သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-16
အန်အယ်လ်ဒီပါတီ အစိုးရသစ်လက်ထက် မှာ အသုံးစရိတ်တွေကို လျော့ချနိုင်ဖို့ အတွက် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေ အတွက် ၂၀ လောက်သာ ထားရှိမှာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
2016-03-16
ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးပွဲမှာ ဦးထင်ကျော် က ထောက်ခံမဲ ၃၆၀ ရရှိပြီး မဲအပြတ်အသတ် နဲ့ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးချယ်ခံလိုက် ရတာနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံအသီးသီး ကို ရောက်နေတဲ့ မြန်မာလူမျိုးတွေရဲ့ ခံစားချက် နဲ့ မျှော်လင့်ချက်တွေကို RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-03-16
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ အရပ်သား သမ္မတအဖြစ် ဦးထင်ကျော်ကို ရွေးချယ်တင်မြှောက်နိုင်ခဲ့တဲ့ အပေါ် နိုင်ငံရေးပါတီတွေကလည်း ဂုဏ်ပြုကြိုဆို ကြပါတယ်။
2016-03-16
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Ms.Yan Hee Lee က မနေ့က တင်သွင်းခဲ့ပါတယ်။
2016-03-16
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေက သာယာဝတီမြို့နယ် တရားရုံးရဲ့ အမှုစစ်ဆေးမှုတွေကို သပိတ်မှောက်လိုက်ပြီး ရှေ့နေကိုယ်စားလှယ်လွှဲစာတွေကို ရုပ်သိမ်းလိုက်ပါတယ်။
2016-03-16
နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်၊ ဒုတိယသမ္မတ ၁ အဖြစ် ဦးမြင့်ဆွေနဲ့ ဒုတိယသမ္မတ ၂အဖြစ် ဦးဟင်နရီဗန်ထီးယူ တို့ကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
2016-03-16
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တောကန်ကျေးရွာမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ကျေးလက်ကျန်းမာရေးဌာနတစ်ခုကို ကျန်းမာရေးဝန်ကြီးဌာနထံ ဒီနေ့ လွှဲပြောင်းပေးခဲ့ပါတယ်။
2016-03-16
ပညာရေးဥပဒေပြင်ဆင်ပေးဖို့ တောင်းဆိုလှုပ်ရှားတဲ့ ကျောင်းသားသပိတ် အကြောင်း မြန်မာဓာတ်ပုံသတင်းထောက်တွေ ရိုက်ကူးထားတဲ့ "ချောင်ပိတ်မိခြင်း" လို့ အမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ၄၄ လမ်းမှာရှိတဲ့ "မြန်မာဒိတ္တ" ပြခန်း မှာ ပြသခဲ့ပါတယ်။
2016-03-16
မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းတလျှောက် ကျုးကျော်နေထိုင်ကြသူတွေအတွက် တိုင်းဒေသကြီးအစိုးရက အငှားအိမ်ယာတွေ မဲဖောက် ငှားရမ်းပေးနေရာမှာ မဲမပေါက်တဲ့သူတွေဟာ လက်ရှိ သူတို့နေအိမ်တွေ ဖျက်ဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။
2016-03-16
တစ်ပတ် ဒုတိယပိုင်းအနေနဲ့ ကချင်ပြည်နယ် မိုင်းနောင် ရွှေလုပ်ကွက်တွေကို သွားရောက်လေ့လာခဲ့ရာမှာ သိရှိခဲ့ရတဲ့ ရွှေလုပ်သားတွေအကြောင်းကို တင်ပြပေးမှာပါ။
2016-03-16
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ အခုလ၆ရက်နေ့ကစတင်ပြီး အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဖြစ်တဲ့ တအာန်း TNLA, ကချင် KIA တပ်တွေအကြား တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာ ပိတ်မိနေတဲ့ဒုက္ခသည်တွေကို ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာကျေးရွာက သံဃာတော်တွေက သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။
2016-03-16
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော် ကို တင်မြှောက်လိုက်ပါတယ်။
2016-03-16
နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်ရဲ့ ကိုယ်ရေးအကျဉ်းချုပ်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ဆက်ပြီးတင်ပြပေးမှာပါ။
2016-03-15
မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်ကနေ အခု (၅၄) နှစ် အကြာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်တဲ့ အရပ်သားစစ်စစ် ဦးထင်ကျော်ကို ဒီမိုကရေ စီနည်းကျ သမ္မတသစ်အဖြစ် ပြည်ထောင်စုလွှတ်တော်မှာ မတ်လ ၁၅ ရက် မနေ့က ရွေးကောက်တင်မြှောက်လိုက်တဲ့ အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ပြည်တွင်းပြည်ပ အဖွဲ့တွေက ဂုဏ်ပြုကြိုဆိုလိုက်ကြပါတယ်။
2016-03-15
သမ္မတအဖြစ် ရွေးချယ်ခံရတာဟာ ပြည် သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲဖြစ်တယ်လို့ သမ္မတသစ် ဦးထင်ကျော်က မနေ့ကပြောလိုက်ပါတယ်။