သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-04
NLD ပါတီက သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးကို အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲစစ်ဆေးမှာဖြစ်ပြီး ရရှိတဲ့အဆင့်အပေါ်မူတည်ကာ အင်္ဂလိပ်စာသင်တန်း တက်ရောက်သင်ကြားဖို့ စီစဉ်နေပါတယ်။
2016-03-03
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်လုံကျေးရွာက အရင်စစ်သင်္ချိုင်းနေရာမှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ တောင်သူတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး တရားစွဲခံရတဲ့ ဒေသခံတောင်သူတွေနဲ့ မြို့မိမြို့ဖတွေက မတ်လ ၃ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-03-03
မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေက ကြက်သွန်စိုက်ခင်းတွေမှာ ရေလုံလောက်အောင် မရတဲ့အတွက် ကြက်သွန်ခင်း ဧက ၆ ရာနီးပါး ပျက်စီးနေပါတယ်။
2016-03-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးက ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေထဲမှာ အစိုးရဝန်ထမ်း လုပ်ကိုင်ခဲ့ဖူးသူတွေ အများအပြားရှိနေပါတယ်။
2016-03-03
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဗကသကျောင်းသားတွေနဲ့ တကသကျောင်းသားတွေကို မတ်လ ၃ ရက်နေ့ ဒီနေ့ လှိုင်မြို့နယ်နဲ့ ကမာရွတ်မြို့နယ် တရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2016-03-03
ရှမ်းနိုင်ငံရေးပါတီ နှစ်ခုနဲ့ ရှမ်းလက်နက်ကိုင်တပ်မတော် နှစ်ခု ပါဝင်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးကို ရန်ကင်းမြို့နယ် မီကာဆာဟိုတယ်မှာ ကျင်းပနေပါတယ်။
2016-03-03
မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုတွေ အခုထက်ပိုမိုလုပ်ဆောင်ဖို့ လိုကြောင်း ဆုံးဖြတ်ချက်ချဖို့အတွက် အဆိုပြုလွှာတစ်ရပ်ကို နာမည်ကြီး အမေရိကန် အောက်လွှတ်တော်အမတ်တွေဖြစ် ကြတဲ့ ဂျိုးဇက်ဖ် ကရော်လီ Joe Crowley နဲ့ စတိဗ်ရှားဘာ့တ် Steve Chabot တို့က မတ်လ ၃ ရက်နေ့မှာ တင်သွင်းလိုက် ပါတယ်။
2016-03-03
ပဲခူးရိုးမမှာ တရားမဝင်သစ်ခိုးထုတ် မှုတွေကို ကာကွယ်ဖို့အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး တရားမဝင် သစ်ခိုး ထုတ်မှုတွေကို သစ်တောဥပဒေနဲ့ အရေးယူဆောင်ရွက် မှာဖြစ်ကြောင်း ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2016-03-03
ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ ခိုလှုံနေကြတဲ့ စစ်ဘေး ဒုက္ခသည် လေးထောင်ကျော်ထဲက နှစ်ထောင်ကျော်ဟာ ဒီရက်ပိုင်းမှာ သူတို့နေထိုင်တဲ့ ကျေးရွာတွေကို ပြန်ကြ တယ်လို့ သိရပါတယ်။
2016-03-03
ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တစ်နိုင်ငံလုံး က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ချီးမြှင့်ငွေကျပ် သိန်းပေါင်း ၂၁ဝဝ ကျော် စတင်ထုတ်ပေးနေတယ်လို့ သိရပါတယ်။
2016-03-03
ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရ အဖွဲ့မှာ ဦးဆောင်ခွင့်ပေးဖို့နဲ့ မပေးရင် အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမယ်ဆိုတဲ့ ကြေညာ ချက်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကနေ ရပ်စဲသွားမယ်ဆိုတဲ့ ကြေညာချက် ၂ စောင်ကို ပါတီဟောင်းဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် က ခေါင်းဆောင်တွေက ကန့်ကွက်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
2016-03-03
ရှမ်းပြည်နယ် တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာမှာ ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေက ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေးပြီး နှုတ်ပိတ်တဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းပြည်နယ် တောင်သူ လယ်သမားများကွန်ရက်နဲ့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်တို့က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2016-03-03
အန်အယ်လ်ဒီပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် အစည်းအဝေးတွေမှာ တင်သွင်း မယ့် မေးခွန်းတွေ အဆိုတွေကို စိစစ်မယ့်အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2016-03-03
ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း ရှိ ကျောက်စိမ်းတူးဖော်ရာ နယ်မြေအတွင်း လိုင်စင်မဲ့ စက်ယန္တရားတွေ တင်သွင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ စီးပွားကူး သန်းဌာနက ညွန်ကြားရေးမှူးချုပ်တို့ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2016-03-03
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ မှာ ကျောက်စိမ်းတူးဖော်ရေးယာဉ်တွေ တရားမဝင် တင်သွင်းမှုရှိတယ်ဆိုပြီး ပြည်ထောင်စုနဲ့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတချို့ကို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။