သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးက အစိုးရအဖွဲ့ ၅ နှစ် တာသက်တမ်းအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့ကြတဲ့ အဖွဲ့အစည်း ၃၃ ဖွဲ့ကို နိုင်ငံ့ စွမ်းဆောင်ရည်ဆုအနေနဲ့ မနေ့က နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ချီးမြှင့်ခဲ့ ပါတယ်။
2016-02-11
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာအုပ်စုအတွင်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွာ ၄ ရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
2016-02-11
မန္တလေးတိုင်းဒေသကြီး အိုးဘိုအကျဉ်းထောင်မှာ ၈ လနီးပါးကြာ ဖမ်းဆီးခံထားရပြီး တရားမဝင် ကျောက်မျက်တူးဖော်မှု၊ သာသနာညိုးနွမ်းစေမှု၊ တရားမဝင်သစ်သိမ်းဆည်းထားမှု စတဲ့ ပုဒ်မ ၃ ခုနဲ့ တရားရင်ဆိုင်နေရတဲ့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒက ကို ဒီနေ့ ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2016-02-11
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေအတွက် ရွေးချယ်တင်မြှောက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အတော်များများပါရှိပါတယ်။
2016-02-11
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒီနေ့ မန္တလေးတက္ကသိုလ်မှာ ပညာရေးနှီးနှောဖလှယ်ပွဲတစ်ရပ်ကို တက်ရောက်နေတဲ့ ဒေါက်တာသိန်းလွင်ကို RFA အဖွဲ့သား ဦးသစ်ဆင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-02-11
လွှတ်တော်ထဲမှာ သတင်းသမားတွေအတွက် ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်တွေဟာ သတင်းရယူရေးတွေမှာ စနစ်တကျဖြစ်ရေးအတွက်သာဖြစ်ပြီး ကန့်သတ်လိုက်တာ မဟုတ်ဘူးလို့ ပြည်သူလွတ်တော်ရုံး ညွန်ကြားရေးမှူး ဦးကိုကိုနိုင်က RFA ကို ပြောပါတယ်။
2016-02-10
ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ဒီကနေ့ မနက်ပိုင်း က နေပြည်တော်လေဆိပ်ကနေ ထွက်ခွာလာတဲ့ တပ်မတော် လေယာဉ်တစီးဟာ လေဆိပ်ကအတက်မှာ စက်ချို့ယွင်းပြီး ပျက်ကျတဲ့အတွက် လေယာဉ်ပေါ်မှာပါတဲ့ အဖွဲ့သား ၅ ဦးစလုံး သေဆုံးသွားပါတယ်။
2016-02-10
မကွေးမြို့လေဆိပ်မှာ လေယာဉ်ပြေးလမ်းဖောက်ဖို့ သိမ်းယူခဲ့တဲ့ မြေတွေအတွက် လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက လျော်ကြေးပေးရာမှာ ကာလပေါက်ဈေးနဲ့ မညီမျှလို့ဆိုပြီး လျော်ကြေး လက်မခံသူတွေ ရှိနေတာကြောင့် လျော်ကြေးပေးဖို့ ရက်ရွှေ့ဆိုင်းထားလိုက်ပါတယ်။
2016-02-10
ဧရာဝတီတိုင်း လပွတ္တာမြို့ မီးလောင်ရာမှာ စီးပွားရေးလုပ်ငန်းတွေပါ မီးလောင်ပျက်စီးခဲ့တာကြောင့် အလုပ်သမား အတော်များများ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေရပါတယ်။RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တြင်ပထားပါတယ်။
2016-02-10
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ဒဂုံတက္ကသိုလ်မှာ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ၁ဝ၁ နှစ်ပြည့် မွေးနေ့အကြို အခမ်းအနား ကျင်းပခဲ့ပါတယ်။
2016-02-10
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်း အတော်များများ ပါရှိပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း တည်ထောင်သူ- နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်ဟာလည်း NLD လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်ပါတယ်။
2016-02-10
မြန်မာ့တပ်မတော် (လေ) က Beech-1900D အမျိုးအစား သယ်ယူ ပို့ဆောင်ရေး လေယာဉ်ပျံ တစ်စင်းဟာ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့ က နေပြည်တော်လေယာဉ်ကွင်းက အတက်မှာ ပျက်ကျသွားခဲ့ ပါတယ်။
2016-02-10
ရန်ကုန်မြို့ လှည်းတန်းလမ်းနဲ့ ထန်းတပင် လမ်းထောင့်နားက လမ်းဘေးဈေး သည်တွေကို သက်ဆိုင်ရာ စည်ပင်သာယာ ဝန်ထမ်းတွေ က ဈေးရောင်းခွင့်မရှိဘူးလို့ မနေ့ညနေက တားမြစ်တဲ့အခါမှာ ၊ ဈေးဗန်းတွေပါမှောက်သွန်ပစ်တဲ့ အတွက် ဆင်းရဲသားဈေးသည် တချို့ အရင်းအနှီးတွေ ထိခိုက်နစ်နာ သွားရတယ်လို့ သိရပါတယ်။
2016-02-10
လာမယ့် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့် မွေးနေ့ အကြိုအခမ်းအနား ကို ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေက ဒီနေ့ ကျင်းပဖို့ စီစဉ်တာကို ပါမောက္ခချုပ်က ခွင့်မပြုဘူးလို့ သိရပါတယ်။
2016-02-10
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် တရားရုံးမှာ တရားမဝင် နယ်ခြား ဖြတ်ကျော်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ အရင်က ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ရဲ့ အာမခံလျှောက်ထားမှုကို ဒီနေ့ မြို့နယ်တရားသူကြီးက ပယ်ချလိုက်ပါတယ်။