သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-09
အစိုးရက စွဲဆိုထားတဲ့အမှုတွေ ပယ်ဖျက်ပေးလိုက် တာကြောင့် သာယာဝတီအကျဉ်းထောင်က လွတ်မြောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေ ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2016-04-09
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသားတွေ ဒီနေ့ လွတ်လာမယ်ဆိုတဲ့အတွက် ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေ၊ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေ ဒီကနေ့ မနက်ကတည်း က စောင့်ဆိုင်းခဲ့ကြပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
2016-04-09
ကချင်ပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ဝန်ကြီး ၆ ဦး ကတိသစ္စာပြုခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2016-04-09
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်၊ မန်ကျီးချောင်းဝကျေးရွာမှာ တပ်မတော် အရာရှိတဦးက သေနတ်နဲ့ပစ်တဲ့အတွက် ဒေသခံ ၂ ဦး သေဆုံးခဲ့တဲ့ တလပြည့် ဆုတောင်းပွဲကို ရေးမြို့ ရွှေစံတော်ဘုရားမှာ ဒေသခံတွေ စုပေါင်းကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုဘုန်းမြတ်က တင်ပြထားပါတယ်။
2016-04-09
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-04-09
၂၇၅၅ နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ကို ကယားပြည်နယ် ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာမှာ ဧပြီလ ၈ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-04-09
"ချစ်ကြညီညာ-ပြည်မြန်မာ"လို့ အမည်ပေးထားတဲ့ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ခွင့်လွှတ်ခြင်းကို သရုပ်ဖော်တဲ့ တေးဂီတဖျော်ဖြေပွဲနဲ့ အနုပညာပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ မနေ့က ပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာတဲ့ ပရိသတ်တွေကို အကျွေးအမွေးနဲ့ ဧည့်ခံခဲ့ကြပါတယ်။ RFA သတင်းထောက် မဇာဏီထွန်းက တင်ပြထားပါတယ်။
2016-04-09
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားတွေရဲ့ NCA အပစ်ရပ်စာချုပ်ပြန်လည် သုံးသပ်ရေး အစည်းအဝေးအကြောင်း ဦးအောင်မိုးမြင့်က တင်ပြထားပါတယ်။
2016-04-09
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာ မှုနဲ့ ပတ်သက်ပြီး ဝမ်းမြောက် ဂုဏ်ယူကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ပြီး လွတ်မြောက်လာမယ်လို့ မျှော် လင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2016-04-09
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ မနေ့ညပိုင်းက သာယာဝတီ အကျဉ်းထောင်ကနေ လွတ်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောပါတယ်။
2016-04-09
သာယာဝတီအကျဉ်းထောင်က လွတ်မြောက်လာသူ ကျောင်းသူ ကျောင်းသား ၆၉ ဦးထဲမှာ ဗကသ ကျောင်းသူ မအိသဉ္ဇာမောင်လည်း ပါဝင်ပါတယ်။
2016-04-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ပြည်နယ်ဝန်ကြီး တာဝန်ရယူတဲ့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကို ရခိုင်အမျိုးသားပါတီ ANP ရဲ့ စည်းမျဉ်းချိုးဖောက်မူနဲ့ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
2016-04-09
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးအထိန်းသိမ်းခံထားခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေကို စွဲဆိုထားတဲ့ အမှုတွေကနေ ပယ်ဖျက်ပြီး လွှတ်ပေးလိုက်တာဖြစ်တဲ့အတွက် အနှောင်အဖွဲ့ကင်းတဲ့ လွတ်မြောက်မှုဖြစ်တယ်လို့ ကျောင်းသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။
2016-04-08
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆောင်ရွက်ခဲ့ရာမှာ မနေ့က နိုင်ငံရေးအကျဉ်းသား ၉ဝ ကျော် လွတ်မြောက်ခဲ့ပါတယ်။
2016-04-08
ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်း သားတွေ ဆက်လက်ပြီး လွတ်မြောက် လာမယ်လို့ မျှော်လင့်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။