သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-04
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ က နေပြည်တော်ကောင်စီ ဥက္ကဌ အဖြစ် တာဝန်လွဲှပြောင်းယူခဲ့တဲ့ ဒေါက်တာ မျိုးအောင် က နေပြည်တော်ကောင်စီရုံးမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဒီနေ့ ၃ နာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။
2016-04-04
အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ ဝန်ထမ်းတွေ လိုက်နာရမယ့် လက်ဆောင် ပစ္စည်းလက်ခံခြင်းနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်ကို နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2016-04-04
ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားတဲ့ ဝန်ကြီး ဌာန ၄ ခုထဲက ပညာရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ၂ ဦး အမည်စာရင်း နဲ့ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း စစ်ချုပ် အမည်စာရင်းတွေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြလိုက်ပါတယ်။
2016-04-03
အစိုးရသစ်လက်ထက်မှာ လူငယ် ပညာရှင်တွေ ထွက်ပေါ်လာနိုင်ဖို့နဲ့ ပညာရှင်တွေကို တာဝန်ပေးနိုင်ဖို့အတွက် "အစိုးရသစ်ရဲ့နိဒါန်းနဲ့ ပညာရှင်တို့ရဲ့ အာရုဏ်ဦး" ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
2016-04-03
လာမယ့်သြင်္ကန်ကာလ ရန်ကုန်မြို့အတွင်းမှာ စီးပွားဖြစ်ရေကစားမဏ္ဍပ်တွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် က ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိ လာနေပါတယ်။
2016-04-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု လဂူးချောင် မှော်ရွာမှာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေဟာ စက်ယန္တရားတွေနဲ့ အလွန်အကျွံတူးဖော်မှုကြောင့် မြေပြိုကျပြီး နေအိမ် ဆုံးရှုံးခဲ့ရတာတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတာတွေကို ဖြေရှင်းပေးဖို့ ဒေသခံ ရွာသား နှစ်ရာလောက်က ဆန္ဒပြတောင်းဆိုနေတာ ၂ ရက်ရှိပြီ ဖြစ်ပါတယ်။
2016-04-03
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့အတွက် ပါတီရဲ့ လက်ရှိ ဥက္ကဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီခေါင်းဆောင်တွေဟာ ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။
2016-04-03
"အစိုးရသစ်ရဲ့နိဒါန်းနဲ့ ပညာရှင်တို့ရဲ့ အာရုဏ်ဦး" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေး ပွဲကို ဒီနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။
2016-04-03
လုံခြုံရေးအရ ငါးနှစ်ကြာပိတ်ထားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ အိမ်ယာထဲက လမ်းတချို့ကို အများပြည် သူသွားလာနိုင်အောင် မနေ့က စတင်ဖွင့် လှစ်လိုက်ပါတယ်။
2016-04-03
မွန်ပြည်နယ် ပေါင်မြို့နယ်မှာရှိတဲ့ ဥတ္တံတားကျေးရွာအနီးမှာ Long Life Aggregate Mining ကုမ္ပဏီက ကျောက်မိုင်း ထုတ်လုပ်နေတာကို ဒေသခံတွေက ကန့်ကွက်ကြောင်း ဒီနေ့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက် ပါတယ်။
2016-04-03
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်တွေဟာ ပါတီဗဟိုအလုပ် မှုဆောင်အဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းဖို့အတွက် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် အသီးသီးက ပါတီ ဝင်တွေနဲ့ ဒီနေ့ ကျောက်မဲမြို့မှာ တွေ့ဆုံဆွေးနွေးကြ ပါတယ်။
2016-04-03
ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု လဂူးချောင်မှော်ရွာက မြေစာပုံအနီးက နေအိမ် ၄၀ ကျော် ဟာ ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီတွေရဲ့ အလွန် အကျွံကျောက်တူးဖော်မှုကြောင့် ပြိုကျပျက်စီးခဲ့တာတွေ ကို ဖြေရှင်းပေးဖို့ ရွာသားနှစ် ရာလောက်ဟာ မနေ့ကစပြီး ဆန္ဒပြတောင်းဆိုနေကြပါတယ်။
2016-04-03
ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမယ့် ဝန်ကြီး ဌာန လေးခုထဲက လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီး ဌာနနှစ်ခုတို့ကို ဝန်ကြီးသစ် နှစ်ဦး ထံ လွဲှပြောင်းပေးသွား မယ်လို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြော ပါတယ်။
2016-04-03
ပြောင်းလဲချိန်တန်ပြီဖြစ်တဲ့ အတိုင်း အောင်မြင်တဲ့ ရုပ်ရှင်တစ်ကား ဖန်တီးသလို တိုင်းသူပြည်သားအားလုံးက ကိုယ်ကျ ရာနေရာကနေ ကိုယ့်တာဝန်ကျေပွန်အောင် ဆောင်ရွက်ရင် တိုင်းပြည် မလွဲမသွေ တိုးတက်အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2016-04-03
ရှမ်းပြည်နယ် ကျိုင်းတုံ နဲ့ မိုင်းခတ်မြို့နယ် အကြား နောင်ကန်ရွာအနီးမှာ ရဲတပ်ဖွဲ့ နဲ့ မူးယစ်ဆေး သယ်ဆောင်လာသူတွေ ပစ်ခတ်မှုဖြစ်ပွားရာ ICE ကီလို ၁၆၀ ကျော်ကို ဖမ်းမိပြီး ရဲတပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိသွားပါတယ်။