သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-02
မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က အင်အားသုံးဖယ်ရှားခံခဲ့ရတဲ့ ကျေးရွာသုံးရွာက ဒေသခံတွေဟာ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-02-02
ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ဖြန်ကျင်းပမယ့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အတွက် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အစမ်းလေ့ကျင့်ခဲ့ကြပြီး၊ စီမံခန့်ခွဲမှု သင်တန်းဆင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။
2016-02-02
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် ကနေ သယ်ဆောင်လာတဲ့ ကျပ်သိန်းပေါင်း ၄ ထောင်နီးပါး တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၄ ကီလိုကျော်ကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ရှန်ကျေး ရွာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2016-02-02
ရခိုင်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသား ပါတီ ANP ကိုယ်စားလှယ်တွေထဲက မရခဲ့ ဘူးဆိုရင် အတိုက်အခံပါတီ အဖြစ်ရပ်တည် သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန် ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ANP ပါတီတွင်း သဘော ထားကွဲလွဲမှုတွေ ရှိနေပါတယ်။
2016-02-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပေးခဲ့ရာမှာ ဒီကနေ့ပြီးဆုံးသွားပါတယ်။
2016-02-02
တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်း ချမ်းရေး ဖော်ဆောင်ဖို့ကိစ္စတွေကို ဦးစားပေးဆောင်ရွက်မယ်လို့ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌအဖြစ် လျာထားခံရသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးသာအောင် က ပြောပါ တယ်။
2016-02-02
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမဆုံးနေ့မှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နဲ့ ဒုတိယဥက္ကဌ ဦးတီခွန်မြတ် တို့ကို ရွေးချယ်တင်မြှောက်လိုက် ပါတယ်။
2016-02-02
ပြည်သူ့လွှတ်တော် ပထမနေ့ အစည်းအဝေးကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး လည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။
2016-02-01
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဘိန်းခင်းတွေကို ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဖျက်စီးနေတဲ့ ဒေသခံမူးယစ်တိုက်ဖျက်ရေး အဖွဲ့ထဲက လူ ၃ ဦးဟာ မနေ့က မိုင်းတစ်လုံးပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
2016-02-01
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမဆုံးနေ့မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ် NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ဦးတီခွန်မြတ်တို့ကို ရွေးချယ် တင်မြှောက်လိုက်ပါတယ်။
2016-02-01
နေပြည်တော် ပြည်သူ့လွှတ်တော်ခန်းမဆောင်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမဆုံးနေ့ အစည်းအဝေး ကို နိုင်ငံတကာ သံတမန်တချို့လည်း တက်ရောက် လေ့လာခဲ့ကြ ပါတယ်။
2016-02-01
နေပြည်တော် ပြည်သူ့လွှတ်တော်ခန်းမဆောင်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2016-02-01
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်- WFP က ပုံမှန် ထောက်ပံ့ပေးနေတဲ့ အခြေခံစားကုန်တွေ အစား၊ အခုနှစ် ဇန်နဝါရီလက စပြီး ငွေကြေးနဲ့ ပြောင်းလဲထောက်ပံ့နေပါတယ်။
2016-02-01
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးသစ်ကို ဈေးသူဈေးသားတွေရဲ့ ဆန္ဒအတိုင်း တည်ဆောက်ပေးဖို့အတွက် ဖေဖော်ဝါရီလမှာ စတင်မယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။
2016-02-01
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ စုပေါင်းပြီး ပင်လယ်ရေ တိုက်စားမှုကို အကာအကွယ် ပေးနိုင်မယ့် ဒီရေတောပင်တွေ စိုက်ပျိုးခဲ့ကြ ပါတယ်။