သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-24
မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်စတဲ့ မြို့နယ်တွေဘက်မှာ ဒီရက်ပိုင်း အတွင်း နေ့စဉ် မိုးကြီးပြီး မေခနဲ့ မလိခ မြစ်တွေကနေတဆင့် စီးဆင်းလာ တဲ့ ရေတွေကြောင့် ဧရာဝတီမြစ်ရေဟာ မြင့်တက် လာနေတဲ့အတွက် သတိထားနေကြပြီး ပြင်ဆင်မှုရျိဖို့ သက်ဆိုင်ရာက သတိပေးထားပါတယ်။
2016-04-24
အခုတလော ရာသီဥတု ဆိုးဝါးတဲ့ ဒဏ်ကြောင့် မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ပျက်စီးဆုံးရှုံး တာတွေရှိနေသလို တရုတ်မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခ သည်စခန်းတွေမှာလည်း အဆောက်အအုံတွေ အတော်များများပျက်စီးသွားတယ်လို့သိရပါတယ်။
2016-04-24
ရန်ကုန်မြို့အခြေစိုက် အစ္စလာမ့်ဗိမ္မာန်ရဲ့ ဦးဆောင်ဆော်သြရေးမှူးနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ရောက်ရှိနေပါတယ်။
2016-04-24
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာက ခရစ်ယာန်ဘုရား ရှိခိုးကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူ ဆရာတော်က စေတီတည်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်ရမလဲ ဆိုတဲ့ညွှန်ကြားချက်ကိုရ ဖို့ ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြ ထားပါတယ်။
2016-04-24
ပြည်ထောင်စု လွှတ်တော်နာယက (ဟောင်း) သူရ ဦးရွှေမန်း၊ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်း အပါအဝင် ပါတီဝင် ၁၇ ဦးကို ပါတီစည်းမျဉ်းစည်း ကမ်းချက်နဲ့ မကိုက်ညီတာကြောင့်ဆိုပြီး မနေ့က ကျင်းပတဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးက ထုတ်ပယ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
2016-04-24
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်၊ ရေဆိုးချောင်းကျေးရွာမှာ စစ်ဘေးဒုက္ခသည် ၂ဝဝ ကျော် ခိုလှုံနေရပြီး စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
2016-04-24
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေ၊ တခြား စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က တာဝန်ရှိသူတွေနဲ့ ဒီနေ့ ရန်ကုန်မြို့က UMFCCI မှာ တွေ့ဆုံခဲ့ပါတယ်။
2016-04-24
မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ မနေ့က မိုးသီးကြွေကျတာ၊ လေပြင်းတိုက်ခတ်တာတွေကြောင့် လူနေအိမ်တွေနဲ့ စာသင်ကျောင်း အဆောက်အအုံတွေ ပျက်စီးမှုတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိသလို မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
2016-04-24
မြန်မာနိုင်ငံ ဒေသအများအပြားမှာ လာဘ်ပေး လာဘ်ယူ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေကြီး ဦအောင်သိန်းနဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အတွင်းရေးမှူး ဦးသိန်းသန်းဦးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2016-04-23
ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ မနေ့ ဧပြီလ ၂၃ ရက် စနေနေ့ ညနေပိုင်းက မဟာ သြင်္ကန်နှစ်သစ်ကူးပွဲ ကျင်းပခဲ့ပါတယ်။
2016-04-23
ရခိုင်ပြည်နယ်တွင်း ရခိုင့်တပ်မတော် AA နဲ့ မြန်မာအစိုးရတပ်တွေရဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းပြီး နှစ်ဘက်ဆွေးနွေးညှိနှိုင်း ဖြေ ရှင်းဆောင်ရွက်ပေးဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ငြိမ်းချမ်းရေးကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်းက တိုက်တွန်းလိုက်ပါတယ်။
2016-04-23
စစ်ကိုင်း၊ မန္တလေး နဲ့ ရှမ်းပြည်နယ်တို့မှာ မနေ့က လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေ ကြွေကျခဲ့တာကြောင့် အိမ်ခြေ ငါးထောင်နီးပါး ပျက်စီးခဲ့သလို လူ ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။
2016-04-23
ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာအနီး မှာ ကေအိုင်အို ဗဟိုလုံခြုံရေးတပ်နဲ့ အစိုးရ တပ်တွေအကြား မနေ့က တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။
2016-04-23
ကယားပြည်နယ် ဒီမောဆိုမြို့နယ် မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ လယ်ယာမြေ ဥပဒေအသုံးချမှုဆိုင်ရာ ဆွေးနွေးပွဲက လက်ရှိလယ်ယာမြေဥပဒေကို ပြန်လည်ပြင်ဆင်ပေး ဖို့ တောင်းဆိုလိုက်ပါတယ်။
2016-04-23
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ နယ်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ လယ်ယာမြေကိစ္စနဲ့ အက်ဆစ် စက်ရုံ ရွှေ့ပြောင်းပေးရေးကိစ္စတွေကို လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနဲ့ ဒေသခံတွေ ဒီနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။