သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-17
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်က ပိတောက်ရင်ခွင် သြင်္ကန်ဆုပေးမဏ္ဍပ်မှာ သာကီနွယ် စွယ်စုံအနုပညာအဖွဲ့က မနေ့က ဧပြီလ ၁၆ ရက်နေ့ညမှာ သံချပ်ထိုး ယှဉ်ပြိုင်ခဲ့ပါတယ်။
2016-04-17
ဂျပန်နိုင်ငံ ကျူရှူးကျွန်းက ကူမာမိုတိုခရိုင် မှာ ပြင်းအားကြီး ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေ ပြီး နောက်ထပ် လှုပ်ခတ်နိုင်တာကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို အကူ အညီ ပေးနိုင်ဖို့အတွက် အရေးပေါ်အဖွဲ့ ဖွဲ့စည်းထား တယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
2016-04-16
ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်းအကျဉ်းထောင်တွေ ထဲက အကျဉ်းသား ၈၃ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုပြီး ပြန်လွှတ်ပေးမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။
2016-04-16
သြင်္ကန်ပွဲတော်ရက်တွေအတွင်း ပြည် သူတွေ လွတ်လပ်ပျော်ရွှင်ဘေးကင်းအောင် ဆင်နွှဲနိုင်ဖို့ နယ်စွန်နယ်ဖျားဒေသတွေနဲ့ မြို့ရွာတွေမှာ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော် သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၁၇ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။
2016-04-16
ဂျပန်နိုင်ငံ ကျူရှူးကျွန်းက ကူမာမိုတိုခရိုင်မှာ ဒီနေ့ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ သတိဝီရိယရှိရှိ နေထိုင်ကြဖို့ တိုကျိုမြို့မှာ ရှိတဲ့ မြန်မာသံရုံးက နှိုးဆော်လိုက်ပါတယ်။
2016-04-16
သြင်္ကန်အကြိုနေ့ကနေ ပထမအကြတ်နေ့ အထိ ၃ ရက်အတွင်း တစ်နိုင်ငံလုံး မှာ သေဆုံးသူ ၂၀ ကျော်ရှိကြောင်း အစိုးရ က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-04-16
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က ကြက်မွေးမြူရေးဇုန်မှာ ကြက်ငှက် တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ်စ်တွေ့ရှိတဲ့ အတွက် ကြက်အကောင်ရေခြောက်ထောင်ကျော် ကို သုတ်သင်ရှင်းလင်းလိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။
2016-04-16
ဒီနှစ်သြင်္ကန်ဟာ အရင်နှစ်က သြင်္ကန် ပွဲတွေနဲ့မတူဘဲ ပြည်သူတွေ အောင်ပွဲခံတဲ့ သြင်္ကန်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားပါတယ်။
2016-04-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သြင်္ကန်အပြီးနောက်ပိုင်းမှာ ပါတီတွင်း တည်ဆောက်ရေး လုပ်ငန်း ၅ ခုလောက် ဆောင်ရွက်ဖို့ စဉ်းစားထားတယ်လို့ ပါတီ ဦးဆောင်မှုအတွင်းရေးမှူး ကော်မတီဝင် ဦးဝင်းထိန်က RFA ကို ဒီနေ့ပြောကြားလိုက်ပါတယ်။
2016-04-16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ နေပြည်တော်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူး ကုဆေးရုံကြီးမှာ ဒီနေ့ ဒုတိယအကြိမ် မျက်လုံးခွဲ စိတ်ကုသ မှုခံယူခဲ့ပါတယ်။
2016-04-16
“လွတ်လပ်တဲ့အာရှအသံ”မှ ၁၃၇၈ ခုနှစ် မြန်မာ့ ရိုးရာအတာသြင်္ကန်ပွဲတော် အခါသမယအချိန်အခါ အတွက် နှစ်သစ်ကူးဆုမွန်ကောင်းတောင်းအပ် ပါတယ်။
2016-04-16
အခုနှစ်ရန်ကုန်သြင်္ကန်မှာ စီးပွားဖြစ်ရေကစားမဏ္ဍပ်ကြီးတွေကို ကန့်သတ်လိုက်တာကြောင့် ပြည်လမ်းမ ပေါ်မှာသာ ရေကစားမဏ္ဍပ်ကြီးတွေရှိနေပြီး လူစည်ကားတဲ့ ပြည်လမ်းမပေါ်မှာပဲ လမ်းဘေးဈေးသည် အများအပြား လာရောက်ရောင်းချတာတွေ့ရပါတယ်။ RFA သတင်းထောက်ကို ထက်အာကာက တင်ပြထားပါတယ်။
2016-04-16
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မဟာသြင်္ကန်ဆုပေးမဏ္ဍပ်မှာ သြင်္ကန်ပထမအကြတ်နေ့ညက ကျွန်ုပ်တို့သည် သံချပ်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို့သည် သံချပ်အဖွဲ့ရဲ့ ယှဉ်ပြိုင်ခဲ့တာတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2016-04-16
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဟာသြင်္ကန်ဆုပေးမဏ္ဍပ်မှာ သြင်္ကန် ပထမအကြတ်နေ့ညက လူရွင်တော်ဦးမေတ္တာဦးဆောင်တဲ့ သာဓုပါသြင်္ကန်သံချပ်အဖွဲ့ဟာ ဗိုလ်စိန်မှန် ကွင်းက ဆုပေးသြင်္ကန်မဏ္ဍပ်မှာ လာရောက်ဖျော်ဖြေခဲ့ပါတယ်။
2016-04-16
သြင်္ကန်အကြိုနေ့ကနေ သြင်္ကန်ပထမအကြတ်နေ့ အထိ ယာဉ်မတော်တဆဖြစ်မှု၊ ခိုက်ရန်ဖြစ် ပွားမှုတွေကြောင့် ရန်ကုန်ဆေးရုံကြီးကို လူနာ ၅ဝဝ နီးပါးရောက်ရှိလာတယ်လို့ ရန်ကုန်ဆေးရုံအုပ် ကြီးက ပြောပါတယ်။