သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-18
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှစ်ဆန်းတစ် ရက်နေ့မှာ အကျဉ်းသား ၈၃ယောက်ကို လွှတ်ပေး ရာမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာ ပါတယ်။
2016-04-18
၂ဝ၁၆ ခုနှစ် သြင်္ကန်ရက်တွေအတွင်း အများပြည်သူတွေလုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2016-04-18
မကွေးတိုင်းဒေသကြီး ပေါက်မြို့မှာရှိတဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံအကြောင်း ဖော်ပြခဲ့ တာကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံထားရတဲ့ ယူနတီသတင်း ဂျာနယ်က အမှုဆောင်အရာရှိချုပ် ကိုတင့်ဆန်းနဲ့ သတင်းသမား ၄ ဦးဟာ ထောင်ဒဏ် ၂ နှစ်နီးပါးကျခံအပြီးမှာ ဒီနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နဲ့ လွတ်မြောက်လာပါတယ်။
2016-04-18
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ မုံရွာအကျဉ်းထောင်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးလည်း ပါဝင်ပါတယ်။
2016-04-17
ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ နိုင်ငံရေးအရ ဦးဆောင်မှုပေးခဲ့ကြတဲ့ နာယကဦးတင်ဦးနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို နှစ်သစ်ကူး ကန်တော့ခဲ့ကြပါတယ်။
2016-04-17
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လူထုတောင်းဆိုထားတဲ့ လျှပ်စစ်မီးနဲ့ လမ်းပမ်းဆက် သွယ်ရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ တရား မဝင်ကုန်သွယ်မှုတွေ လျော့ပါးရေးတို့ကို အဓိက ဦးစားပေးကိုင်တွယ်သွားမှာဖြစ်ပြီး၊ ဌာနဆိုင် ရာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရရှိတယ် လို့ ပြောပါတယ်။
2016-04-17
အန်အယ်လ်ဒီပါတီ နာယက သူရဦးတင်ဦး နဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေကို လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေ အဖွဲ့ဝင်တွေက ဒီနေ့ နှစ်သစ်ကူးနေ့မှာ ကန်တော့ကြပါတယ်။
2016-04-17
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှတို့အဖွဲ့ဟာ ရန်ကုန်မြို့ အင်းလျားကန်မှာ ငါးလွှတ်ပွဲပြုလုပ်ခဲ့ပြီး ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရား မှာ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2016-04-17
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းထောင် အသီးသီး ကနေ လွတ်မြောက်လာသူ ၈၃ ဦးထဲ မှာ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
2016-04-17
နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြည် သူတွေအနေနဲ့ အစိုးရရဲ့ ချို့ယွင်းချက်တွေ ကို ဝေဖန်ထောက်ပြဖို့နဲ့ အကြံပြု လမ်းညွှန်ပေးဖို့ စတဲ့ နည်းလမ်းတွေနဲ့ ဝိုင်းဝန်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုက် ပါတယ်။
2016-04-17
မဟာသြင်္ကန်ပွဲတော်ကာလအတွင်း တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံ သူ နိုင်ငံသားတွေကို ကျေးဇူးတင်ရှိကြောင်းနဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ် မျှော်လင့်ချက်အသစ်တွေနဲ့ ဆက် လက်လျှောက်လှမ်းကြရာမှာ နိုင်ငံသူ နိုင်ငံသားအပေါင်းက ဝိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။
2016-04-17
ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဒီနေ့ မှာ နိုင်ငံတဝှမ်းအကျဉ်းထောင်တွေထဲက အကျဉ်း သား ၈၃ ဦးကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက် ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ နဲ့ ရှေ့နေတို့ကို ဆက်သွယ်မေးမြန်းပြီး RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။
2016-04-17
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က တည်ထောင်ထားတဲ့ ကေတုအိုးဝေ (တောင်ငူ)က သြင်္ကန်သံချပ် အဖွဲ့ဟာ ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် က ဗမာသစ်မဏ္ဍပ်မှာ မဟာသြင်္ကန် ဒုတိယအကြတ်နေ့ မနေ့က ဖျော်ဖြေခဲ့ပါတယ်။
2016-04-17
စံပယ်ပန်း စီးပွားရေး ဈေးကွက်ဟာ လူအများအတွက် အလုပ်အကိုင်ရရှိနေတဲ့ ပန်းဈေးကွက်ဖြစ်ပါတယ်။ စံပယ်ပန်း ဈေးကွက် အကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။
2016-04-17
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းမှာ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က ကျင်းပတဲ့ မဟာသြင်္ကန် ဆုပေးမဏ္ဍပ်မှာ သြင်္ကန်ဒုတိယအကြတ်နေ့ မနေ့ညက အပြာရဲ့အနီ သံချပ်အဖွဲ့လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။