သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-16
ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ သဘောထားတင်းမာသူအဖြစ် ဝေဖန်နေကြတဲ့ ဦးမြင့်ဆွေဟာ ဒုသမ္မတ (၁) ဖြစ်လာတဲ့အတွက် NLD ပါတီက သမ္မတတွေအနေနဲ့ မြန်မာ့အရေးဆောင်ရွက်ရာမှာ ဘယ်လို အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေရှိနိုင်သလဲဆိုတဲ့ အမြင်နဲ့သဘောထားတွေကို RFA အဖွဲ့သူ မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2016-03-16
နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော် က ရွေးချယ်တင်မြှောက်လိုက်တဲ့ ဦးထင်ကျော်ကို ရန်ကုန်တိုင်း ကွမ်းခြံကုန်းနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့ပါတယ်။
2016-03-16
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ဘုရင့်နောင်ဈေးမှာ မတ်လ ၁၆ရက်နေ့ မနက်က မီးလောင်ကျွမ်းခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၄၀ ကျော် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
2016-03-16
မကွေးမြို့နယ် ညောင်ပင်သာကျေးရွာမှာ ဒီကနေ့ နေ့လည် ၁ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားတဲ့အတွက် တရွာလုံးနီးပါး ပျက်စီးလောင်ကျွမ်းသွားပါတယ်။ မီးသတ်ကား ဝင်နိုင်လောက်တဲ့ လမ်းမရှိတာကြောင့် ညနေ ၅ နာရီအထိ မီးမငြိမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။
2016-03-16
ကျပ်ငွေသိန်းပေါင်းများစွာ အကုန်အကျခံပြီး တည်ဆောက်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဟာ ဖွင့်လှစ်ခဲ့တာ တစ်လကျော်အပြီးမှာ ပျက်ဆီးနေတာကြောင့် လွိုင်ကော်တက္ကသိုလ်က ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်လိုက်ကြပါတယ်။
2016-03-16
ရခိုင်ပြည်နယ် စစ်တွေမြို့ ရှုခင်းသာလမ်းမှာရှိတဲ့ View Point ခေါ် ပွိုင့်အပန်းဖြေ စခန်းမှာ လူတစ်ဦးကို ဝင်ကြေးငွေ ၃ဝဝ ကျပ်စီကောက်ခံနေတာကြောင့် ဒေသခံတွေ က ကန့်ကွက်နေပါတယ်။
2016-03-16
ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်က ကျေးရွာ ၁၀၀ ကျော်ဟာ သောက်သုံးရေ ပြတ်တောက်တာနဲ့ ကြုံတွေ့ရတာကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ကဝမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က သောက်သုံးရေ သိုလှောင်ဖြန့်ဝေဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။
2016-03-16
မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားဒေသဖြစ်တဲ့ မကွေးတိုင်း ရေနံချောင်း မြို့နယ်မှာ အယ်နီညို ရာသီဥတုဒဏ်ကို ခံစားနေရပြီဖြစ်ပြီး၊ ကျေး ရွာတော်တော်များများမှာ ရေတွင်းရေကန်တွေ ခမ်းခြောက်နေပါတယ်။
2016-03-16
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း အရပ်သားသမ္မတတစ်ယောက် တင်မြှောက် လိုက်နိုင်တာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။
2016-03-16
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက သင့်တော်သူတစ်ဦးဦးကို ရွေးချယ်ခန့် အပ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်ထံ ပြည်ပရောက်ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2016-03-16
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် သတင်းထောက် ကိုမင်းမင်းရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ စုံစမ်းဖော် ထုတ်အရေးယူပေးဖို့ ပြင်သစ်အခြေစိုက်နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2016-03-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်တယ် ဆိုပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးခံထားရသူတွေထဲက ၂ ဦး ကို ကျောက်တော်မြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2016-03-16
ပြည်ထောင်စုလွှတ်တော်က ဦးထင်ကျော် ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့ အတွက် တပ်မတော်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
2016-03-16
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့ ဦးထင်ကျော်ကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာသူ ကျေးရွာသားတွေက ဒီနေ့ ဂုဏ်ပြု ကြိုဆို ပွဲကျင်းပကြပါတယ်။
2016-03-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းခဲ့တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူ တို့ကို ပြည်ထောင်စုလွှတ်တော်မှာ မဲပေးထောက်ခံခဲ့ ကြတဲ့ နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စား လှယ်တွေကို အထူးကျေးဇူးတင်ကြောင်းနဲ့ ပြည် သူတွေနဲ့အတူ ရှေ့ဆက်ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်း စုကြည် က ကြေညာချက်ထုတ်ပြန်ပါတယ်။