတယ် လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းတစ်ရပ်မှာ ရေးထားပါတယ်။
2016-02-12
ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေကို လက်နက်ချပြီး အလင်းဝင်ကြဖို့ ဖိတ်ခေါ်တဲ့စာတွေကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် မနေ့ က ဖြန့်ဝေလိုက်ပါတယ်။
2016-02-12
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း ဖို့အတွက် အရင်းခံပြဿနာဖြစ်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းရမှာဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC က ၆၉ နှစ်ပြည့် ပြည်ထောင် စုနေ့ အထိမ်းအမှတ် သဝဏ်လွှာထုတ်ပြန်လိုက် ပါတယ်။
2016-02-12
ဖွဲ့စည်းပုံထဲက သမ္မတအရည်အချင်းသတ်မှတ် ချက်ဖြစ်တဲ့ ပုဒ်မ-၅၉(စ) ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်သင့်တယ်လို့ ထင်မြင်ကြောင်း ပြည်သူ့လွှတ်တော်ရဲ့ ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က RFA ကို ပြောပါတယ်။
2016-02-12
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို အခြေခံဥပဒေပါ ပြဌာန်းချက်အရ ပြင်ဆင်တာ မျိုးဖြစ်သင့်တယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ရှုမြင်သုံးသပ်ကြပါတယ်။
2016-02-12
လာမယ့်အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်ဖို့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီက အထူးအရေးပေါ် အစည်းအဝေးကျင်းပမယ်လို့ သိရပါတယ်။