သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-13
RIT ကျောင်းသားဟောင်းတချို့ဖွဲ့စည်းထား တဲ့ ကိုဘုန်းမော်-ကိုစိုးနိုင်စာပေဆုကို ဒီနှစ် အတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ABFSU ကို ချီးမြှင့်မယ်လို့ သိရပါတယ်။
2016-03-12
ဖားကန့်မှာ အနယ်နယ်အရပ်ရပ်ကလာရောက် ပြီး ရေမဆေးကျောက်ရှာဖွေနေတဲ့ အလုပ် သမားတွေ တစ်သိန်းခွဲနဲ့ နှစ်သိန်းကြားရှိပြီး၊ မူးယစ်ဆေးစွဲသူတွေလည်း ထက်ဝက်မက ရှိနေပြီလို့ သိရပါတယ်။
2016-03-12
နိုင်ငံအကြီးအကဲ တာဝန်လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ တာဝန်လွှဲပြောင်းမှု ထောက်ကူပြုကော်မတီနဲ့ NLD ပါတီဘက် တာဝန်ရှိသူတွေ မနေ့က လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါတယ်။
2016-03-12
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ NLD ပါတီအစိုးရ ဖွဲ့စည်းပြီးချိန်မှာ အစိုးအဖွဲ့ထဲမှာမပါပဲ ပါတီဥက္ကဌအဖြစ်သာ ဆက်လက်ဦးဆောင် တာဝန်ယူသွားနိုင်တယ်လို့ NLD ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2016-03-12
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ခွင့်ပြုချက် မပါဘဲ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့တဲ့ ANP ပါတီရဲ့ အလုပ် အမှုဆောင် ကော်မတီဝင် ၆ ဦးကို အရေးယူသွားဖို့ ဒီနေ့ အရေးပေါ်ကျင်းပတဲ့ ANP ပါ တီဗဟိုကော်မတီ အစည်း အဝေးက ဆုံးဖြတ်လိုက်ပါတယ်။
2016-03-12
ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေကျေးရွာမှာရှိတဲ့ သဘာဝ အကောင်းဆုံး ကျောက်မျက်ကုမ္ပဏီက တရုတ်လူမျိုးအဝယ်တော်ဖြစ်သူနဲ့ မြန်မာအလုပ်သမားတွေ စကားများရန်ဖြစ်ရာကနေ မြန်မာအလုပ်သမားတွေက ကုမ္ပဏီရုံးကို မီးရှို့လိုက်ကြပါတယ်။
2016-03-12
ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီ ရပ်ကွက်မှာနေထိုင်တဲ့ ၈ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံရတဲ့ စစ်တွေမြို့အခြေစိုက် ခမရ- ၃၅၄ တပ်ရင်းက တပ်သား နေဝင်းအောင်ကို စစ်တွေခရိုင်တရားရုံးက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထောင်ဒဏ် ၁ဝ နှစ် အမိန့်ချမှတ်လိုက် ပါတယ်။
2016-03-12
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD ပါတီအစိုးရ ဖွဲ့စည်းပြီးချိန်မှာ အစိုးအဖွဲ့ထဲမှာ မပါဘဲ ပါတီ ဥက္ကဌအဖြစ်သာ ဆက်လက်ဦးဆောင် တာဝန်ယူ သွားနိုင်တယ်လို့ NLD ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
2016-03-11
ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမ္မတ မွန်အမျိုးသား တစ်ဦးဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီရဲ့ ဒုတိယဥက္ကဌလည်းဖြစ်၊ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင် စီရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ်တဲ့ နိုင်ဟံသာက ကြိုဆိုလိုက်ပါတယ်။
2016-03-11
ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော် ကနေ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံ လိုက်ရတဲ့ ဦးထင်ကျော်နဲ့ ပတ်သက်တဲ့ စာပေလော ကသားတွေရဲ့အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင် ပါတယ်။
2016-03-11
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ပတ်သက်တဲ့ အမြင်နဲ့ သုံးသပ်ချက်တချို့ကို RFA အဖွဲ့သူ မသင်းသီရိက တင်ပြထားပါတယ်။
2016-03-11
လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ကျင်းပ မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒုတိယ သမ္မတအဖြစ် တင်မြှောက်ထားတဲ့ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ သုံးဦးထဲက တစ်ဦးကို သမ္မတအဖြစ် လွှတ်တော် ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ကြမှာ ဖြစ် ပါတယ်။
2016-03-11
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ KIA တို့ တိုက်ပွဲတွေ ထပ်ဖြစ်နေတာကြောင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ် ကာကျေးရွာကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၆ဝဝ ကျော်ရှိနေပါတယ်။
2016-03-11
လွှတ်တော်မှာ သောကြာနေ့က ဒုသမ္မတတွေရွေးချယ်လိုက်ပြီး၊ သမ္မတကို မတ်လ ၁၅ ရက်နေ့ ရွေးချယ်တော့မှာပါ။ အဲ့ဒီနောက်မကြာခင်မှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ NLD အစိုးရသစ် ပေါ်ပေါက်လာတော့မှာဖြစ်တဲ့အတွက် အစိုးရသစ်အပေါ် လူထုရဲ့မျှော်လင့်ချက်၊ အစိုးရသစ်အနေနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိတဲ့အခက်အခဲနဲ့ ဦးစားပေးဆောင်ရွက်သင့်တဲ့ကိစ္စတွေ အကြောင်းကို၊ အာဇာနည် ဦးဘဝင်းရဲ့သားလည်းဖြစ် စင်ပြိုင်အစိုးရဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာစိန်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2016-03-11
အစိုးရသစ် ဒုတိယသမ္မတလောင်းအဖြစ် အမျိးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုထားတဲ့ ဦးထင်ကျော် ကို ပြည်သူ့လွှတ်တော် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယသမ္မတ အဖြစ် ရွေး ချယ် တင်မြှောက်လိုက်ပါတယ်။