သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-04
ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေ အနေတွေကိုလေ့လာဖို့အတွက် ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yang Hee Lee ဟာ လာမယ့် ဖေဖော် ဝါရီလ ၁၂ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လာရောက်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2016-02-04
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မှာ အမြဲတမ်းကော်မတီ ၄ ခုထဲက ဥပဒေ ကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ကော် မတီတွေကို လွှတ်တော် ကိုယ်စားလှယ် ၁၅ စီနဲ့ ဒီကနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။
2016-02-04
လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင်မယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌတွေနဲ့ အစိုးရအဖွဲ့မှာ တာဝန်ပေးခံရသူ စာရင်းကို နေပြည်တော်မှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ဆိုင်ရာသင်တန်း တက်ရောက်ခဲ့သူတွေထံ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာအိတ်နဲ့ ချိတ်ပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2016-02-04
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ က အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးလှဆွေက ရွေးကောက်ပွဲ ဥပဒေအရ တရားစွဲဆိုထား ပါတယ်။ အဲဒီလိုတိုင်ကြားထားတဲ့အတွက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ခေါ်ယူ စစ်ဆေးခဲ့ ပါတယ်။
2016-02-04
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ်မှာရှိတဲ့ ဝါးဒက်ကွင်းကျေးရွာက နေအိမ်တွေကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂ဝဝ လောက်က မနေ့ညက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
2016-02-04
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေးကို ဒီကနေ့ နေပြည်တော် အမျိုးသားလွှတ်တော်အဆာင်မှာ ကျင်းပလိုက်ပြီး တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌ တွေ အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
2016-02-04
ရွေးကောက်ပွဲကာလမှာ ဖြစ်ပျက်ခဲ့တာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက အပြန်အလှန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ တင်ပြထားတာ ကန့်ကွက်ထားတဲ့အမှုပေါင်း ၅ဝ နီးပါးရှိပါတယ်။ ဒီကနေ့ အမှု ၉ မှုကို နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ စစ်ဆေးခဲ့ပါတယ်။
2016-02-03
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကချင်၊ရှမ်း၊ရခိုင်နဲ့ ရန်ကုန်တိုင်းတွေရဲ့ ဝန်ကြီးချုပ်တွေကို တပ်မတော်ဘက်ကရွေးချယ်တဲ့ ကိုယ်စားလှယ်တွေကိုသာခန့်အပ်ဖို့ တောင်းဆိုထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
2016-02-03
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်တော်ထဲမှာ သတင်းယူနေကြတဲ့ ပြည်တွင်းပြည်ပက သတင်းထောက်တချို့ ဒီကနေ့ညနေပိုင်းကတွေ့ဆုံပြီး လွှတ်တော်သတင်းရယူရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
2016-02-03
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို လွှတ်တော်မှာ မနေ့ညနေက တွေ့ဆုံပြီး လွှတ်တော် ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ ရာထူးတွေရွေးချယ်ခဲ့ပုံကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
2016-02-03
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ဒီကနေ့ ညနေပိုင်းက သတင်းမီဒီယာသမားတွေ နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2016-02-03
Descriptionဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေးကို နေပြည်တော်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ဒီနေ့ စတင် ကျင်းပခဲ့ပြီး၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
2016-02-03
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်တင်မြောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်တက်ဖို့ ဒီကနေ့စပြီး သတင်းပေးပို့နေကြပြီ ဖြစ်ပါတယ်။
2016-02-03
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဗကသအဖွဲ့ဝင် ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင်တို့ကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ရှစ်လေးလုံး ၂၆ နှစ်ပြည့် နှစ်ပတ်လည်မှာ ချီတက်လမ်းလျှောက်ခဲ့တဲ့ ဒေါ်နော်အုံးလှ၊ ကိုတင်ထွဋ်ပိုင်နဲ့ ဦးမိုးသူတို့ကိုလည်း ရုံးထုတ်ခဲ့ပါတယ်။
2016-02-03
ဒုတိယအကြိမ်လွှတ်တော်ရဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာအတွက် တိုင်းရင်းသားကိုယ်စားလှယ် ၂ ဦးကို တင်မြှောက်လိုက်တဲ့အပေါ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်းတင်ပြထားပါတယ်။