သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-24
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အမှိုက်သိမ်းစနစ် ပိုမိုကောင်းမွန်ရေးနဲ့ လာမယ့်မိုးရာသီမှာ အမှိုက်တွေပိတ်ဆို့ပြီး ရေကြီးရေလျှံမှုတွေ မဖြစ်အောင် အမြန်ဆုံးဖြေရှင်းပေးဖို့ အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဆွေးနွေးအတည်ပြုလိုက်ပါတယ်။
2016-05-24
အစိုးရက သတ်မှတ်လိုက်တဲ့ အခမဲ့ပညာရေးစနစ်အတိုင်း အပြည့်အဝ ခံစားရရှိနိုင်အောင် စီစဉ်ထားမှု အခြေအနေနဲ့ ကျောင်းအပ်ချိန်မှာ ငွေပေးငွေယူကိစ္စတွေရှိနေတာနဲ့ ပတ်သက်ပြီး မေလ (၂၄) ရက်နေ့ ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-05-24
ချင်းလူ့အခွင့်အရေးအဖွဲ့က မသင်းယုမွန်ဟာ အမေရိကန်သမ္မတဟောင်း George W. Bush တည်ထောင်တဲ့ Bush Institute ရဲ့အစီအစဉ်အရ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
2016-05-24
ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေတဲ့ World Vision အဖွဲ့က ဆက်ဆံရေးတာဝန်ခံ ဝါးအယ်ထူးဟာ အမေရိကန်သမ္မတဟောင်း George W. Bush တည်ထောင်တဲ့ Bush Institute ရဲ့ ခေါင်းဆောင်မှုသင်တန်းဆင်းပွဲ တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
2016-05-24
မန္တလေးတိုင်း အမရပူရမြို့နယ်က တောင်လေးလုံး ဆရာတော် ဘဒ္ဒန ္တပညာဇောတ ခေါ် အမျိုးသား စာပေဆုရှင် ကိုပညာ (အမရပူရ) ရဲ့ ဈာပနအခမ်းအနားကို ကျောင်းဝင်း အတွင်းက သူဌေးဘုရား ရင်ပြင်မှာ ဒီနေ့မနက် ၉ နာရီ ကကျင်းပခဲ့ပြီး၊ ကျွင်းကျန်တဲ့ရုပ်ကလာပ်ကို နေ့လည် ၁၂ နာရီက ကျောင်းနဲ့ကပ်နေတဲ့ လင်းဇင်းကုန်းသုဿန်မှာ မီးပူဇော် သြင်္ဂိုလ်ကြပါတယ်။
2016-05-24
ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ယာဉ် လိုင်းပေါင်း ၃၀၀ လောက်ကို လျှော့ချသွားဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတွေ ကို ပြောထားပါတယ်။
2016-05-24
မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီရဲ့ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံထား ရတဲ့ လယ်သမားအရေး ကူညီဆောင် ရွက်ပေးသူ ဦးမျိုးဝင်းကို လွှတ်ပေးဖို့ တောင်သူ ၃၀ ကျော်က ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-05-24
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်အတွင်း ဝင်ထွက်သွားလာသူတွေ ကို ရဲတပ်ဖွဲ့က စောင့်ကြည့်သွား မယ်လို့ စစ်တွေမြို့ အမှတ် (၁၂) လုံခြုံရေး တပ်ဖွဲ့ခွဲမှူး၊ ဒုရဲမှူးစိုးမြင့်အောင် က ဒီနေ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။
2016-05-24
ရန်ကုန်တိုင်းမြို့နယ်တွေမှာ အမှိုက်သိမ်း စနစ် ပိုကောင်းဖို့နဲ့ ရေကြီးရေလျှံမှုတွေ ကို ဖြေရှင်းနိုင်ဖို့ ဒီနှစ် မိုးရာသီ မတိုင် ခင် ဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2016-05-24
ပြီးခဲ့တဲ့အစိုးရလက်ထက်က တာဝန်ထမ်းဆောင် ခဲ့တဲ့ ဝန်ကြီး၊ ဒုဝန်ကြီးဟောင်းတွေအနေနဲ့ အငြိမ်း စား ဖြစ်သွားပေမယ့် နိုင်ငံ့ကောင်းကျိုးကို ဆက်လက် သယ်ပိုးဆောင်ရွက်ဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။
2016-05-24
ရှမ်းပြည်နယ် လားရှိုးမြို့မှာ ထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်ဟာ ကြေးရုပ်သွန်းလုပ်တဲ့ မန္တလေးမြို့ကနေ လားရှိုးမြို့ကို ရောက်ရှိနေ ပြီဖြစ်ပေမယ့် ကြေးရုပ်တည်ဖို့နေရာ ခွင့်ပြုချက် မရသေးတဲ့ အတွက် အခက်အခဲဖြစ်နေပါတယ်။
2016-05-24
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းတိုက်နယ်က ကွင်းခလောင်ကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ည က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
2016-05-24
တနင်္သာရီတိုင်း ထားယ်မြို့အခြေစိုက် တနင်္သာရီတိုင်း အပတ်စဉ်ဂျာနယ် မှာ ပါရှိတဲ့ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးဟာ သတ္တုတူးဖေါ်တဲ့ Delco ကုမ္ပဏီ ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဆောင်းပါးရှင် ကိုအောင်လွင်ကို ကုမ္ပဏီက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ရေဖြူမြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။
2016-05-24
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ ကို ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် တရား ရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပေမယ့် ချုပ် ရက်ခံစားခွင့်နဲ့ ဒီနေ့ လွတ်မြောက်ခဲ့ပါတယ်။
2016-05-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ လမ်းလျှောက်ဆန္ဒပြတဲ့ ကိုနေလင်းစိုးနဲ့ ကိုကျော်ဇင် တို့ဟာ စစ်ကိုင်းမြို့မှာ တရားမဝင် စီတန်းလှည့် လည်မှု ပုဒ်မ ၁၈နဲ့ မနေ့က အမှုဖွင့်ခံရပြီး အာမခံနဲ့ လွတ်လာပြီးနောက် မုံရွာမြို့မှာ ဒေသခံတွေနဲ့အတူ ဒီနေ့ ထပ်မံဆန္ဒပြတဲ့အတွက် မုံရွာမြို့မရဲစခန်းက ပုဒ်မ ၁၈ နဲ့ ထပ်ပြီး အမှုဖွင့်လိုက်ပါတယ်။