သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-25
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းအစိုးရအဖွဲ့ဟာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂ဝဝ ကျော်က ကိုယ်စားလှယ်တွေနဲ့ မေလ ၂၅ရက်နေ့က တွေ့ဆုံပြီး၊ မန္တလေးတိုင်းအတွင်း လူမှုရေးအဖွဲ့အစည်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2016-05-25
မန္တလေးတိုင်း မိုးကုတ်မြို့လည်က မိုးကုတ်အင်း ကို ပြုပြင်ထိန်းသိမ်းဖို့ ပြီးခဲ့တဲ့သမ္မတဦးသိန်း စိန် အစိုးရလက်ထက်က ငွေကျပ်သန်း ၂ထောင်နီးပါး အကုန်အကျခံပြီး ပြုပြင်ဖို့ချပေးခဲ့ပေမယ့် လုပ်ငန်း မပြီးတဲ့အတွက် မိုးကုတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံကျော်က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2016-05-25
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျုးကျော်နေထိုင်သူတွေ ပြဿနာကို အစိုးရအနေနဲ့ ဖြေရှင်းသွားမှာဖြစ်ပြီး ဒီနေ့ မေလ ၂၅ ရက်နောက်ပိုင်း နောက်ထပ်တိုးလာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2016-05-25
KNU ကရင်အမျိုးသားအစည်းအရုံးက မြေယာမူဝါဒကို ဒီကနေ့ ထုတ်ပြန်လိုက်ပြီး အဲ့ဒီမူမှာ ပြည်သူတွေကသာ မြေယာပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီး အခြေခံရေးဆွဲထားတာဖြစ်ပါတယ်။
2016-05-25
ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့အတူ တိုက်ပွဲတွေရပ်ဆိုင်းဖို့နဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီနိုင်ရေးအတွက် လွှတ်တော်တွင်းကြိုးပမ်းနေတဲ့ အခြေအတွေနဲ့ ပတ်သက်လို့ ကွန်ဟိန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နန်းဝါနု ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-05-25
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်စွမ်း အလွန်နိမ့်ကျနေတဲ့ အခြေအနေကို ပြောင်းလဲနိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းတွေ အဓိကကျတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
2016-05-25
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဝက်တိုး ရွာနားက အစိုးရစီမံကိန်းမှာပါတဲ့ မြေဧက ၄ထောင်နီးပါးထဲက ဧက၂၅၀၀ ကို တောင် သူတွေထံ ပေးအပ်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-05-25
အရင်အစိုးရလက်ထက်က သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲက ကျပ်သန်းပေါင်း နှစ်ထောင်နီးပါး အကုန်အကျခံပြီး လုပ်ကိုင် ခဲ့တဲ့ မိုးကုတ်မြို့လယ်က အင်းကြီး ပြုပြင်ထိန်းသိမ်းမှု မပြီး စီးသေးတာကြောင့် အစိုးရက ဘယ်လိုဆောင်ရွက်ထား သလဲဆိုပြီး မိုးကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော် က ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2016-05-25
မန္တလေးတိုင်းအတွင်း လူမှုရေး အသင်းအဖွဲ့တွေက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံ နှစ်စဉ် ငွေကျပ် ၃ သောင်းစီ ပေးဆောင်နေရတာကို ဖြေလျှော့ပေးဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ထံ လူမှုရေးအဖွဲ့တွေက ဒီကနေ့ တင်ပြတောင်းဆိုခဲ့ပါတယ်။
2016-05-25
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က ကုန်တင်ကုန်ချလုပ်သားတွေ၊ သစ်စက် လုပ်သားတွေနဲ့ အနှေးယာဉ်လုပ်သား စုစုပေါင်း ၃၀၀ နီးပါးက အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2016-05-25
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်းတွေကြောင့် မြေယာဆုံးရှုံးသူတွေကို လျော်ကြေးပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးရဲ့ အမှုတွေကို ဆားလင်းကြီးမြို့နယ် တရားရုံးက ရုပ်သိမ်းလိုက်ပါတယ်။
2016-05-25
ဒီလဆန်းပိုင်းက ဖါးကန့်မြို့နယ် က ကျောက်စိမ်းကုမ္ပဏီတွေနား မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ ကုမ္ပဏီတွေကို မီးရှို့ဖျက်ဆီးရာမှာ ပါဝင်ပတ်သက်နေသူ ၃ ဦးကို တပ်မတော်က ဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့မရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ မြဝတီသတင်းစာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2016-05-25
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ဝှေခါ-မှော်သစ်ကုန်းကျေးရွာက ရတနာကြယ် ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ထဲ မှာ ကျောက်ကမ်းပါးပြိုကျမှုကြောင့် ပျောက် ဆုံးနေသူ ၇၀ ကျော် ရှိကြောင်း ဆိပ်မူကျေးရွာ အန်အယ်လ်ဒီ ပါတီ က ပြောပါတယ်။
2016-05-25
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဒီကနေ့ မေလ ၂၅ ရက်နေ့ ကစတင်ပြီး နောက်ထပ် ကျူးကျော်တွေရှိ လာရင် တည်ဆဲ ဥပဒေအရ အရေးယူသွားမှာ ဖြစ် သလို စီးပွားရေးလုပ်ပြီး မြေနေရာဦးထားသူတွေကို လည်း ဥပဒေအရ အရေးယူသွား မယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2016-05-25
ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် ကလေးတွေ ဒီပညာသင်နှစ်မှာ ကျောင်းတက် နိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆို တစ်ရပ် တင်သွင်းဖို့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းမိုးက တင်ပြခဲ့ပေမယ့် မေးခွန်းအဖြစ်သာ ခွင့်ပြုကြောင်း လွှတ်တော်ရုံး က ဒေါ်နန်းမိုးထံ အကြောင်းပြန် ခဲ့ပါတယ်။