သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-10
ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ရဲ့ စိုက်ပျိုးရေးကဏ္ဍကို အဓိက အခြေခံပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေ ဆောင်ရွက်သွားမယ် လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Gautam Mukhopadhaya က ပြောပါတယ်။
2016-04-10
ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းက နေ အိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ် ဝါးဒက်ကွင်းကျေး ရွာက ကျူးကျော်နေထိုင်သူ ၁၀၀ ကျော်ဟာ မီးရှို့သူတွေ ကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ သူတို့ကို နေရာချထား ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-04-10
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ Asia World ကုမ္ပဏီက စက်သုံးဆီ သိုလှောင်ကန် ၄ ခု ဆောက်လုပ်နေတာကို ဟိုပင်မြို့ ခံတွေက လက်မှတ်ရေးထိုးကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။
2016-04-10
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်မှာ ပထမဆုံးအကြိမ် ကယန်းအမျိုးသားနေ့ကို ဒီကနေ့ ကျင်းပခွင့်ရခဲ့ပါတယ်။
2016-04-10
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ကြိုးပမ်းပေးမယ်လို့ ပထမအကြိမ် ကြေ ညာချက် ထုတ်ပြန်လိုက်စဉ်ကတည်းက နိုင်ငံရေးအကျဉ်း သားတွေအရေးကို ဦးစားပေးစဉ်းစားတဲ့အတွက် အဲ့ဒီအချိန် ကတည်းကဝမ်းသာပြီး ကျေးဇူးတင်ခဲ့ကြောင်း ဗကသကျောင်းသူ မဖြိုးဖြိုးအောင်က ပြောပါတယ်။
2016-04-10
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တွေက ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က ဆင်းရဲသား ဂေဟာမှာ အလှူဒါနပြုခဲ့ကြပါတယ်။
2016-04-10
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူတွေနဲ့ မနေ့က တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက် နတ်ချောင်း အားကစားကွင်းမှာ တွေ့ဆုံခဲ့ပါတယ်။
2016-04-10
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက မြေသိမ်းလယ်သိမ်း မတရားခံခဲ့ရသူ တောင်သူ လယ်သမားတွေ လယ်မြေယာမြေ ပြန်ရရေး၊ ထိုက်သင့် တဲ့ လျော်ကြေးရရှိရေး စတဲ့ ကိစ္စတွေအတွက် အစိုး ရအဖွဲ့သစ်အနေနဲ့ စိစစ်ဆောင်ရွက်ပေးဖို့ အကြောင်းကို တောင်သူလယ်သမားအကျိုးဆောင် ကွန်ရက်အဖွဲ့က ဦးဇော်ရန်း၊ ပြင်ဦးလွင် မြို့နယ်က လယ်သမားအကျိုးဆောင်လှုပ်ရှားသူ ဦးစိုင်းမင်း လတ်နဲ့ အာရှလူ့အခွင့်အရေး ကော်မရှင် က မြန်မာနိုင်ငံတာဝန်ခံ ဦးမင်းလွင်ဦးတို့နဲ့ ဆက်သွယ်ပြီး RFA ဦးခင်မောင်ညိန်းက ဆွေးနွေး တင်ပြထားပါတယ်။
2016-04-09
မြန်မာနိုင်ငံမှာ သောကြာနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့အတွက် နိုင် ငံရေးတက်ကြွလှုပ်ရှားသူ ၂ဝဝ နီးပါးရဲ့ အမှုတွေကို ပယ်ဖျက်ရုပ်သိမ်းပေးလိုက်တယ်လို့ အမည် မဖော်လို့တဲ့ ရဲအရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
2016-04-09
ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်တစ်ရပ်ပေါ်ထွန်းလာရေး အတွက် အစိုးရသစ်နဲ့ ညှိနှိုင်းဖော်ဆောင် သွားမယ့်အကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ဧပြီလ (၉) ရက်၊ မနေ့က ရက်စွဲ နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2016-04-09
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမြေမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက ဥရုချောင်း ထဲမြေစာပုံတွေ စွန့်ပစ်ရာက ဖို့မြေဖြစ်လာ တဲ့မြေတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ က ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသရှိ citizen journalist လူထုအကျိုးဆောင် သတင်းထောက် ဦးဇော်မိုးထက် ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
2016-04-09
နိုင်ငံတော်သမ္မတရုံး က ထုတ်ပြန်ထားတဲ့ လက်ဆောင်ပစ္စည်းလက်ခံခြင်း နဲ့ပတ်သက်တဲ့ လမ်း ညွှန်ချက်ကို လိုက်နာကြဖို့ နဲ့ မလိုက်နာသူတွေကို ထိထိ ရောက်ရောက် အရေးယူသွား မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က သတိပေးလိုက်ပါတယ်။
2016-04-09
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၂၀၀ ကျော်ထဲက ဧက ၁၀၀ ကိုသာ ပြန်ပေးမယ်လို့ တပ်မတော်က ပြောထားတဲ့အတွက် အားလုံးပြန်လည်ပေး အပ်ဖို့ တောင်သူတွေက တောင်းဆိုလိုက်ပါတယ်။
2016-04-09
မနေ့က အကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်လာသူတွေထဲမှာ ပြစ်ဒဏ် ချမှတ်ခံရထားရတဲ့ နိုင်ငံရေး အကျဉ်း သားတွေ ပါဝင်ခြင်းမရှိသေးသလို တရားရင်ဆိုင်နေရ ဆဲ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ကျန်ရှိနေသေး တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
2016-04-09
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ နေပြည်တော် ဥတ္တရသီရိ မြို့နယ် မျက်စိ၊ နား နှာခေါင်းနဲ့ လည်ချောင်း အထူးကုဆေးရုံမှာ ဒီနေ့ ညာဖက်မျက်စိ ခွဲစိတ်ခဲ့ပါတယ်။