သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-03
မကွေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်-၁၂ မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် ဦးပြူးလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးလှဆွေက ရွေးကောက်ပွဲဥပဒေအရ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
2016-02-03
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်-၅ က အောင်မင်္ဂလာ စည်ပင်သာယာဈေးကို အဆင့်မြင့်ဈေး ဆောက်လုပ်ဖို့အတွက် စည်ပင်သာယာရေး ကော်မတီက ကန်ထရိုက်ပေးဖို့ စီစဉ်နေတဲ့အပေါ် မကျေနပ်တဲ့ ဈေးသူဈေးသား ၆ဝ ကျော်က လက်မှတ်ရေးထိုး ကန့်ကွက်ထားကြပါတယ်။ RFAသတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။
2016-02-03
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ်မှာရှိတဲ့ ဝါးဒက်ကွင်းကျေးရွာ က နေအိမ်တွေကို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်က မနေ့ညက မီးရှို့ဖျက်ဆီးရာမှာ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။
2016-02-03
ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ ရှုံးခဲ့ပေမယ့် သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဆန္ဒမဲလာပေးသူ ၈ပုံ ၁ပုံရဲ့ မဲရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၂၆၀၀ ကျော်ကို ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ငွေ ကျပ် ၃သိန်းစီ စတင်ထုတ်ပေးနေပါတယ်။
2016-02-03
နေပြည်တော်က လွှတ်တော်အစည်း အဝေးတွေကို တက်ရောက်နေကြတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ဒီရက်ပိုင်း ခွင့်မယူ ကြဖို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့က ညွှန်ကြားထားပါတယ်။
2016-02-03
ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားပြီး ရင် ပြန်လည်နေရာချထားပေးဖို့နဲ့ ဖယ်ရှားတဲ့အခါမှာ သယ်ယူပို့ဆောင်ရေးတွေ စီစဉ်ပေး ဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2016-02-03
လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရ အဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီလွင်ကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် တရားရုံးမှာ တရားမဝင်နယ်ခြားဖြတ်ကျော်မှုနဲ့ ဒီကနေ့ ရုံးထုတ်ရာမှာ အာမခံပေးဖို့ လျှောက်ထားခဲ့ပါတယ်။
2016-02-03
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်ရာ မှာ ချောချောမောမော ဖြစ်ခဲ့တဲ့အတွက် နိုင်ငံရေး ပါတီအားလုံးကို ကျေးဇူးအထူးတင် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2016-02-03
အမျိုးသားလွှတ်တော် ပထမဆုံးနေ့ကို ဒီကနေ့ ကျင်းပရာမှာ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် မန်းဝင်းခိုင်သန်း နဲ့ ဒုတိယဥက္ကဌအဖြစ် ဦးအေးသာအောင် တို့ကို ရွေးချယ်တင်မြှောက် လိုက်ပါတယ်။
2016-02-02
ဇီကာကူးစက်ရောဂါနဲ့ ပတ်သက်လို့ ကမ္ဘာ့အရေးအပေါ်အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာလိုက်ပါတယ်။
2016-02-02
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်တွေ ဘယ်သူတွေလဲဆိုတဲ့ အမည်စာရင်းတွေ ထွက်ပေါ်နေပါတယ်။
2016-02-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်တဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပနိုင်နေပြီဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရာထူးကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ လာမယ့်လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးဖို့ရှိတယ်လို့ NLD ခေါင်းဆောင်တွေက ပြောပါတယ်။
2016-02-02
ကယားပြည်နယ်အတွင်းက ကျေးရွာအတော်များများမှာ နှစ်စဉ် ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။
2016-02-02
ရခိုင်ဘာသာစကားနဲ့ ရိုက်ကူးထုတ်လုပ်တဲ့ ဗီဒီယိုဇာတ်ကားတွေဟာ လွန်ခဲ့တဲ့ ၁၉၈ဝ ခုနှစ် ဝန်းကျင်လောက်က စတင်ခဲ့တာလို့ သိရပါတယ်။ ရခိုင်ဘာသာနဲ့ ရိုက်ကူးရာမှာ ကန့်သတ်ခံရတာတွေ ရှိနေဆဲဖြစ်တယ်လို့ ရခိုင်ဗီဒီယို အနုပညာရှင်တွေက ပြောကြပါတယ်။
2016-02-02
စာရေးဆရာ မောင်သာချို၊ စမ်းစမ်းနွဲ့ (သာယာဝတီ) နဲ့ ၈၈ မျိုးဆက်အဖွဲ့က ကိုမင်းကိုနိုင် တို့ဟာ ရန်ကုန်မြို့ ၅၅ လမ်းမှာ စာပေဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။