သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-02
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-04-02
သမ္မတဦးထင်ကျော်နဲ့ အစိုးရသစ်ကို ရန်ကုန်မြို့မှာ စတုဒီသာ အလှူပေးပြီး ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့က NLD ပါတီရုံးချုပ်နားမှာရှိတဲ့ ပါတီရန်ပုံငွေ အရောင်းဆိုင်မှာလည်း ပင်နီအင်္ကျီနဲ့ အမှတ်တရ ပစ္စည်းတွေ ရောင်းအားကောင်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။
2016-04-02
အမျိုးသားလွှတ်တော်မှာ "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း" ကို ဆွေးနွေးခဲ့ရာမှာ တပ်မတော်သားကိုယ်စားလှယ် သုံးယောက်နဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆိုပြီး ထောက်ပြ ဆွေးနွေ ခဲ့ကြပါတယ်။
2016-04-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်ပေးခဲ့ကြတဲ့ မုံရွာမြို့က ဆိုက်ကားဆရာတွေဟာ မုံရွာမြို့ထဲမှာ လှည့်လည်ပြီး အစိုးရသစ်ကို ကြိုဆိုလိုက်ပါတယ်။ အလားတူ လားရှိုး နဲ့ မြစ်ကြီးနားမြို့တွေမှာလည်း စတုဒီသာတွေကျွေးမွေးပြီး အစိုးရသစ်ကို ကြိုဆိုလိုက်ကြပါတယ်။RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။
2016-04-01
ရခိုင်အမျိုးသားပါတီ (ANP) က ကန့်ကွက်ထားတဲ့ ဝန်ကြီးချုပ်နေရာအတွက် NLD ပါတီက ဦးညီပုဟာ ဒီကနေ့ ကျင်းပတဲ့ ပြည်နယ်လွှတ်တော်မှာ ကျမ်း သစ္စာကျိန်ဆိုခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက် လို့ ANP ပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-04-01
ကချင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဒေါက်တာခက်အောင်ဟာ ဒီကနေ့ကစပြီး တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။
2016-04-01
အခုလာမယ့် မဟာသြင်္ကန်ပွဲတော်အပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က လတ်တလော ဆောင်ရွက်မယ့် အချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဏာရေး၊ စီမံကိန်းနဲ့ စီးပါွးရေးကော်မတီ ဥက္ကဌ ဒေါ်စန္ဒာမင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်း ထားပါတယ်။
2016-04-01
မြန်မာနိုင်ငံမှာ NLD အစိုးရတက်လာတဲ့အတွက် ဝမ်းမြောက်ကြိုဆိုသလို၊ အစိုးရအနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ တစ်နိုင်ငံလုံးအပစ်အခပ်ရပ်စဲရေး ကြေညာခြင်းနဲ့ ထောက်ခံဆန္ဒမဲ ပေးခဲ့ကြတဲ့ပြည်သူတွေကို ဂုဏ်ပြုခြင်း စတာတွေကို ရက်ပေါင်းတစ်ရာအတွင်း ဆောင်ရွက်သင့်တယ်လို့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်က ပြောပါတယ်။
2016-04-01
ရန်ကုန်မြို့မှာ သြင်္ကန်ရက်တွေအတွင်း စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်တာကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ စည်ပင်သာယာရေးကော်မတီက ပိတ်ပင်လိုက်ပါတယ်။
2016-04-01
အမျိုးသားလွှတ်တော်မှာ ''နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေ''ကို ဆွေးနွေးခဲ့ရာ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက အဲဒီဥပဒေ ကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေ တယ်ဆိုပြီး အကျယ်တဝင့် ဆွေးနွေးခဲ့ကြပေမယ့် အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြု လိုက်ပါတယ်။
2016-04-01
အမေရိကန်အစိုးရအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလုပ်ငန်းစဉ်တွေမှာ အဓိက ဦးဆောင်မှု အခန်းက ပါဝင်နိုင်ရေးအတွက် ပိတ်ဆို့မှုတွေ ကို လျှော့ချသင့်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ဟောင်း တစ်ဦးက ပြောကြားလိုက်ပါတယ်။
2016-04-01
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လမ်း၊ တံတား အသုံးပြုခကောက်ခံဂိတ် (၁၆၁) ဂိတ်ကို ဧပြီလ (၁) ရက်နေ့ ဒီနေ့ကစ ပြီး ကောက်ခံတာကို ပယ်ဖျက်လိုက်ကြောင်း အစိုးရဆောက် လုပ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
2016-04-01
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင် ငံတော် သမ္မတ၊ ဒုသမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးတွေဟာ ပါတီစည်းရုံးရေးလုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်ခွင့်မရှိပေမယ့် ပါတီရဲ့ရာထူးတာဝန် ကနေ နှုတ်ထွက်စရာ မလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ကြေညာချက်ထုတ်ပြန်ပါတယ်။
2016-04-01
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင် ခံပုဂ္ဂိုလ် အဖြစ် ခန့်အပ်မယ့် ဥပဒေကြမ်းကို အမျိုး သားလွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-04-01
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖိနပ်နဲ့နင်းထားတဲ့ပုံကို အင်တာနက်ဖေ့ဘွတ်မှာ ဖြန့်တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ နဲ့ ထောင်ဒဏ် ၆ လ ကျခံရတဲ့ ဦးပက်ထရစ်ခွန်ဂျာလီဟာ ဒီနေ့မှာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာပါတယ်။