သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-24
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အများပြည်သူကို မျက်နှာမူတဲ့၊ အများပြည်သူရဲ့ သဘောဆန္ဒတွေကို ထုတ်ဖော်ပေးတဲ့ မီဒီယာတွေဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ NLD အစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့် ဒေါက်တာဖေမြင့်က ပြောကြားလိုက်ပါတယ်။
2016-03-24
လွှတ်တော်က အတည်ပြုခန့်အပ်လိုက်တဲ့ အစိုးရသစ်ဝန်ကြီးတွေ တာဝန်ယူရမယ့် ဝန်ကြီးဌာန အမည်စာရင်းတွေနဲ့ တိုင်းနဲ့ပြည်နယ်က ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေရဲ့ အမည်စာရင်းတွေကို လာမယ့်သီတင်းပါတ်အတွင်း ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
2016-03-24
အစိုးရသစ်ထဲက ပြည်ထောင်စုဝန်ကြီး ၂ ဦးရဲ့ အငြင်းပွားစရာ အမေရိကန်ပါရဂူဘွဲ့လက်မှတ်တွေ နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိနေကြားက လွှတ်တော်က ဒီကနေ့ ကန့်ကွက်သူမရှိ တခဲနက်ထောက်ခံ အတည်ပြုလိုက်တဲ့ အပေါ် ဝေဖန်ထောက်ပြသူတွေရဲ့ အမြင်တွေကို မသင်းသီရိက ဆက်ပြောပြမှာပါ။
2016-03-24
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲက ဒေသခံ ၄ ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေက သတ်ဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ အပြစ်ကျူးလွန်သူတွေကို အရေးယူပေးဖို့ နိုင်ငံတော်သမ္မတ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်၊ လွှတ်တော် ဥက္ကဌတွေနဲ့ ကေအိုင်အေ စစ်ဦးစီးချုပ်တို့ထံ ဒီနေ့ စာပေးပို့တောင်းဆိုလိုက်ပါတယ်။
2016-03-24
အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးနိုင်ဖို့အတွက် ကချင် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက အရပ်သားတွေပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအကြံပေး အဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
2016-03-24
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးညီပုကိုသာ ခန့်အပ်မှာဖြစ်ပြီး အစိုးရအဖွဲ့မှာ ANP ပါတီဝင်တွေနဲ့ ပညာရှင်တွေလည်း ပါဝင်မယ်လို့ အန်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
2016-03-24
ဒေါ်အောင်ဆန်းစုကြည် ပညာသင် ဆု လျှောက်ထားလိုသူ ကျောင်းသူ ၊ ကျောင်းသားတွေအနေနဲ့ လာမယ့် ဧပြီလကုန် နောက်ဆုံးထားပြီး ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ လျှောက်ထားနိုင်ပါတယ်။
2016-03-24
နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူတွေ အားလုံး ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။
2016-03-24
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ ထားရသူ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စု ဝန်ကြီး ၁၈ ဦးကို ကန့်ကွက်သူမရှိ တာကြောင့် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-03-24
ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်ဝန်ကြီး ချုပ်နေရာ ရရှိရေးနဲ့၊ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် ရဖို့အတွက် အစိုးရသစ်ကို တောင်းဆိုထား တဲ့ ကြေညာချက်တွေကို ထောက်ခံကြောင်း ဒေသခံ ၅ ရာလောက် စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2016-03-24
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် သူရဦးအောင်ကို ဟာ လာမယ့်အစိုးရလက်ထက်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူမယ်လို့ပြောပါတယ်။
2016-03-24
ပြည်ထောင်စုဝန်ကြီး ၁၈ ဦးရဲ့ အမည်စာရင်းထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူရဦးအောင်ကိုနဲ့ လက်ရှိ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေလည်း ပါဝင်ပါတယ်။
2016-03-24
လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းဆိုတဲ့ ဂီတအဖွဲ့ကို ဦးဆောင်နေသူ တေးရေး တေးဆို ကိုရဲလွင်ရဲ့ ဂီတနှစ် ၅ဝ ရွှေရတုခရီးအမှတ်တရ ဂီတပွဲကျင်းပမှာဖြစ်ပြီး ပွဲကရရှိတဲ့ ငွေကြေးအားလုံးကို ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ HIV ပိုးကူးစက်ခံကလေးနဲ့ လူနာစောင့်ရှောက်ရေးလုပ်ငန်းအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
2016-03-24
ပြည်ထောင်စုလွှတ်တော်က "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်"ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်းဟာ အစိုးရသစ်နဲ့ လွှတ်တော်တွေမှာ သွယ်ဝိုက်တဲ့နည်းနဲ့ သြဇာသက်ရောက်မှုရှိနေဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2016-03-24
ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလာတဲ့ အစိုးရသစ်ရဲ့ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ ဝန်ကြီးလောင်းတချို့ရဲ့ ကိုယ်ရေးနောက်ခံ အကျဉ်းထဲက နိုင်ငံခြားပါရဂူဘွဲ့တွေနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်ပေါ်လာနေတဲ့အပေါ် ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။