သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-23
အစိုးရသစ်လက်ထက် ငါးနှစ်တာကာလမှာ ကုန်သွယ်ရေးကဏ္ဍကို အရင်ထက် သုံးဆ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောပါတယ်။
2016-04-23
ပြည်ထောင်စု လွှတ်တော်နာယက (ဟောင်း) သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၁၇ ဦးကို ထုတ်ပယ်လိုက်ကြောင်း ဗဟိုကော်မတီဝင် ဦးတင့်ဇော် က ပြောပါတယ်။
2016-04-23
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာသံတမန် ၆ဝ ကျော်နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာကိစ္စကို ရှင်းပြခဲ့ပါတယ်။
2016-04-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေကြောင်းအရ ကြိုးပမ်းမှုကြောင့် နိုင်ငံရေး ပုဒ်မတွေကို ရုပ်သိမ်းပေးနေရာမှာ ပြည်မြို့နယ် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ လယ် သမားအရေး ဆောင်ရွက်ပေးနေသူ ကိုသန့်ဇင် ထက်နဲ့ ၁၇ ဦး မနေ့က လွတ်လာပါတယ်။
2016-04-23
မြန်မာနိုင်ငံ နေရာအနှံ့နီးပါးမှာ လေပြင်းတိုက်ခတ်ပြီး အချိန်အခါမဟုတ် မိုးရွာတာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာတွေ ဖြစ်နေပါတယ်။ အဲ့ဒီလို အချိန်အခါမဟုတ် အဖြစ်အပျက်တွေဟာ နောက် ၃ ရက်လောက်အထိ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
2016-04-23
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက် ပြီး နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ပြုလုပ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပွဲ အကြောင်း RFA သတင်းထောက် မဝေမာထွန်း က ကောက်နှုတ်တင်ပြထားပါတယ်။
2016-04-23
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ၊ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဧပြီလ ၂၁ ရက်နေ့ - ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-04-23
ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားအနီးက သာသနာ့သိပ္ပံကျောင်းတိုက်မှာ သံဃာတော်တွေ ကို နေ့ဆွမ်းကပ်လှူဒါန်းခဲ့ပြီး ဦးဝင်းတင်အုတ်ဂူထားရှိတဲ့ ရေဝေးသုဿန်မှာ ဂါရဝ ပြုခဲ့ကြပါတယ်။
2016-04-22
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်သူတွေထဲက တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့တာ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့ဆိုရင် ၂ နှစ် ပြည့်ပြီဖြစ်ပါတယ်။
2016-04-22
ရခိုင်ပြည်နယ်မှာ ရှေးရခိုင်ဘုရင်တွေလက်ထက်က ပညာရှိရဟန်းနှစ်ပါးကို ဂူပိတ်သတ်ခဲ့တယ်လို့ ဆိုကြတဲ့ မြောက်ဦး မြို့က ဗားမဲ့ဗားကရာလိုဏ်ဂူဟာ အများစိတ်ဝင်စားတဲ့နေရာတခု ဖြစ်လာနေပါတယ်။
2016-04-22
မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်ထဲက လေးပင်ကျေးရွာအုပ်စုနဲ့ ဒီးဒုတ်ကုန်း ကျေးရွာအုပ်စုတွေ မှာ ရေချိုကန်တွေ ခန်းခြောက်နေ ပြီး သောက်သုံးရေရှားပါးမှုနဲ့ စတင် ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။
2016-04-22
မြန်မာနိုင်ငံ နေရာအနှံ့မှာ လေပြင်းတိုက်ခတ်ပြီး အချိန်အခါမဟုတ် မိုးရွာတာ မိုးကြိုးပစ်တာတွေ၊ မိုးသီးကြွေ တာတွေ ဖြစ်ပွားနေပါတယ်။
2016-04-22
နိုင်ငံတော်သမ္မတကို ပုတ်ခတ်ရေးသားတဲ့ ကဗျာကို ဖေ့စ်ဘွတ်ပေါ် တင်ခဲ့တဲ့ ကဗျာဆရာမောင်ဆောင်းခနဲ့ ဖေ့စ်ဘွတ်မှာ ကြက်ဖကြီးဆိုပြီး စွပ်စွဲခံရသူ ကိုလှဖုန်းတို့ကို ဒီကနေ့ တရားရုံးထုတ်ရာမှာ အရင်က လွတ်မယ်လို့ ယူဆခဲ့ပေမယ့် မလွှတ်ပဲ နောက်ထပ် ရုံးချိန်းရက် ပေးလိုက်ပါတယ်။
2016-04-22
ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်လန်းနှင့် လွယ်ဖေးတောင်ကြောတစ် ဝိုက်မှာရှိတဲ့ SSPP/SSA တပ်စခန်းတွေကို ဒီနေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့ တပ်မတော်က ညွှန်ကြားထားတာကို လက်မခံကြောင်း SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
2016-04-22
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ၊ အချိန်အခါမဟုတ် မိုးရွာတာတွေဟာ ဆက်ဖြစ်နေဦးမယ်လို့ မိုးလေဝသ နဲ့ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။