သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-03
မြန်မာနိုင်ငံမှာ NLD အစိုးရအဖွဲ့ အာဏာရလာပြီ ဆိုပြီး ပြည်သူလူထုက ပျော်ရွှင်ကြည်နူးနေကြတာနဲ့ အမျှ မျှော်လင့်ချက်တွေလည်း အများကြီးထားနေကြ တဲ့ အကြောင်းကို အမျိုးသမီးအခွင့်အရေး လူငယ် အခွင့်အရေးတို့အတွက် လှုပ်ရှားနေကြသူ မသဉ္ဇာရွှန်းလဲ့ရည်နဲ့ မဝေဝေနု၊ မန္တလေးက စာရေးဆရာ ဆူးငှက် တို့နဲ့အတူ ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2016-04-03
ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ကျပ် သိန်းပေါင်း ခြောက်သောင်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက် ခဲယမ်းတွေကို မနေ့က ဖမ်းဆီးရမိခဲ့သလို လားရှိုးမြို့ မှာလည်း ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး ဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
2016-04-03
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဌာန်းလိုက်တဲ့ ကျောက်မျက်ဥပဒေ ကို ပြင်ဆင်ပေးဖို့ ဖါးကန့််မြို့နယ် ဆိပ်မူကျေးရွာမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-04-03
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသစ်အဖြစ် NLD ဗဟိုအလုပ်အမူဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်ကို ခန့်အပ်လိုက် ပါတယ်။
2016-04-02
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ပါတီပေါင်းစုံက ပါဝင်အောင်စီစဉ်ဖွဲ့စည်းထားတယ်လို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်သစ် ဒေါက်တာလင်းထွဋ်က ပြောပါတယ်။ ဒေါက်တာလင်းထွဋ်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-04-02
ရန်ကုန်မှာ စီးပွားဖြစ်ရေကစားမဏ္ဍပ်တွေကို တိုင်းဒေသကြီး အစိုးရသစ်အဖွဲ့က ခွင့်မပြုတော့တာ နဲ့ ပတ်သက်လို့ ဂီတအနုပညာရှင်တချို့ရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်းတင်ဆက်ထားတာ နားဆင်နိုင်ပါတယ်။
2016-04-02
လာမယ့် ဧပြီလ ၄ ရက်နေ့မှာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး အမည်စာရင်းတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက လွှတ်တော်အသီးသီးမှာ တင်ပြပြီး တာဝန်ပေးအပ်ခံရတဲ့ ဝန်ကြီးတွေက ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။
2016-04-02
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာက ကျောက်သွေးတောင် ဘုရားကွင်းမှာ ကျောက်မျက်ဥပဒေကို ပြင်ဆင်ပေးဖို့ ဖားကန့်ဒေသခံ ၅ဝဝ လောက်က ဒီကနေ့ ဆန္ဒပြ တောင်း ဆိုခဲ့ကြပါတယ်။
2016-04-02
သြင်္ကန်ကို ယဉ်ကျေးမှုနဲ့အညီ ကျင်းပနိုင်ဖို့အတွက် စီးပွားဖြစ်ဆောက်လုပ်မယ့် သြင်္ကန်မဏ္ဍပ်တွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ပြောလိုက် ပါတယ်။
2016-04-02
ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ကို တာဝန်ကနေ ဖယ်ရှားပေး ဖို့ သံဃာတော်တွေ အပါအဝင် လူပုဂ္ဂိုလ် ၂၀ လောက်က ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-04-02
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အဖြစ်ခန့် အပ်တာဝန်ပေးခံရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင် က အစိုးရရုံးစိုက် ရာ နေပြည်တော်ကောင်စီ နယ်မြေလုံခြုံရေးအတွက် ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
2016-04-02
ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ကျပ်သိန်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး ဝါး တွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီး ရမိထားသလို လားရှိုးမြို့မှာ လည်း ငွေကျပ် သိန်းပေါင်း တစ်ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ် ကြွဆေးပြားတွေကို မနေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။
2016-04-02
ရှမ်းပြည်နယ် မူဆယ်မြို့ ပန်လုံဈေးနားမှာ ချိန်ကိုက်မိုင်း ၂ လုံးနဲ့ အတူ လက်ဝယ်တွေ့ ရှိတဲ့ လူပုဂ္ဂိုလ် ၂ ဦးကို မူဆယ်မြို့ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
2016-04-02
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ မြို့ကွက် သစ် တိုးချဲ့နေရာမှာ ဒေသခံ တောင်သူတွေ ရဲ့ မြေယာတွေ ပါဝင်နေတဲ့အတွက် တောင်သူတွေ က တိုင်ကြားထားပါတယ်။ RFAသတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။
2016-04-02
အစိုးရသစ်လက်ထက်မှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးနိုင်ဖို့ အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဖွဲ့စည်းထားတဲ့ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။