သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-12
နိုင်ငံတော်သမ္မတကို ရွေးချယ်ဖို့အတွက် လာမယ့် မတ်လ ၁၇ရက်နေ့မှာ ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ တင်သွင်းကြမှာဖြစ်ပြီး နောက်တစ်နေ့မှာ အဆိုပြုခံရသူတွေဟာ ဒုတိယသမ္မတလောင်း အရည်အချင်းနဲ့ကိုက်ညီမှုရှိ မရှိ စိစစ်ဖို့အတွက် လွှတ်တော်ကို တစ်ရက် ရပ်နားမှာဖြစ်တယ်လို့ သိရပါတယ်။
2016-02-12
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်သူတွေနဲ့ အနိုင်ရကိုယ်စားလှယ်တွေကို ကန့်ကွက်တဲ့အမှုတွေကို ခုံရုံးဖွဲ့စစ်ဆေးနေပါတယ်။
2016-02-12
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ တရုတ်လုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ စိုက်ပျိုးထားတဲ့ တစ်ရှူး ငှက်ပျောတွေကို လုပ်ငန်းရှင်တွေက တရုတ်ကုန်ကားကြီးတွေနဲ့ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာပြီး တရုတ်ပြည်ဘက် သယ်ယူနေပါတယ်။
2016-02-12
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့ကစပြီး RCSS/SSA နဲ့ TNLA တပ်တွေ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၅၀၀ လောက်ဟာ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာကို နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြရပါတယ်။
2016-02-12
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ နှစ်ပေါင်း ၃ဝ နီးပါး မကျင်းပဖြစ်ခဲ့တဲ့ နွားလှည်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်- မနက်ဖြန် ကျရောက်မယ့် ပြည်ထောင်စုနေ့ အထိမ်းမှတ်အဖြစ် ဒီနေ့ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။
2016-02-12
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စိစစ်ရေးကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကို အတည်ပြုဖွဲ့စည်းလိုက်ပြီး နိုင်ငံတော်သမ္မတရုံးက ပေးပို့ထားတဲ့ ရပ်ကွက်၊ ကျေးရွာများ တိုးချဲ့၊ ပြင်ဆင်၊ ပယ်ဖျက်ခြင်းကိစ္စကို လွှတ်တော်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။
2016-02-12
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ တည်ဆောက်မယ့်၊ ထိုင်းနိုင်ငံသားပိုင် "မော်လမြိုင်ဘိလပ်မြေစက်ရုံ" လီမီတက်ဟာ စက်ရုံလည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေး အသုံးပြုမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့တွေ၊ အစိုးရအဖွ့ဲ့ဝင်တွေနဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့က စက်ရုံမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-02-11
ဒီနေ့ကျရောက်တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အတွက် ပင်လုံစာချုပ်ပါ အချက်တချို့အကြောင်းနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထား ပါတယ်။
2016-02-11
အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး အကြိမ်ကျင်းပဖို့ စီစဉ်ထားတဲ့ အမေရိကန် အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် ကိုယ်စား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်မယ်လို့ သမ္မတရုံးက ကြေညာချက်ထုတ်ပြန် ပါတယ်။
2016-02-11
၂ဝ၁၅ ခုနှစ်အတွင်းက ဆန္ဒပြခဲ့သူတွေနဲ့ ဆုတောင်းပွဲလုပ်ခဲ့သူ ကျောင်းသားတွေကို မရမ်းကုန်း၊ ကမာရွတ်နဲ့ ဆိပ်ကမ်းမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးပြီး ၈၈ မျိုးဆက်ငြိမ်း/ပွင့်က မနီလာသိန်းကို တရားခံပြေးအဖြစ် ကြေညာလိုက်ပါတယ်။ မနီလာသိန်းကတော့ တရားစွဲဆိုခံရတာကိုတာကို မသိရှိဘူးလို့ ဆိုပါတယ်။
2016-02-11
ရန်ကုန်တိုင်းဒေသကြီးနဲ့ ချင်းပြည်နယ် အတွင်းက ရပ်ကွက်နဲ့ ကျေးရွာတွေကို တိုးချဲ့၊ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့အတွက် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့ထားတာ ကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ မှတ်တမ်းတင်လိုက် ပါတယ်။
2016-02-11
ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်က ကျေးရွာ ၂၅ ရွာမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က တပ်သားသစ်စုဆောင်းနေတာတွေ၊ ဖမ်းဆီးနေ တာတွေကို ရပ်တန့်ပေးဖို့ တအာင်းလူမှုအဖွဲ့အစည်းတွေက ဒီနေ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
2016-02-11
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်မှု ရှိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ၁၂ ဦးကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)က ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့ထံ မနေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
2016-02-11
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အသုံးစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း ၁၇၅ ဦးထဲက ၇ဝ နီးပါးကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အမိန့်ချလိုက်ပါတယ်။
2016-02-11
အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရေး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အရေးကိစ္စတွေကို ညှိနှိုင်းဆွေးနွေးနိုင်ဖို့ အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ ထိပ်သီးခေါင်းဆောင်တွေအနေနဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပမယ်လို့ သိရပါတယ်။