သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-12
ရခိုင်ရိုးရာ သြင်္ကန်ဓလေ့အရ သြင်္ကန်ရေမစကားခင် ကျင်းပလေ့ရှိတဲ့ "နံ့သာသွေးပွဲ" နဲ့ ဘုရားရေသပ္ပာယ်ပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်က ရခိုင်ဓမ္မာရုံမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-04-12
စစ်တပ်က ပစ်ခတ်လို့သေဆုံးခဲ့တဲ့ သတင်းထောက် ကိုပါကြီးရဲ့အမှု ပိတ်လိုက်တာကို အမှု ပြန်ဖွင့်ပြီး စစ်ဆေးပေးဖို့ AHRC ခေါ် အာရှလူ့အခွင့်အရေး အဖွဲ့က ဧပြီ ၁၁ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2016-04-11
ဧရာဝတီတိုင်းဒေသကြီးမှာ လာမယ့် ဇွန်လဆန်းလောက်အထိ ကျေးရွာပေါင်း ၄၀၀ ကျော်မှာ ရေပြတ်လပ်မှု ကြုံတွေ့နိုင်ပြီး လောလော ဆယ်မှာ ငပုတောမြို့နယ် ဖိုးရွှေပုကျေးရွာမှာ သောက်သုံးရေ ရှားပါးမှု အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
2016-04-11
ရခိုင်ရိုးရာ သြင်္ကန်ဓလေ့အရ သြင်္ကန်ရေမစကားမီ ကျင်းပလေ့ရှိတဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲ ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် မှာရှိတဲ့ ရခိုင်ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။
2016-04-11
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ SSA ဝမ်ဟိုင်းတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ်ပွားပြီး တပ်ဖွဲ့ဝင် ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှာ ဖော်ပြပါရှိပါတယ်။
2016-04-11
ကရင်ပြည်နယ် မြဝတီမြို့က သောင် ရင်းမြစ် ကမ်းထိန်းနံရံ တည်ဆောက်ဖို့ကို လွှတ်တော်ကနေ အမြန်ဆုံးလုပ်ဆောင်ပေး သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင် သန်းက ပြောကြားလိုက်ပါတယ်။
2016-04-11
ရခိုင်ပြည်နယ်မှာ အမတ်နေရာ အများဆုံး အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီကို အစိုး ရဖွဲ့စည်းခွင့်မပေးဘဲ နေရာအနည်းစုသာ အနိုင်ရခဲ့တဲ့ NLD ပါတီကိုသာ အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခွင့်ပြုခဲ့တာကို ကန့်ကွက်ကြောင်း မာန်အောင်မြို့မှာ လူ ၂၀၀ လောက်က ဒီနေ့ ဆန္ဒပြကြပါတယ်။
2016-04-11
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက သြင်္ကန် ကာလအတွင်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အကူ အညီတွေ ပေးနိုင်ဖို့အတွက် မဏ္ဍပ်ကြီးတွေမှာ ရှေးဦးပြု စုခြင်းစခန်းတွေ သီးသန့်ဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်းနဲ့ အရေးပေါ်ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2016-04-11
ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ခုံးကျော်တံတားတွေ တည်ဆောက်ရုံနဲ့ မဖြေရှင်းနိုင် သလို ဆက်စပ်နေတဲ့ ပြဿနာအားလုံးကို တပြိုင်နက် တည်း စီမံခန့်ခွဲဖြေရှင်းနိုင်မယ့် မဟာဗျူဟာမြောက် စီမံကိန်းရေးဆွဲပြီး လက်ရှိအစိုးရသက်တမ်း အတွင်း ပြန်လည်တည်ဆောက်သွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
2016-04-11
ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ပညာရေး စနစ်တရပ်ပေါ်ထွန်းလာရေးအတွက် အစိုးရသစ်နဲ့ ညှိနှိုင်းဖော်ဆောင်သွားမယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) က ဧပြီလ ၉ ရက်နေ့စွဲနဲ့ ကြေညာချက်တစ်စာင် ထုတ်ပြန်လိုက်ပါတယ်။
2016-04-11
ပညာရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ပြည်သူတစ်ရပ်လုံးကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ နိုင်ငံမှာ ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ပညာရေးစနစ် ပေါ်ထွန်းလာရေးအတွက် အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောကြားလိုက်ပါတယ်။
2016-04-10
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေးမှာ အဓိကကျ တဲ့ ရခိုင်ပြည်နယ်က ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းဟာ လာမယ့် ဇူလိုင်လ ထဲမှာ စီမံကိန်းပြီးစီးတော့မှာ ဖြစ်ပါတယ်။
2016-04-10
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ နယ် အောင်နန်းချို ကျေးရွာမှာ ၁၆ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ပွဲကို ကျင်းပခွင့်ရခဲ့ပါတယ်။ အဲ့ဒီပွဲကို နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ ရှမ်းပြည်နယ် အစိုးရ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်အေးမောင် တို့လည်း တက်ရောက်ခဲ့ပါတယ်
2016-04-10
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေကြောင်းအရ ကြိုးပမ်းမှုကြောင့် သာယာဝတီနဲ့ အင်းစိန်အကျဉ်းထောင်တွေက ကျောင်းသူ၊ ကျောင်းသားတွေ လွတ်မြောက်လာပါတယ်။ သူတို့လွတ်လာတဲ့အတွက် ဝမ်းသာမှုတွေနဲ့အတူ သူတို့အပေါ် ဝေဖန်မှုတွေလည်း ပြင်းထန်လာခဲ့ပါတယ်။
2016-04-10
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပညာရေးနဲ့ယဉ်ကျေးမူဌာနရဲ့ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ က ပြည်ထောင်စုဝန်ကြီး နှစ်ဦိး နဲ့ ပြည်နယ်တိုင်း ဝန်ကြီးချုပ် နှစ်ဦးတို့ ဧပြီလ ၉-ရက်နဲ့ ၁၀-ရက်နေ့တွေက ဝါရှင်တန် ဒီစီမြို့တော်ကို ရောက်ရှိလာပါတယ်။