သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-17
ပြည်ထောင်စုလွှတ်တော်ကို နိုင်ငံတော်သမ္မတသစ် က ပေးပို့လိုက်တဲ့ ဝန်ကြီးဌာနစာရင်း (၂၁) ခုထဲက ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန (၃) ခုရဲ့ ဝန်ကြီး အမည်စာရင်းကို ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ ထံ ပေးပို့ရမှာ ဖြစ်ပါတယ်။
2016-03-17
မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းတွေ အလျှင်အမြန် ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရသစ်ကို တွန်းအားပေးမယ်လို့ တရုတ်အစိုးရရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး လာမယ့်အစိုးရအဖွဲ့သစ်မှာ သယံဇာတနဲ့ သဘာဝပတ်ကျင်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေရတဲ့ စိမ်းလန်းအမိမြေ (Eco Dev) အဖွဲ့က အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-03-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကရင်ချောင်ရွာ အနီးက ရွှေဂေါင်ဂေါင် ကျောက်လုပ်ကွက်မှာ ဒီကနေ့ မနက်က ကမ်းပါးပြိုကျတာကြောင့် ကျောက်စိမ်းတူးနေသူ သုံးဦး သေဆုံးခဲ့ပါတယ်။
2016-03-17
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ လွှတ်တော်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဂျပန်၊ ကနေဒါ၊ နော်ဝေ၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ် စတဲ့ သံရုံး တာဝန်ရှိသူတွေ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-03-17
အစိုးရနဲ့အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့တိုင်းပြည်ဖံ့ွဖြိုးတိုးတက်ရေးအတွက် အစိုးရအသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြော ပါတယ်။
2016-03-17
ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ရေးအတွက် မြန်မာအစိုးရသစ်ကို တွန်းအားပေးသွားမယ်လို့ တရုတ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး လျူဇန်မင်းက ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2016-03-17
မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ မန်းရွှေစက်တော် ဘုရားပွဲကျင်းပခြင်း ဆိုင်ရာ လေ့လာညှိနှိုင်းရေး ကော်မတီကို လွှတ်တော် ကိုယ်စားလှယ် ၆ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2016-03-17
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြိုနယ်ခွဲ မကျည်းကျောင်း ဝကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံ နှစ်ဦးကို သေနတ် နဲ့ပစ်သတ်ခဲ့တဲ့ ခလရ ၂၈၀ က ဗိုလ်ကြီး ဇော်မျိုးထက် ကို လူသတ်မှုနဲ့အမှုဖွင့်ထားတယ်လို့ ခေါဇာမြို့နယ်ခွဲရဲစခန်းမှူး က ပြောပါတယ်။
2016-03-17
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငွေကြေး အရှုပ်အရှင်းတစ်ခုကိုဖြေရှင်းပေးဖို့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော် ကေ အိုင်အေအဖွဲ့ထံ တိုင်ကြားခဲ့တဲ့ ဒေသခံ လေးဦး ကို မတရား အသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ မြစ်ကြီးနားမြို့ မြို့မ အမှတ် ၁ ရဲစခန်းက အမှုဖွင့်လိုက်ပါတယ်။
2016-03-17
အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာန ၂၁ ခုနဲ့ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ခန့်အပ်ထားရှိ မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ဒီနေ့ ကြေညာလိုက်ပါတယ်။
2016-03-16
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် the Root Investigative Agency (RIA) သတင်းအေဂျင်စီ က သတင်းထောက် ကိုမင်းမင်းရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက် ပြီး မြန်မာအစိုးရအနေနဲ့ စုံစမ်းဖေါ်ထုတ် အရေး ယူပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။
2016-03-16
မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအရေအတွက်၊ အမည်တွေနဲ့ ဝန်ကြီး ဦးရေ သတ်မှတ်တာကို တင်ပြရတော့မှာဖြစ်ပါတယ်။
2016-03-16
ဒီနေ့ဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့ တုန်းက ပြည်လမ်းမပေါ်က တံတားဖြူအနီးမှာ ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်နဲ့ စက်မှု တက္ကသိုလ်ကျောင်းသားတွေကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့ တာကြောင့် တံတားနီလို့ သတ်မှတ်ရတဲ့အထိ သွေး လွှမ်းခဲ့တဲ့နေ့ ဖြစ်ပါတယ်။
2016-03-16
မနေ့က ပြည်ထောင်စုလအတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ ဦးထင်ကျော်ကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားနဲ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံထဲက မြို့ကြီးတချို့မှာ ပြုလုပ်ခဲ့ပါတယ်။
2016-03-16
အရပ်သားသမ္မတ ဦးထင်ကျော်ရွေးချယ်တင်မြှောက်ခံရတဲ့အပေါ် ပြည်သူလူထုအကြား ဘယ်လောက်ထိ နိုးကြားတက်ကြွနေကြသလဲဆိုတာ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြပါလိမ့်မယ်။