သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-10
အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း အင်အားသုံး ဖြိုခွဲခံခဲ့ရတဲ့ တနှစ်ပြည့်အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။
2016-03-10
အစိုးရသစ်ကို ဦးဆောင်မယ့် နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ၂ ဦးကို ရွေးချယ်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ဒီနေ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အစုအဖွဲ့တွေက ဒီနေ့ အဆိုပြု တင်သွင်းခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာ NLD ပါတီက ဦးထင်ကျော်၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်းတို့ကို အဆိုပြုခဲ့ပြီး အမျိုးသားလွှတ်တော်မှာ NLD ပါတီက ဦးဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးခင်အောင်မြင့်တို့ကို အဆိုပြုခဲ့ကြတာပါ။
2016-03-10
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေ ယာလျော်ကြေးကိစ္စနဲ့ပတ်သက်ပြီး ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတွေကို ဆန္ဒပြလို့ ငြိမ်းစုစီ ပုဒ်မ နဲ့ ဒေသခံ ၆ဝ ကျော်ကို အရေးယူထားပါတယ်။
2016-03-10
ပဲခူးဆေးရုံကြီးမှာ မတ်လ ၇ ရက်က ပြင်ပဆေး ဆိုင်တွေမှာရောင်းတဲ့ အသည်းရောင်ဘီပိုး ကာကွယ်ဆေးကိုဝယ်ပြီးထိုးလိုက်တဲ့အတွက် မွေး ကင်းကလေးငယ် ၃ ယောက်သေဆုံးခဲ့ရပါတယ်။
2016-03-10
သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတချို့ရဲ့ တိုက်ခန်းလျှောက်လွှာကိစ္စ Facebook အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံံ့ခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေနဲ့ညီညွတ်မှုမရှိပဲ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ စစ်ဆေးနေတဲ့ ဆောက် လုပ်ရေးဝန်ကြီး အပါအဝင် ဌာနအကြီးအကဲတွေကို အရေးယူပေးဖို့ ဝန်ထမ်းတွေက မတ်လ ၈ ရက်နေ့ စွဲနဲ့ နိုင်ငံတော်သမ္မတထံ တိုင်ကြားစာပေးပို့ လိုက်ကြောင်း သိရပါတယ်။
2016-03-10
NLD ပါတီက ဒုသမ္မတလောင်းအမည်စာရင်းတွေကို လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေရဲ့ အမြင်နဲ့သုံးသပ်ချက်တွေကိုတော့ မသင်းသီရိက စုစည်းတင်ဆက်ထားပါတယ်။
2016-03-10
၂ဝဝ၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဂမ္ဘီရခေါ် ဦးညီညီလွင်ကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁)နဲ့ စွဲချက်တင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-03-10
အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့ တစ်နှစ်ပြည့်အခမ်းအနားကို သပိတ် စစ်ကြောင်းဖွင့်ခဲ့တဲ့ လက်ပံတန်းမြို့မှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-ဗကသ အဖွဲ့က ကျင်းပခဲ့ပါတယ်။
2016-03-10
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေ ယာတွေအတွက် လျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆို ကြတဲ့ တောင်သူ ၆၅ ဦးကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့် လိုက်ပါတယ်။
2016-03-10
အမျိုးသားလွှတ်တော်မှာ ဒုတိယ သမ္မတလောင်းတစ်ဦးအဖြစ် အဆိုပြုခံရတဲ့ ဦးဟင်နရီ ဗန်ထီးယူက ချင်းတိုင်းရင်းသားတစ်ယောက် အနေနဲ့ ဂုဏ်ယူကြောင်းနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
2016-03-10
လွှတ်တော်မှာ ဒီနေ့ စတင်တဲ့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်တွေဟာ မဲဆန္ဒရှင်တွေရဲ့ မျှော်မှန်းချက်နဲ့ လိုလားတောင့်တချက်တွေကို ဖော်ဆောင်ရေးရဲ့ အရေးကြီး တဲ့ ခြေလှမ်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
2016-03-10
ဒုတိယသမ္မတ အမည်စာရင်းတွေကို မနက်ဖြန် မတ်လ (၁၀) ရက်ကြာသပတေးနေ့မှာ ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းကြတော့မှာနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တချိုရဲ့ အမြင်နဲ့ သုံးသပ် ချက်တွေကို မသင်းသီရိက စုစည်းတင်ပြထား ပါတယ်။
2016-03-10
ပညာရေးသပိတ်မှောက်မှုကြောင့်ဖမ်းဆီးခံနေရ တဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေ ကိုလွှတ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းကွန်ရက် ၂၆ ခုက ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။
2016-03-10
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက် (၈၈) ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းက မမီးမီးကို ပုဒ်မ ၁၈ နဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်စစ်ဆေးခဲ့ရာမှာ မီးမီးက အာမခံမယူတဲ့အတွက် အင်းစိန်ထောင်ကိုပို့ဆောင်လိုက်ပါတယ်။
2016-03-10
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် NNER နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်တွေဟာ တိုင်းရင်းသားဒေသတွေအတွက်ပါ အကျုံးဝင်တဲ့ ဖက်ဒရယ်ပညာရေးစနစ် ပေါ်ထွန်းလာရေးအတွက် ရန်ကုန်မြို့က UNA ရုံးမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။