သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-25
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ ထိုင်းနိုင်ငံသားပိုင် မော်လမြိုင် ဘိလပ်မြေ စက်ရုံအတွက် ကျောက်မီးသွေးသုံးဓာတ် အားပေး စက်ရုံတည်ဆောက်နေတာကို ရပ်ဆိုင်းပေးဖို့ ဒေသခံ လေးထောင်နီးပါးက လက်မှတ်ရေးထိုး ပြီး ဒီနေ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြလိုက်ပါတယ်။
2016-04-25
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စပြီး လေးရက်ဆက်တိုက် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း၊ ချင်း စတဲ့ တိုင်းဒေ သကြီးနဲ့ ပြည်နယ် ၅ ခုမှာ မိုးသီးကြွေတာ၊ လေပြင်းတိုက် တာနဲ့ မိုးကြီးခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး နေအိမ် တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
2016-04-25
ဧရာဝတီတိုင်းဒေသကြီးမှာ နေထိုင် တဲ့ ပြည်သူတွေအားလုံး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိစေဖို့အတွက် တရားဥပဒေစိုးမိုးပြီး လာဘ်ပေး လာဘ်ယူကင်း စင်အောင် ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ က ပြောလိုက်ပါတယ်။
2016-04-25
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ရိုဟင်ဂျာ ၃၄၀ ကို မြန်မာနိုင်ငံဘက် ပြန်ပို့တဲ့အခါ မြန်မာ နယ်ခြားစောင့်တပ်က လက်ခံထားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တချို့ရဲ့ ပြောကြားမှုကို ကိုးကားပြီး ရေးသားထားတဲ့ သတင်းဟာ မှား ယွင်းကြောင်းနဲ့ အဲဒီလို လွဲှပြောင်းမှုတွေ မရှိ ခဲ့ကြောင်း သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြော ပါတယ်။
2016-04-25
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ပါတီဝင် ၁၇ ဦးထဲမှာ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ် ခဲ့တဲ့ ဦးဇော်မြင့်ဖေလည်း ပါဝင်ပါတယ်။
2016-04-25
မြိုင်ကြီးငူဆရာတော်က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာက ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်းမှာ စေတီတည်ထားပြီး မနေ့ညက ထီးတင်ပွဲကျင်းပခဲ့သလို လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၊ အမှတ်(၅) ရပ်ကွက်က မွတ်စလင်တွေနေတဲ့လမ်းမှာ စေတီတည်ထားဖို့ အတွက်လည်း စီစဉ်နေပါတယ်။
2016-04-25
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာက အင်္ဂလီကန်ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူဆရာတော်က နေ့ချင်းပြီး စေတီတစ်ဆူတည် လိုက်ပါတယ်။
2016-04-25
ရှမ်းပြည်မြောက်ပိုင်းထဲမှာ ရှမ်းတိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) နဲ့ အစိုးရ တပ်မတော်ကြား ခုချိန်ထိတော့ နှစ်ဘက်ကြားအခြေအနေ တင်းမာတာမျိုးမတွေ့ရပေမယ့် ဒေသခံတွေကတော့ တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။
2016-04-25
နိုင်ငံလုံးဆိုင်ရာပညာရေးပြုပြင်ပြောင်းလဲရေးကွန်ယက် NNER ရဲ့ ဖက်ဒရယ်နိုင်ငံတော် နဲ့ ဒီမိုကရေစီ ပညာရေးစနစ် ဆိုင်ရာ ဆွေးနွေးပွဲကို တောင်ကြီးမြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပါတယ်။
2016-04-25
ရခိုင်ပြည်နယ်တွင်းက အစိုးရတပ်တွေနဲ့ AA ရခိုင့်တပ်မတော်တို့ စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေနဲ့ပါတ်သက်ပြီး နှစ်ဘက်ဆွေးနွေးညှိနှိုင်း အဖြေရှာဆောင်ရွက်သင့်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။
2016-04-25
ကချင်ပြည်နယ်မိုးညှင်းမြို့နယ် ထန်းတပင်ရွာပိုင်သချိ ၤုင်းမြေကို မိုးညှင်းဒီဂရီ ကောလိပ်က သိမ်းယူတဲ့ ကိစ္စကန့်ကွက်မှုနဲ့ ရွာသားတွေနဲ့အတူ တရားရင်ဆိုင်နေရတဲ့ မြေယာအရေးလှုပ်ရှားသူ ဒေါ်ဘောက်ဂျာ ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-04-25
ရခိုင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ ရခိုင်တပ်မတော် AA တို့ရဲ့တိုက်ပွဲတွေကြောင့် ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေကို ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည် ၅ ရာနီးပါးရှိနေပြီလို့ သိရပါတယ်။
2016-04-24
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ အုပ်စုဖွဲ့ရိုက်နှက်မှုတွေ မကြာခဏဖြစ် ပွားနေတာကြောင့် အုပ်စုဖွဲ့ပြီး တုတ်၊ ဓါး၊ လက်နက်တွေ ကိုင်ဆောင်သွားလာခြင်းမလုပ်ဖို့ ပခုက္ကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဧပြီလ ၂၃ ရက်နေ့ မနေ့က ရက်စွဲနဲ့ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-04-24
ရန်ကုန်လေဆိပ် လေယာဉ်ဆီဌာနမှာ အခြေခံလုပ်ခလစာ နည်းလို့ဆိုပြီး မနေ့က အလုပ်မလုပ်ပဲ ဆန္ဒပြခဲ့တဲ့ ဝန်ထမ်း ၇ဝ ကျော်နဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ဒီနေ့ ညှိနှိုင်းတာ ပြေ လည်မှုမရဘူးလို့ ဆန္ဒပြဝန်ထမ်းတွေက ပြောပါတယ်။
2016-04-24
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က သမ္မတဟောင်း ဦးသိန်းစိန် တက်ရောက် ခဲ့တဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ သူရဦးရွှေမန်း အပါအဝင် ပါတီဝင် ၁၇ ဦးကို ပါတီကနေ ထုတ်ပယ်လိုက်ပြီး အသိပေးအကြောင်းကြားစာတွေကို ဒီနေ့ ပေးပို့လိုက်ပါတယ်။