သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-11
အစိုးရသစ် ဒုတိယသမ္မတလောင်းအဖြစ် အမျိးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုထားတဲ့ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်-၃ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူကို အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ဒုတိယသမ္မတအဖြစ် ရွေးချယ် တင်မြှောက်လိုက်ပါတယ်။
2016-03-11
အခုရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတထောင်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2016-03-11
အပတ်စဉ်သောကြာနေ့တိုင်း RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ တင်ဆက်နေတဲ့ မှတ်မှတ်သားသားစကားများအစီအစဉ်ပါ။ ဒီတပတ်မှာ သမ္မတလောင်းရွေးခြယ်တင်မြောက်မှုတွေအကြာင်း ပြောကြားချက်တချို့ကို ကောက်နှုတ်တင်ပြထားပါတယ်။
2016-03-11
ကချင်ပြည်နယ် ဖားကန့်ဒေသ မှာ ကျောက်မျက်တူးဖော်တဲ့ ယာဉ်ယန္တရားတွေ တင်သွင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာခင်မောင်ထွန်းတို့ စစ်ဆေးခံနေရကြောင်း သတင်းရေးသားဖော်ပြခဲ့တဲ့ Eleven နေ့စဉ်ထုတ်သတင်းစာ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်တို့ကို အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2016-03-11
နိုင်ငံတော် သမ္မတနဲ့ အစိုးရတာဝန် လွှဲပြောင်းရေးကိစ္စတွေအတွက် လက်ရှိ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ်တွေ ဒီနေ့ နေပြည်တော်မှာ ၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2016-03-11
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်တွေ တိုက်ပွဲတွေကြောင့် ကျေးရွာသားတွေ ထွက်ပြေးလာတာ တစ်ထောင်ကျော်လောက်ရှိနေပါတယ်။
2016-03-11
လွှတ်တော်နှစ်ရပ်ပေါင်းမှာရှိတဲ့ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်မယ့် ဒုတိယသမ္မတလောင်း အဖြစ် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ရွေးချယ်လိုက်တယ်လို့ တပ်မတော် က သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-03-11
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တွေက ဦးဟင်နရီ ဗန်ထီးယူကို ဒုတိယ သမ္မတတွေအဖြစ် ဒီကနေ့ မနက်က တင်မြှောက် လိုက်ကြပါတယ်။
2016-03-10
နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ၂ဦးကို ရွေးချယ်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်တွေက ဒီနေ့ အဆိုပြုတင်သွင်းရာမှာ NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်အတွက် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ တို့ကို ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
2016-03-10
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြ ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခံရတဲ့ တစ်နှစ်ပြည့် အခမ်းအနားကို ပဲခူး၊ မန္တလေး၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးတွေမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-03-10
နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ၂ဦးကို ရွေးချယ်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ဒီနေ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အစုအဖွဲ့တွေက ဒီနေ့ အဆိုပြုတင်သွင်းခဲ့ကြပါတယ်။
2016-03-10
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ အရက်ချက်စက်ရုံကနေ ရေဆိုးမြောင်းထဲ စွန့်ပစ်လိုက်တဲ့ ကဇော်ဖတ်တွေကို ငါးကန်တွေမှာ ပြန်ရောင်းဖို့အတွက် အနီးအနားမှာ နေထိုင်ကြတဲ့ မိသားစုတွေက ဆယ်ယူရောင်းချနေကြပါတယ်။
2016-03-10
မန္တလေးတိုင်း တံတားဦးမြို့နယ်ထဲက ဧရာဝတီ မြစ်ရိုးတဝိုက်မှာရှိတဲ့ ကျေးရွာတွေမှာ အခုတလော အုပ်စုဖွဲ့လုယက်မှုတွေ များလာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2016-03-10
ပြီးခဲ့တဲ့နှစ်က ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း အင်အားသုံး ဖြိုခွဲခံခဲ့ရတဲ့ တစ်နှစ်ပြည့်အခမ်းအနားကို လက်ပံတန်းမြို့ အောင်မြေ ဗိမာန်ကျောင်းတိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။