သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-03
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းလူငယ်များ ကွန်ရက်တို့နဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီ ညွတ်ရေးကော်မတီ အစည်းအဝေးကို ဒီနေ့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ ကျင်းပနေပါတယ်။
2016-03-03
ပြည်နယ်ဝန်ကြီးချုပ်တာဝန်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်မယ်ဆိုရင် ဥပဒေအရ လုပ်သင့်တာဖြစ်ကြောင်း နဲ့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတာဝန်တွေကို ကျန်တဲ့ တိုင်းရင်းသားတွေကို ဦးစားပေးသင့်ကြောင်း SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
2016-03-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှာ တခြား ဒုက္ခသည်စခန်းတွေလိုပဲ ပြောင်းရွှေ့နေထိုင်ကြရတာ ၄ နှစ်နီးပါးရှိနေပြီဖြစ်တဲ့ ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်းရှိပါတယ်။
2016-03-02
NLD ပါတီ ကိုယ်စားလှယ်တွေကို မကျေနပ်တာတွေ ရှိရင် တိုင်ကြားနိုင်ဖို့အတွက် NLD ပါတီ ရဲ့တိုင် ကြားရေးဌာနကို စနေနေ့က စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ပါတယ်။
2016-03-02
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂ဝ၁၂ခုနှစ် ဇွန်လ အတွင်း နှစ်ဖက်လူ့အဖွဲ့အစည်းကြား အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့စဉ်က ထောင်နဲ့ချီရှိတဲ့ ရခိုင် တိုင်းရင်းသား မိသားစုတွေလည်း နေအိမ်တွေ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ပါတယ်။
2016-03-02
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနိုင်ဖို့ အစိုးရပိုင်အဆောက်အအုံတွေမှာ နေရာချထားပေးနိုင်မှုမရှိတာကြောင့် ကိုယ်စားလှယ်တွေဟာ လွှတ်တော်တက်ချိန်မှာ နေထိုင်ရေး အခက်အခဲတွေ ကြုံတွေ့ရတာတွေရှိနေပါတယ်။
2016-03-02
ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းခဲ့တဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့တာ နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။
2016-03-02
ပုဒ်မ ၅၉ (စ) ကို လွှတ်တော်မှာ ပြင်ဖို့ ခြေလှမ်းမစတင်ရပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနှေးနဲ့အမြန် သမ္မတဖြစ်ရေးကို ဦးတည်ကြိုးပမ်းနေတယ်လို့ NLD ပါတီ တာဝန်ရှိသူတွေက ပြောဆိုနေပါတယ်။
2016-03-02
NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တဲ့ အရည်အချင်းစစ် စာမေးပွဲတွေမှာ ရလာဒ်မကောင်းခဲ့တဲ့ အမတ်တွေကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အမြင်နဲ့ သုံးသပ်ချက်တချို့ကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2016-03-02
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ခံတက်ချဉ်ကျေးရွာ အုပ်စုက တရော်ပင်ကျေးရွာမှာ လွန်ခဲ့တဲ့ ၁၉၇ဝ ခုနှစ်ကတည်းက စစ်တပ်က သိမ်းဆည်းထား တဲ့ မြေတွေမှာ ဒေသခံ ၃ဝဝ ကျော် မတ်လ ၂ ရက်နေ့ ဒီကနေ့ ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။
2016-03-02
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ငမန်းရဲကျွန်းတာတမံ ဆည်ဖို့ရာမှာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပုစွန်ကန်တွေကို ချန်လှပ်ပြီး ဆည်ဖို့တာကြောင့် ဒေသခံတွေ မတ်လ ၂ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2016-03-02
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ထောင်နဲ့ချီတဲ့ ရခိုင်တိုင်းရင်းသားတွေ နေအိမ်တွေ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ပါတယ်။
2016-03-02
မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလကုန်အထိ အယ်နီညိုရာသီဥတု ဖြစ်ပေါ်နိုင်ပြီး သမိုင်းမှတ်တမ်းမှာ အင်အားအပြင်းထန်ဆုံး ဖြစ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။
2016-03-02
စက္ကူတမျိုးတည်းကို အသုံးပြုပြီး လူပုံ၊ ရှုခင်းပုံနဲ့ ပုံအမျိုးမျိုး ဖန်တီးထားတဲ့ အနုပညာပြပွဲတခုကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက လောကနတ် အနုပညာပြခန်းမှာ ပြသထားပါတယ်။
2016-03-02
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး-ကန်ပိုက်တီဒေသမှာ ဘိန်းခင်းဖျက်ဆီးတဲ့ ပတ်ဂျာဆန် ကချင်လူထုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေး အဖွဲ့ခွဲတွေနဲ့ ဒေသခံရွာသားတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ခွဲ ၆ ဖွဲ့ က ခေါင်းဆောင်တွေကို ပြည်နယ်ရဲတပ်ဖွဲ့က ဒီနေ့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။